မိတ်ကပ်အပြင်အဆင်နဲ့ လှလွန်းတဲ့ မိခင်ကို မမှတ်မိလို့ ငိုပြီး အမေ့ကို လိုက်ရှာနေတဲ့ ကလေး

မကြာသေးမီက ဗီယက်နမ်လူမှုကွန်ရက်မှာ မင်္ဂလာဆောင်တဲ့ ဗီဒီယိုဖိုင်တစ်ခု ပျံ့နှံ့သွားခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ အသက် ၂ နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ သူ့အဖေရဲ့ ရင်ခွင်ထဲမှာ ရှိနေပါတယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့ပါတယ်။ ကလေးက သူ့အမေကို လိုက်ရှာပြီး အမေ့ကို မမှတ်မိတဲ့အတွက် သားဖြစ်သူက ငိုနေခဲ့ပါတယ်။

ကလေးနှစ်ယောက်မွေးပြီးနောက် မင်္ဂလာဆောင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ မိခင်ဖြစ်သူက ဖွင့်ဟခဲ့ပါတယ်။ သူမက မိတ်ကပ် နဲ့ ဆံပင်တွေပြုပြင်ခဲ့တာကြောင့် သားက သူ့ကို မမှတ်မိတဲ့အတွက် အနားကပ်ဖို့ကြိုးစားတဲ့အခါ သားဖြစ်သူက ငိုပြီး ထွက်သွားခိုင်းနေပါတယ်။ ဗီဒီယိုဖိုင်ကို လွှင့်တင်ပြီးနောက် အင်တာနက်အသုံးပြုသူများထံမှ အလွန်ချစ်ခင်တဲ့အသံဖြင့် ရယ်မောကာ မိခင်ကို စာနာပေးခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories