မိဘများအတွက်၊ သားသမီးများက အမြဲတမ်း အကောင်းဆုံးအရာများဖြစ်ပြီး သားသမီးတွေရဲ့ ပညာရေးကောင်းမွန်စေရန်အတွက် အရာရာကို စတေးလိုစိတ်ရှိကြသူတွေပါ။ သမီးဖြစ်သူကို ကျောင်းဆရာမဖြစ်အောင် ထောက်ပံ့ခဲ့တဲ့ ပန်းရံသမား ဖခင်တစ်ယောက်ဟာဆိုရင် လူတိုင်းက လေးစားနေကြပါတယ်။ အေးတဲ့ မြောက်ဘက် ရာသီဥတုမှာ အဖေက သူ့အင်္ကျီပါးပါးလေးကိုပဲ ဝတ်ထားပါတယ်။ ရုတ်တရက် သူ့သမီးက နို့လက်ဖက်ရည်တစ်ခွက် လာပေးတဲ့အခါ ဖခင်က ပြုံးပြီး သူ့အတွက်ပေးထားတဲ့ နို့လက်ဖက်ရည်ခွက်ကို လက်ခံခဲ့ပါတယ်။
သူတို့သားအဖက တူညီတဲ့ အမျိုးအနွယ်မဟုတ်ကြောင်း သမီးဖြစ်သူက ဆိုပါတယ်။ သူမ အသက် ၃ နှစ်အရွယ်မှာ အဆိုပါဖခင်က သူမကို မွေးစားခဲ့တာဖြစ်ပြီး ဆရာမဖြစ်အောင် ထောက်ပံ့ခဲ့တာပါ။ သူမဟာ ထိုဖခင်ရဲ့ သမီးအရင်းမဟုတ်ပေမဲ့ ဖခင်ရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝခံစားရပါတယ်။ ဒီကလစ်ကို တင်ပြီးနောက်မှာတော့ စာဖတ်သူတော်တော်များများက သူတို့ရဲ့ဖခင်နဲ့ အမှတ်တရရှိတဲ့အရာတွေကို မှတ်ချက်မှာ ချန်ထားခဲ့ကြပါတယ်။
JRose(Tgidailynews)
Zawgyi
သမီးအရင်းမဟုတ်တဲ့ မွေးစားသမီးကို ကျောင်းဆရာမတစ်ယောက်ဖြစ်အောင် ပန်းရံသမားလုပ်ရင်း ကျွေးမွေးထောက်ပံ့ခဲ့တဲ့ ဖခင်
JRose(Tgidailynews)