အန္တရာယ်ရှိပြီး မက်စောက်တဲ့ တောင်များကို ကျော်တက်ပြီးမှ ကျောင်းသွားခဲ့ရတဲ့ စိတ်မကောင်းစရာ ကျောင်းသားများ

ဗီယက်နမ်န်ုင်ငံ Ha Quang ခရိုင်၊ Lung Khin ကျောင်းဟာဆိုရင် အလွန်ခက်ခဲတဲ့ နေရာဖြစ်ပြီး ဆရာမများက ကုန်းပေါ်တက်ရန် နာရီပေါင်းများစွာ လမ်းလျှောက် တက်ရပြီး ညဘက်မှာ ဆရာမများက ကင်းဗတ်အောက်မှာ အိပ်ကြရပါတယ်။ ကလေးငယ်များအတွက် အန္တရာယ်များပြီး အန္တရာယ်ရှိတဲ့ ချောက်ကမ်းပါးများကို ကျော်တက်ရမှာ ဖြစ်ပါတယ်။ အခက်ခဲဆုံးမှာ အလွန်အန္တရာယ်များသောလမ်းဖြစ်ပြီး ကားနဲ့ဆိုင်ကယ်များအတွက် လမ်းများမရှိသဖြင့် အများစုမှာ မတ်စောက်သောတောင်တွေသာဖြစ်ပါတယ်။

၃ လအကြာမှာ ရပ်ရွာများက Lung Khinh ရဲ့ ဆရာများနဲ့ ကျောင်းသားများ ပိုမိုကျယ်ဝန်းပြီး သက်တောင့်သက်သာရှိတဲ့ ရရှိရန် ကျောင်းသွားရန်အတွက် သံလှေကားအသစ်များ၊ အိမ်သာများ၊ ရုပ်မြင်သံကြားများ၊ ကွန်ပျူတာများနဲ့ ကစားကွင်းအသစ်များ ပြုလုပ်ပေးပါတယ်။ ယနေ့ကဲ့သို့ ရလဒ်များရရှိရန် အစိုးရ၊ ဆရာ၊ ဆရာမများနဲ့ ကျောင်းသားကျောင်းသူများ၊ တစ်ဦးချင်းနဲ့ ပံ့ပိုးကူညီသူများစုပေါင်း၏ ကြီးမားသော ကြိုးပမ်းမှုဖြစ်ပါတယ်။ Lung Khin သာမက နိုင်ငံတဝှမ်းမှာလည်း ဝေးလံပြီး အလွန်ခက်ခဲတဲ့ ဒေသများမှာ ကျောင်းများစွာရှိသော်လည်း ဆရာများရဲ့ စိတ်အားထက်သန်မှုနဲ့ ကျောင်းသားများရဲ့ ကျောင်းတက်လိုတဲ့ ဆန္ဒကို တွေ့မြင်နိုင်ပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories