ဆေးလိပ်ငွေ့တွေကို ရှုရှိုက်မိခြင်းကြောင့် စတုတ္ထအဆင့် အဆုတ်ကင်ဆာရောဂါခံစားနေရတဲ့ အသက် ၂၄ နှစ်အရွယ် သူနာပြုတစ်ဦး

အသက် ၂၄ နှစ်အရွယ် သူနာပြုတစ်ဦးဟာ အဆုတ်ကင်ဆာရောဂါဖြင့် ဖျားနာခဲ့ပြီး ဆေးလိပ်သောက်သူနဲ့ နီးစပ်နေခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ တခါတရံ ဆေးလိပ်ငွေ့ကြောင့် အဆုတ်ကင်ဆာဖြစ်မယ်ဆိုတာသိဖူးပေမဲ့ သူက ဖြစ်လာမယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် မထင်ထားမိဘူးလို့ဆိုပါတယ်။ နှစ်ကုန်ပိုင်းလောက်မှာ ရောဂါလက္ခဏာတွေစပြီးပြလာပါတယ်။ ဒါကြောင့် သူနာပြုဆရာက နား၊ နှာခေါင်း လည်ချောင်းဌာနက ဆရာဝန်ဆီ သွားပြပြီး ချောင်းဆိုးပျောက်ဆေး မျိုးစုံသောက်ပေမဲ့ ကောင်းလာတာမျိုး မတွေ့ရပါဘူး။

ထို့နောက် ချိန်းထားတဲ့အတိုင်း ဓာတ်မှန်ရိုက်ကြည့်ရာ နားစည်းချောင်းဆိုးရောဂါဖြစ်တာလောက်ဘဲ ရှိပါတယ်။ ၃လလောက်မှာ ချောင်းဆိုးတာ မရပ်တဲ့အပြင် ကိုယ်အလေးချိန် ၂ ကီလိုဂရမ် ကျဆင်းသွားပါတယ်။ ထို့ကြောင့် ဆေးစစ်ရန် ရက်ချိန်းယူပြီး ဓာတ်မှန်ရိုက်ခြင်း ရလဒ်က ပုံမှန်ဖြစ်သော်လည်း ဆက်တိုက် ချောင်းဆိုးခြင်းကြောင့် ဆရာဝန်က အဆုတ်အထူးကုထံ ခေါ်ဆောင်သွားခဲ့ပါတယ်။ အဆုတ်ဆရာဝန် စစ်ဆေးကြည့်လိုက်တဲ့ ရလဒ်အနေဖြင့် ၎င်းဟာ အဆုတ်၊ အသည်း၊ lymph node များနဲ့ အရိုးများရဲ့ ပျံ့နှံ့မှုကင်ဆာဖြစ်ပါတယ်။

“တစ်လနီးပါးကြာပြီးနောက် ထိုအချိန်မှာ အဆုတ်တစ်ခုသာကျန်ရှိပြီး အရမ်းနာကျင်တယ်။ ယခု ကျွန်တော်က ဓာတ်ရောင်ခြည် ၁၀ ကြိမ်အတွက် ကုသမှုခံယူပြီး ဆေးဝါးများကို သောက်သုံးနေပါတယ်” လို့ သူနာပြုက ဆိုပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်တက်တဲ့သူတိုင်း ကျေးဇူးပြုပြီး သင့်ပတ်ဝန်းကျင်ကိုကြည့်ပြီး လူရှင်းသူရှင်းတဲ့ နေရာမှာ သောက်သင့်တယ်လို့ ထင်မိပါတယ်။ အဲ့လိုသာဆိုရင် ကိုယ့်ကြောင့် တခြားသူတွေ မထိခိုက်ရဘူး။

JRose(Tgidailynews)

Zawgyi





JRose(Tgidailynews)

  • Leave a Comment

Categories