ဇာတိမြေကို ပြန်ရောက်တဲ့အခါ မိဘတွေက ဇနီးနဲ့ ၈ နှစ်သမီးရှိတဲ့ အမျိုးသားကို လက်ထပ်ရန် စီစဉ်ပေးထားတဲ့အဖြစ်ကို ကြုံရတဲ့ အသက် ၂၁ နှစ်အရွယ်မိန်းကလေး

မကြာသေးမီက ကောင်မလေးဟာ ဒီနှစ်မှာ အသက် ၂၁ နှစ်ပဲရှိသေးတာမို့ အရမ်းငယ်ပါသေးတယ်။ ဒါပေမယ့် သူမရဲ့ ဇာတိမြို့ကို ပြန်ရောက်တိုင်း မိဘတွေသာမက ဆွေမျိုးတွေကပါ အမြန်လက်ထပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒီတစ်ခါတော့ မိဘတွေက ကောင်မလေးကို ယောကျာ်းယူဖို့ စီစဉ်ပေးထားပါတယ်။ သူတို့စီစဉ်ပေးတဲ့ ယောကျာ်းက မိန်းကလေးထက် ၁၀ နှစ်ပိုကြီးရုံသာမက ဇနီးနဲ့ ၈ နှစ်အရွယ် ကလေးတစ်ယောက်လည်း ရှိပါသေးတယ်။ မိန်းကလေးက ဒီအခြေအနေမှာ ရှိနေတာကို မြင်ရတော့ ကောင်မလေးက ငိုပြီးတော့သာ ပြောနိုင်ပါတယ်။ မိန်းကလေးက ငြင်းဆိုနေပေမဲ့ အဆိုပါအမျိုးသားရဲ့ အခြေအနေမှာ အိမ်နဲ့ကားရှိတာကြောင့် သူမရဲ့မိဘတွေက ဒီအမျိုးသားကို သဘောကျကြပါတယ်။

မိန်းကလေးက သူမရဲ့အဖြစ်ကို ပို့စ်တင်ပြီးနောက် လူမှုကွန်ရက်မှာ လျင်မြန်စွာ အငြင်းပွါးပြီး မိန်းကလေးက အသက် ၂၁ နှစ်သာရှိသေးပြီး ငယ်ရွယ်နုပျိုကာ အနာဂတ်အတွက် အလားအလာရှိသေးတယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် မိန်းကလေးရဲ့ အသွင်အပြင်က အရမ်းချစ်စရာကောင်းပြီး နောက်ပိုင်းမှာ ပိုကောင်းတဲ့ ရွေးချယ်မှုတွေ အများကြီး ရလာနိုင်သေးတယ်လို့ မှတ်ချက်ပေးကြပါတယ်။ မိဘများက သားသမီးများရဲ့ တစ်သက်တာပျော်ရွှင်မှုအတွက် သူတို့ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်ပေးသင့်တယ်လို့ လူအများက ဆိုပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories