ငယ်ငယ်ရွယ်ရွယ်နဲ့ အပြင်ထွက်ပြီး အသက်မွေးဝမ်းကျောင်းပြုနေရပြီဖြစ်တဲ့ သနားစရာ ကောင်လေး နှစ်ယောက်ရဲ့ဘဝ

ဆင်းရဲတဲ့အခြေအနေမှာ မွေးဖွားလာတဲ့ ကလေးများစွာရှိတာကြောင့် ငယ်စဉ်ကတည်းက အခက်အခဲများစွာကို ခံစားခဲ့ရပါတယ်။ သူတို့လေးတွေက အသက်နည်းနည်းကြီးလာတာနဲ့ အပြင်ထွက်ပြီး အသက်မွေးဝမ်းကျောင်းပြုရုံမက မိသားစုကို ထောက်ပံ့ဖို့လည်း လိုပါတယ်။ လတ်တလောမှာတော့ လူမှုကွန်ယက်မှာ အိမ်နံရံဆေးဆိုးနေတဲ့ ကောင်လေးနှစ်ယောက်ရဲ့ နေ့လယ်စာစားနေတဲ့ ပုံရိပ်လေးတွေကိုတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘဝရဲ့အခက်အခဲကို နားလည်သဘောပေါက်လွန်းတဲ့ ကောင်လေးတွေဖြစ်ပါတယ်။

ဘဝက ခက်ခဲတာကြောင့် မိဘများက သားသမီးများကို ကျောင်းပို့ရန် ပိုက်ဆံအလုံအလောက်မရှိသဖြင့် နှစ်ယောက်စလုံးက ကျောင်းမသွားရဘဲ အလုပ်များလုပ်နေရပါပြီ။ သူတို့လေးက ညဥ့်နက်တဲ့အထိ အလုပ်လုပ်တာကြောင့် ခရီးဆောင် ဂက်စ်မီးဖိုပါ ဆောင်ထားပါတယ်။ သူတို့ရဲ့နေ့လည်စာက အရမ်းရိုးရှင်းပါတယ်၊ ကြက်ဥနဲ့ ဟင်းသီးဟင်းရွက်ပြုတ်အချို့ပဲ စားခဲ့ပေမယ့် နှစ်ယောက်စလုံး စားလို့ကောင်းနေပုံရပါတယ်။ ထမင်းစားပြီးတာနဲ့ တစ်ရေးတစ်မော မအိပ်ဘဲ အမြန်ရှင်းပြီး အလုပ်ဆက်လုပ်ကြတာဖြစ်ပါတယ်။ တချို့ဘဝက မစခင်လေးမှာဘဲ အခက်ခဲတွေနဲ့ ကြုံနေရပါပြီ။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories