သူမရဲ့အသက်ထက် ကြီးတဲ့ ခင်ပွန်းကို ယူထားလို့ အိမ်မှုကိစ္စတွေ မလုပ်ရဘဲ မိဖုရားတစ်ပါးလို့ ဆက်ဆံခံရတဲ့ အားကျစရာ မိန်းကလေးရဲ့ဘဝ

မကြာသေးခင်ကမှ မော်ဒယ်ဟောင်း Phan Nhu Thao က သူမအတွက် လိမ္မော်ရည်ချက်ဖို့ မီးဖိုချောင်မှာ အဆင်သင့်ဖြစ်နေသေးတဲ့ ခင်ပွန်းဖြစ်သူကို ပြသထားတဲ့ ဗီဒီယိုဖိုင်ကို မကြာသေးမီက တင်ထားခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ ခင်ပွန်းဟာဆိုရင် သူမထက် အသက်ပိုကြီးရင့်ပြီး စီးပွါးရေးသမားတစ်ယောက်ပါ။ Phan Nhu Thao ရဲ့ ခင်ပွန်းဟာ ချမ်းသာတဲ့အပြင် သူမနဲ့ သူ့သမီး ရဲ့ စားသောက်မှု အားလုံးကို ခင်ပွန်းကဘဲ ပြုစုကျွေးမွေးထားပါတယ်။

ရိုးရှင်းတဲ့ ဟင်းလျာများသာမက Phan Nhu Thao ရဲ့ ခင်ပွန်း ချက်ပြုတ်တဲ့ မီနူးတွေဆိုရင် စားသောက်ဆိုင်ထက် မနိမ့်တဲ့အရသာရှိပုံပေါ်ပါတယ်။ ခင်ပွန်းဖြစ်သူက သူမကိုအရမ်းချစ်တဲ့အကြောင်းပြောတဲ့အခါ Phan Nhu Thao က “အိမ်မှာ ကျွန်မဘာမှလုပ်စရာမရှိဘူး၊ ထိုင်ပြီးရင် ယောက်ျားက စားပွဲပေါ် ထမင်းနဲ့ရေ ယူလာပေးတယ်။ ကိုယ်ဝန်ရှိတုန်းကဆို ကျွန်မကို မိဖုရားလို ဆက်ဆံခံရတယ်”လို့ ပြောပါတယ်။

Phan Nhu Thao ဟာ အိမ်ထောင်ကျတဲ့နေ့မှစပြီး ယခုအချိန်အထိ သူမကို “ရတနာ” တစ်ခုလို ခင်ပွန်းသည်က အမြဲချစ်ခင်၊ ဂရုစိုက်၊ စောင့်ရှောက်ခဲ့ပါတယ်။ Phan Nhu Thao က အသက် ၂၆ နှစ်အရွယ် စီးပွားရေးသမား ခင်ပွန်းနဲ့ လက်ထပ်ထားတာကြောင့် မိဖုရားထက် မနည်းတဲ့ ဘဝကို ပျော်ရွှင်စွာနေထိုက်ရတယ်လို့ ဆိုနိုင်ပါတယ်။ သူမရဲ့ ဘဝအကြောင်းကို မျှဝေပြီးနောက် မိန်းကလေးတွေက သူမရဲ့ဘဝကို အားကျမဆုံးဖြစ်ရပါတယ်။

JRose(Tgidailynews)

Zawgyi





JRose(Tgidailynews)

  • Leave a Comment

Categories