မိဘတွေမရှိတော့တာကြောင့် အဖွားရဲ့ ဟင်းသီးဟင်းရွက်ရောင်းရငွေနဲ့ ကြီးပြင်းလာခဲ့တဲ့ ဆင်းရဲနွမ်းပါးတဲ့ မိန်းကလေး

Tran Thi Hoang Yen အမည်ရှိ မိန်းကလေးဟာ ခက်ခဲမှုတွေနဲ့ ကြီးပြင်းလာတဲ့သူပါ။ ပြင်းထန်သောဖျားနာမှုတစ်ခုကြောင့် Yen ရဲ့မိခင်က ဆုံးပါးသွားခဲ့ပါတယ်။ ထိုအချိန်မှာ မိန်းကလေးက ဆုံးရှုံးခြင်းကို နားလည်ဖို့ ငယ်ရွယ်သေးပြီး သူမဟာ အိပ်ပျော်နေတယ်လို့သာထင်ခဲ့ပါတယ်။ ခက်ခဲတဲ့ မိသားစုကြောင့် အပိုဝင်ငွေရှာရန် Yen ရဲ့ ဖခင်က အိမ်နဲ့ဝေးရာမှာ အလုပ်သွားရှာခဲ့ပါတယ်။ ထိုအချိန်မှစပြီး Yen နဲ့ သူမရဲ့ညီမတို့က အသက် ၈၀ အဖွားနဲ့အတူ နေထိုင်ခဲ့ကြပါတယ်။ အသက်ကြီးပြီမို့ ဟင်းသီး ဟင်းရွက် အနည်းငယ်သာ စိုက်ရပြီး၊ ဈေးသို့ ယူလာကာ ကံမကောင်းတဲ့ မြေး နှစ်ယောက်ကို ပြုစုစောင့်ရှောက်ရန် ငွေအနည်းငယ် ပိုရှာရပါတယ်။

သူတို့သုံးယောက်နေထိုင်တဲ့အိမ်က ဟောင်းနွမ်းနေပြီး မိုးရာသီရောက်ရင် ရေတွေကျလာပါတယ်။ Yen ရဲ့ အခြေအနေကို ကြည့်လိုက်တော့ သူငယ်ချင်းတွေနဲ့ သူ့ပတ်ဝန်းကျင်က လူတော်တော်များများက သူ့ကို “သနားစရာ ကလေး” လို့ ခေါ်ကြပါတယ်။ Yen နဲ့ သူ့ညီမက အရမ်းချစ်ကြပြီး မိဘတွေက အဝေးတစ်နေရာမှာ အေးအေးဆေးဆေး အနားယူနိုင်မယ်လို့ မျှော်လင့်တဲ့အတွက် စာကျက်ဖို့ အများကြီး ကြိုးစားခဲ့ရပါတယ်။ ထို့ကြောင့် ၁၂ နှစ်ဆက်တိုက် ထူးချွန်ကျောင်းသားဘွဲ့ကို ဆွတ်ခူးနိုင်ခဲ့တာပါ။ မကြာသေးမီက National High School Exam မှာ Yen အရည်အချင်းစစ် အကဲဖြတ်ပြီး HCMC – အလွန်မြင့်မားတဲ့ ဝင်ခွင့်လိုအပ်ချက်များရှိသောကျောင်းမှာ ကျောင်းသားအသစ်ဖြစ်လာတဲ့အတွက် ဂုဏ်ပြုခံရပါတယ်။

ဝင်ခွင့်စာရွက်ကို သူမလက်ထဲမှာ ကိုင်ထားသော်လည်း မိန်းကလေးက သူ့ရဲ့အခြေအနေတွးကြည့်ပြီး အိမ်ထောင့်မှာ ထိုင်ကာ ငိုကြွေးနေလေခဲ့ပါတယ်။ ဘဝဆိုတာ အရောင်အသွေးစုံတာကြောင့် လူတိုင်းမှာ မတူညီတဲ့ အခြေအနေတွေရှိတယ်။ ကံကောင်းတဲ့လူများက ပြည့်စုံပြီး ပျော်ရွှင်တဲ့မိသားစုကို ပိုင်ဆိုင်ထားပေမဲ့ Yen လိုလူမျိုးကတော့ ငယ်စဉ်ကပင် မိဘမရှိလို့ ခက်ခဲတဲ့ အခြေအနေမျိုးတွေ ကြုံနေရပါပြီ ။

JRose(Tgidailynews)

Zawgyi

မိဘေတြမရွိေတာ့တာေၾကာင့္ အဖြားရဲ႕ ဟင္းသီးဟင္း႐ြက္ေရာင္းရေငြနဲ႔ ႀကီးျပင္းလာခဲ့တဲ့ ဆင္းရဲႏြမ္းပါးတဲ့ မိန္းကေလး

Tran Thi Hoang Yen အမည္ရွိ မိန္းကေလးဟာ ခက္ခဲမႈေတြနဲ႔ ႀကီးျပင္းလာတဲ့သူပါ။ ျပင္းထန္ေသာဖ်ားနာမႈတစ္ခုေၾကာင့္ Yen ရဲ႕မိခင္က ဆုံးပါးသြားခဲ့ပါတယ္။ ထိုအခ်ိန္မွာ မိန္းကေလးက ဆုံးရႈံးျခင္းကို နားလည္ဖို႔ ငယ္႐ြယ္ေသးၿပီး သူမဟာ အိပ္ေပ်ာ္ေနတယ္လို႔သာထင္ခဲ့ပါတယ္။ ခက္ခဲတဲ့ မိသားစုေၾကာင့္ အပိုဝင္ေငြရွာရန္ Yen ရဲ႕ ဖခင္က အိမ္နဲ႔ေဝးရာမွာ အလုပ္သြားရွာခဲ့ပါတယ္။ ထိုအခ်ိန္မွစၿပီး Yen နဲ႔ သူမရဲ႕ညီမတို႔က အသက္ ၈၀ အဖြားနဲ႔အတူ ေနထိုင္ခဲ့ၾကပါတယ္။ အသက္ႀကီးၿပီမို႔ ဟင္းသီး ဟင္း႐ြက္ အနည္းငယ္သာ စိုက္ရၿပီး၊ ေဈးသို႔ ယူလာကာ ကံမေကာင္းတဲ့ ေျမး ႏွစ္ေယာက္ကို ျပဳစုေစာင့္ေရွာက္ရန္ ေငြအနည္းငယ္ ပိုရွာရပါတယ္။

သူတို႔သုံးေယာက္ေနထိုင္တဲ့အိမ္က ေဟာင္းႏြမ္းေနၿပီး မိုးရာသီေရာက္ရင္ ေရေတြက်လာပါတယ္။ Yen ရဲ႕ အေျခအေနကို ၾကည့္လိုက္ေတာ့ သူငယ္ခ်င္းေတြနဲ႔ သူ႔ပတ္ဝန္းက်င္က လူေတာ္ေတာ္မ်ားမ်ားက သူ႔ကို “သနားစရာ ကေလး” လို႔ ေခၚၾကပါတယ္။ Yen နဲ႔ သူ႔ညီမက အရမ္းခ်စ္ၾကၿပီး မိဘေတြက အေဝးတစ္ေနရာမွာ ေအးေအးေဆးေဆး အနားယူႏိုင္မယ္လို႔ ေမွ်ာ္လင့္တဲ့အတြက္ စာက်က္ဖို႔ အမ်ားႀကီး ႀကိဳးစားခဲ့ရပါတယ္။ ထို႔ေၾကာင့္ ၁၂ ႏွစ္ဆက္တိုက္ ထူးခြၽန္ေက်ာင္းသားဘြဲ႕ကို ဆြတ္ခူးႏိုင္ခဲ့တာပါ။ မၾကာေသးမီက National High School Exam မွာ Yen အရည္အခ်င္းစစ္ အကဲျဖတ္ၿပီး HCMC – အလြန္ျမင့္မားတဲ့ ဝင္ခြင့္လိုအပ္ခ်က္မ်ားရွိေသာေက်ာင္းမွာ ေက်ာင္းသားအသစ္ျဖစ္လာတဲ့အတြက္ ဂုဏ္ျပဳခံရပါတယ္။

ဝင္ခြင့္စာ႐ြက္ကို သူမလက္ထဲမွာ ကိုင္ထားေသာ္လည္း မိန္းကေလးက သူ႔ရဲ႕အေျခအေနတြးၾကည့္ၿပီး အိမ္ေထာင့္မွာ ထိုင္ကာ ငိုေႂကြးေနေလခဲ့ပါတယ္။ ဘဝဆိုတာ အေရာင္အေသြးစုံတာေၾကာင့္ လူတိုင္းမွာ မတူညီတဲ့ အေျခအေနေတြရွိတယ္။ ကံေကာင္းတဲ့လူမ်ားက ျပည့္စုံၿပီး ေပ်ာ္႐ႊင္တဲ့မိသားစုကို ပိုင္ဆိုင္ထားေပမဲ့ Yen လိုလူမ်ိဳးကေတာ့ ငယ္စဥ္ကပင္ မိဘမရွိလို႔ ခက္ခဲတဲ့ အေျခအေနမ်ိဳးေတြ ႀကဳံေနရပါၿပီ ။

JRose(Tgidailynews)

  • Leave a Comment

Categories