ပွေ့ဖက်မှုလိုအပ်တဲ့ အထီးကျန်သူတွေအတွက် သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က ဖန်တီးပေးတဲ့ လူသားလို ပွေ့ဖက်မှုမျိုး ပေးစွမ်းနိုင်တဲ့ စက်ရုပ်(ရုပ်သံ)

ပွေ့ဖက်ခြင်းဟာ လူသားတွေကို စက်ရုပ်တွေက ကူညီပေးနိုင်တဲ့အရာတွေလို့ ပထမဆုံး စိတ်ကနေဘဲ တွေးတောမိတာဖြစ်နိုင်ပေမယ့် Max Planck Institute for Intelligent Systems မှ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က အမှန်တကယ်ဖြစ်လာအောင် ထုတ်လုပ်နိုင်ခဲ့ပါပြီ။ Alexis E. Block နဲ့ သူမရဲ့လုပ်ဖော်ကိုင်ဖက်များက HuggieBot ပရောဂျက်မှာ နှစ်အတော်ကြာ ပါဝင်ခဲ့ပြီး လူသားနဲ့တူတဲ့ ပွေ့ဖက်မှုကို ပေးစွမ်းနိုင်သောစက်ရုပ်တစ်ရုပ်ကို ဖန်တီးကာ အထီးကျန်နေသူကို နှစ်သိမ့်မှုပေးခြင်း၊ (သို့) တစ်ယောက်လိုအပ်တဲ့အခါ တကယ့်လူကို အစားထိုးနိုင်တဲ့ စက်ရုပ်ဘဲဖြစ်ပါတယ်။

၎င်းကို ‘HuggieChest’ လို့ခေါ်တဲ့ စိတ်ကြိုက်အာရုံခံစနစ်တစ်ခုပါရှိပြီး ပျော့ပျောင်းသောရင်ဘတ်ကိုတုပရန် polyvinyl chloride အခန်းနှစ်ခန်းပါ၀င်ပါတယ်။ ပွေ့ဖက်လိုက်တာနဲ့ ရင်ဘတ်အတွင်းရှိ ဘားရိုမက်ထရစ်ဖိအားအာရုံခံကိရိယာနဲ့ မိုက်ခရိုဖုန်းက လူတို့ထိပြီး လူတို့စိတ်ကို သိနိုင်ပါတယ်။ HuggieBot 3.0 က တကယ့်လူတစ်ဦးကို ပွေ့ဖက်ခြင်းမျိုး မဟုတ်သေးကြောင်း ထောက်ပြထားပေမယ့် ၎င်းတို့က ပိုမိုကောင်းမွန်တဲ့ ပွေ့ဖက်နေရာချထားခြင်းနဲ့ နည်းပညာများပါရှိတဲ့ စတုတ္ထဗားရှင်းမှာ လုပ်ဆောင်နေပြီဖြစ်ပါတယ်။

JRose(Tgidailynews)

Zawgyi

ေပြ႕ဖက္မႈလိုအပ္တဲ့ အထီးက်န္သူေတြအတြက္ သိပၸံပညာရွင္အဖြဲ႕တစ္ဖြဲ႕က ဖန္တီးေပးတဲ့ လူသားလို ေပြ႕ဖက္မႈမ်ိဳး ေပးစြမ္းႏိုင္တဲ့ စက္႐ုပ္(႐ုပ္သံ)

ေပြ႕ဖက္ျခင္းဟာ လူသားေတြကို စက္႐ုပ္ေတြက ကူညီေပးႏိုင္တဲ့အရာေတြလို႔ ပထမဆုံး စိတ္ကေနဘဲ ေတြးေတာမိတာျဖစ္ႏိုင္ေပမယ့္ Max Planck Institute for Intelligent Systems မွ သိပၸံပညာရွင္အဖြဲ႕တစ္ဖြဲ႕က အမွန္တကယ္ျဖစ္လာေအာင္ ထုတ္လုပ္ႏိုင္ခဲ့ပါၿပီ။ Alexis E. Block နဲ႔ သူမရဲ႕လုပ္ေဖာ္ကိုင္ဖက္မ်ားက HuggieBot ပေရာဂ်က္မွာ ႏွစ္အေတာ္ၾကာ ပါဝင္ခဲ့ၿပီး လူသားနဲ႔တူတဲ့ ေပြ႕ဖက္မႈကို ေပးစြမ္းႏိုင္ေသာစက္႐ုပ္တစ္႐ုပ္ကို ဖန္တီးကာ အထီးက်န္ေနသူကို ႏွစ္သိမ့္မႈေပးျခင္း၊ (သို႔) တစ္ေယာက္လိုအပ္တဲ့အခါ တကယ့္လူကို အစားထိုးႏိုင္တဲ့ စက္႐ုပ္ဘဲျဖစ္ပါတယ္။

၎ကို ‘HuggieChest’ လို႔ေခၚတဲ့ စိတ္ႀကိဳက္အာ႐ုံခံစနစ္တစ္ခုပါရွိၿပီး ေပ်ာ့ေပ်ာင္းေသာရင္ဘတ္ကိုတုပရန္ polyvinyl chloride အခန္းႏွစ္ခန္းပါ၀င္ပါတယ္။ ေပြ႕ဖက္လိုက္တာနဲ႔ ရင္ဘတ္အတြင္းရွိ ဘား႐ိုမက္ထရစ္ဖိအားအာ႐ုံခံကိရိယာနဲ႔ မိုက္ခ႐ိုဖုန္းက လူတို႔ထိၿပီး လူတို႔စိတ္ကို သိႏိုင္ပါတယ္။ HuggieBot 3.0 က တကယ့္လူတစ္ဦးကို ေပြ႕ဖက္ျခင္းမ်ိဳး မဟုတ္ေသးေၾကာင္း ေထာက္ျပထားေပမယ့္ ၎တို႔က ပိုမိုေကာင္းမြန္တဲ့ ေပြ႕ဖက္ေနရာခ်ထားျခင္းနဲ႔ နည္းပညာမ်ားပါရွိတဲ့ စတုတၳဗားရွင္းမွာ လုပ္ေဆာင္ေနၿပီျဖစ္ပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories