အားတဲ့အချိန်နည်းနည်းလေးနဲ့ သူငယ်ချင်းရဲ့မင်္ဂလာပွဲကို ယူနီဖောင်းနဲ့လာပြီး သတို့သားကို အပြေးအလွှားလက်ဖွဲ့ခဲ့ရတဲ့ မီးသတ်သမားကောင်လေးတစ်ဦး

မကြာသေးမီက လူမှုကွန်ရက်ပေါ်မှာ ယူနီဖောင်းအပြည့်ဝတ်ဆင်ထားတဲ့ မီးသတ်သမားတစ်ဦးဟာ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း မင်္ဂလာဆောင်ကို မီးသတ်ကားစီးလာတဲ့ မြင်ကွင်းကို ရိုက်ကူးထားဖြစ်ပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်ဟာ အင်တာနက်အသုံးပြုသူများရဲ့ ဆွေးနွေးမှုနဲ့ စိတ်ဝင်စားမှုကို လျင်မြန်စွာ ရရှိခဲ့ပါတယ်။ အများစုက အကြောင်းရင်းနောက်ကွယ်က အမှန်တရားကြောင့် စိတ်လှုပ်ရှားခဲ့ကြတာပါ။

ဒီကလစ်က တိုတောင်းပေမယ့် ကောင်လေးက သူ့အချစ်ဆုံးသူငယ်ချင်းအတွက် အချစ်ဆိုတာကို သက်သေပြဖို့ လုံလောက်ပါတယ်။ ထို့ကြောင့် အဆိုပါကောင်လေးက ယူနီဖောင်းဝတ်ထားပြီး မီးသတ်ကားကို စီးနင်းခဲ့တာပါ။ သူ့အချစ်ဆုံးသူငယ်ချင်းရဲ့ အရေးကြီးကျယ်သောနေ့မှာ သူမလာလို့ သူငယ်ချင်းကို ဝမ်းနည်းစေတာမျိုး မလိုချင်လို့ အားတဲ့ အချိန်ခဏလေးမှာ လာခဲ့တာပါ။

ဗီဒီယိုဖိုင်မှာ မီးသတ်သမားကောင်လေးက အပြေးအလွှားနဲ့ စာအိတ်ကို သူ့အချစ်ဆုံးသူငယ်ချင်းထံ ပေးရန် စက္ကန့်အနည်းငယ်မျှအချိန်ရပြီး ကားဆီပြန်ပြေးသွားခဲ့ရပါတယ်။ ဗီဒီယိုဖိုင်တင်ပြီးပြီးချင်းမှာပဲ အင်တာနက်အသုံးပြုသူတွေရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။ အထူးသဖြင့် ကောင်လေးက မြန်ဆန်နဲ့ အချိန်မရပေမဲ့ နွေးထွေးတဲ့အပြုအမူကြောင့် ကောင်လေးကို ချီးကျူးနေခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi

အားတဲ့အခ်ိန္နည္းနည္းေလးနဲ႔ သူငယ္ခ်င္းရဲ႕မဂၤလာပြဲကို ယူနီေဖာင္းနဲ႔လာၿပီး သတို႔သားကို အေျပးအလႊားလက္ဖြဲ႕ခဲ့ရတဲ့ မီးသတ္သမားေကာင္ေလးတစ္ဦး

မၾကာေသးမီက လူမႈကြန္ရက္ေပၚမွာ ယူနီေဖာင္းအျပည့္ဝတ္ဆင္ထားတဲ့ မီးသတ္သမားတစ္ဦးဟာ သူ႔ရဲ႕ အခ်စ္ဆုံးသူငယ္ခ်င္း မဂၤလာေဆာင္ကို မီးသတ္ကားစီးလာတဲ့ ျမင္ကြင္းကို ႐ိုက္ကူးထားျဖစ္ပါတယ္။ အဆိုပါ ဗီဒီယိုဖိုင္ဟာ အင္တာနက္အသုံးျပဳသူမ်ားရဲ႕ ေဆြးေႏြးမႈနဲ႔ စိတ္ဝင္စားမႈကို လ်င္ျမန္စြာ ရရွိခဲ့ပါတယ္။ အမ်ားစုက အေၾကာင္းရင္းေနာက္ကြယ္က အမွန္တရားေၾကာင့္ စိတ္လႈပ္ရွားခဲ့ၾကတာပါ။

ဒီကလစ္က တိုေတာင္းေပမယ့္ ေကာင္ေလးက သူ႔အခ်စ္ဆုံးသူငယ္ခ်င္းအတြက္ အခ်စ္ဆိုတာကို သက္ေသျပဖို႔ လုံေလာက္ပါတယ္။ ထို႔ေၾကာင့္ အဆိုပါေကာင္ေလးက ယူနီေဖာင္းဝတ္ထားၿပီး မီးသတ္ကားကို စီးနင္းခဲ့တာပါ။ သူ႔အခ်စ္ဆုံးသူငယ္ခ်င္းရဲ႕ အေရးႀကီးက်ယ္ေသာေန႔မွာ သူမလာလို႔ သူငယ္ခ်င္းကို ဝမ္းနည္းေစတာမ်ိဳး မလိုခ်င္လို႔ အားတဲ့ အခ်ိန္ခဏေလးမွာ လာခဲ့တာပါ။

ဗီဒီယိုဖိုင္မွာ မီးသတ္သမားေကာင္ေလးက အေျပးအလႊားနဲ႔ စာအိတ္ကို သူ႔အခ်စ္ဆုံးသူငယ္ခ်င္းထံ ေပးရန္ စကၠန႔္အနည္းငယ္မွ်အခ်ိန္ရၿပီး ကားဆီျပန္ေျပးသြားခဲ့ရပါတယ္။ ဗီဒီယိုဖိုင္တင္ၿပီးၿပီးခ်င္းမွာပဲ အင္တာနက္အသုံးျပဳသူေတြရဲ႕ အာ႐ုံစိုက္မႈကို ခံခဲ့ရပါတယ္။ အထူးသျဖင့္ ေကာင္ေလးက ျမန္ဆန္နဲ႔ အခ်ိန္မရေပမဲ့ ေႏြးေထြးတဲ့အျပဳအမူေၾကာင့္ ေကာင္ေလးကို ခ်ီးက်ဴးေနခဲ့ပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories