လွန်ခဲ့တဲ့ ၃ နှစ်က သူငယ်ချင်း ကြိုက်တဲ့ Gucci အိတ်ကို မဝယ်ပေးနိုင်ခဲ့လို့ မင်္ဂလာဆောင်နေ့မှာပဲ သူငယ်ချင်းကို လက်ဖွဲ့အဖြင့် ဝယ်ပေးခဲ့တဲ့ ကောင်မလေး

သူငယ်ချင်းကောင်းဆိုတာ ဘဝရဲ့မှတ်တိုင်တိုင်းမှာ ငါတို့အနား အမြဲရှိနေပေးတဲ့သူတွေပါ။ အိမ်ထောင်ပြုတဲ့အခါ သူတို့ရဲ့ အချစ်ဆုံးသူငယ်ချင်းတွေကို အဓိပ္ပါယ်ရှိတဲ့ လက်ဆောင်တွေ ပေးမယ်လို့ လူတော်တော်များများက ကတိပေးထားကြပါတယ်။ မကြာသေးမီက TikToker HN က သူ့ရဲ့မင်္ဂလာပွဲမှာ အထူးရုပ်ပုံတစ်ပုံကို Status line နဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုအတိုလေးမှာ “Gucci ကြိုက်တယ်ဆိုတာသိလို့ လက်ဆောင်အဖြစ် ယူလာခဲ့တာပါ”လို့ caption မှာ ရေးထားပါတယ်။

ဗီဒီယိုထဲမှာ မိန်းကလေးက အချစ်ဆုံးသူငယ်ချင်းရဲ့ မင်္ဂလာဆောင်နေ့မှာ သူငယ်ချင်းကို ပေးဖို့အတွက် တန်ဖိုးကြီးတဲ့ Gucci အိတ်ကို ဝယ်ခဲ့ပါတယ်။ မိန်းကလေးက ဒီအိတ်ဟာ လွန်ခဲ့တဲ့ ၃ နှစ်က သူ့သူငယ်ချင်း ကြိုက်ခဲ့တာဖြစ်ပေမဲ့ အဲ့ဒီအချိန်က သူမ မဝယ်ပေးနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ (၃)နှစ်ကျော်သွားပေမယ့်လည်း အဲဒီဆန္ဒကို သတိရပြီး သူ့သူငယ်ချင်းအတွက် ဝယ်ခဲ့တာပါ။

သတို့သမီးက ရင်ခုန်လှုပ်ရှားစွာနဲ့ လက်ဆောင်ကို ဖွင့်လိုက်ပါတယ်။ ဗီဒီယိုရဲ့အဆုံးမှာတော့ သတို့သမီးနဲ့ သူ့သူငယ်ချင်းက ကျေးဇူးတင်စကားပြောဖို့ တစ်ယောက်ကိုတစ်ယောက် တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားခဲ့ပါတယ်။ ဗီဒီယိုတင်ပြီးတဲ့နောက် လူတိုင်းက ဒီလိုခင်မင်မှုမျိုးကို ပိုင်ဆိုင်ချင်မိကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi





JRose(Tgidailynews)

  • Leave a Comment

Categories