မေမွ်ာ္လင့္ဘဲေႂကြလြင့္သြားၿပီျဖစ္တဲ့အဆိုေတာ္မီးမီးခဲအတြက္ ယူႀကဳံးမရဝမ္းနည္းေၾကကြဲေနၾကတဲ့ အႏုပညာရွင္မ်ား

ဒီကေန႔မွာဘဲ အဆိုေတာ္ မီးမီးခဲဟာ သူခ်စ္ရတဲ့ မိသားစုနဲ႔ ဂီတညီအစ္ကို ေမာင္ႏွမမ်ားကို အၿပီးတိုင္စြန႔္ခြာသြားခဲ့ၿပီပဲ ျဖစ္ပါတယ္။ မီးမီးခဲဟာ ကင္ဆာေရာဂါကို ႏွစ္ကာလၾကာျမင့္စြာ ခံစားေနခဲ့ရတာပဲ ျဖစ္ပါတယ္။ သူမဟာ ဩစေတးလ်ႏိုင္ငံရဲ႕ စံေတာ္ခ်ိန္ 9:31 PM တြင္ခရစ္ေတာ္တြင္ အိပ္ေပ်ာ္သြားခဲ့ၿပီပဲ ျဖစ္ပါတယ္။

သူမကြယ္လြန္သြားတဲ့ သတင္းကို ၾကားၾကားခ်င္းမွာဘဲ ပရိသတ္မ်ားနဲ႔ အႏုပညာရွင္မ်ားစြာက သူတို႔ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာမ်ားေပၚမွာ ဝမ္းနည္းေၾကာင္းမ်ား ေရးသားခဲ့ၾကတာပဲ ျဖစ္ပါတယ္။ အရင္းႏွီးဆုံး ဂီတညီအစ္ေတြ ျဖစ္ၾကတဲ့ အဆိုေတာ္ တင္ဇာေမာ္နဲ႔ ေကာ္နီတို႔ကလည္း “ရင္ေတြကြဲရပါၿပီ, ငါ့ညီမေလးရယ္” ၊ ” တကယ္ပဲလားကြယ္။ ရင္ထဲ မေကာင္းပါ။ ၿငိမ္းေအးပါေစ ညီမေလးေရ။” ဆိုၿပီးလည္း ေရးသားခဲ့ၾကတာပါ။

ဒါ့အျပင္ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး စိုးျပည့္သဇင္ကလည္း ” မမီးခဲေရ….ေကာင္းမြန္တဲ့ဘုံဘဝကိုေရာက္ရွိပါေစ….စိတ္ထဲမွာမေကာင္းလိုက္တာ….မမီးခဲေရ…ေအးခ်မ္းပါေစကြယ္.” ဆိုၿပီးေတာ့လည္း စိတ္မေကာင္းစြာနဲ႔ ေရးသားခဲ့ၾကတာပဲ ျဖစ္ပါတယ္။ အဆိုေတာ္ မီးမီးခဲလည္း ၿငိမ္းေအးရာ ဘုံဘဝကို ေရာက္ရွိပါေစလို႔ ဆုေတာင္းေပးလိုက္ရပါတယ္။

Source and Photo Crd- Mee Mee Khel

credit – Myanmarload

Unicode

မမျှော်လင့်ဘဲကြွေလွင့်သွားပြီဖြစ်တဲ့အဆိုတော်မီးမီးခဲအတွက် ယူကြုံးမရဝမ်းနည်းကြေကွဲနေကြတဲ့ အနုပညာရှင်များ

ဒီကနေ့မှာဘဲ အဆိုတော် မီးမီးခဲဟာ သူချစ်ရတဲ့ မိသားစုနဲ့ ဂီတညီအစ်ကို မောင်နှမများကို အပြီးတိုင်စွန့်ခွာသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ မီးမီးခဲဟာ ကင်ဆာရောဂါကို နှစ်ကာလကြာမြင့်စွာ ခံစားနေခဲ့ရတာပဲ ဖြစ်ပါတယ်။ သူမဟာ ဩစတေးလျနိုင်ငံရဲ့ စံတော်ချိန် 9:31 PM တွင်ခရစ်တော်တွင် အိပ်ပျော်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။

သူမကွယ်လွန်သွားတဲ့ သတင်းကို ကြားကြားချင်းမှာဘဲ ပရိသတ်များနဲ့ အနုပညာရှင်များစွာက သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာများပေါ်မှာ ဝမ်းနည်းကြောင်းများ ရေးသားခဲ့ကြတာပဲ ဖြစ်ပါတယ်။ အရင်းနှီးဆုံး ဂီတညီအစ်တွေ ဖြစ်ကြတဲ့ အဆိုတော် တင်ဇာမော်နဲ့ ကော်နီတို့ကလည်း “ရင်တွေကွဲရပါပြီ, ငါ့ညီမလေးရယ်” ၊ ” တကယ်ပဲလားကွယ်။ ရင်ထဲ မကောင်းပါ။ ငြိမ်းအေးပါစေ ညီမလေးရေ။” ဆိုပြီးလည်း ရေးသားခဲ့ကြတာပါ။

ဒါ့အပြင် သရုပ်ဆောင် မင်းသမီးချောလေး စိုးပြည့်သဇင်ကလည်း ” မမီးခဲရေ….ကောင်းမွန်တဲ့ဘုံဘဝကိုရောက်ရှိပါစေ….စိတ်ထဲမှာမကောင်းလိုက်တာ….မမီးခဲရေ…အေးချမ်းပါစေကွယ်.” ဆိုပြီးတော့လည်း စိတ်မကောင်းစွာနဲ့ ရေးသားခဲ့ကြတာပဲ ဖြစ်ပါတယ်။ အဆိုတော် မီးမီးခဲလည်း ငြိမ်းအေးရာ ဘုံဘဝကို ရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Source and Photo Crd- Mee Mee Khel

credit – Myanmarload

  • Leave a Comment