အုန်းပင်တက်ခြင်းက ‘မြေပေါ်မှာ လမ်းလျှောက်သလိုပင် လွယ်လွန်းတယ်’လို့ ဆိုတဲ့ နှစ်ပေါင်း ၆၀ ကြာ အုန်းပင်တက်တဲ့အလုပ် လုပ်နေခဲ့တဲ့ အဘွားကြီး

ဗီယက်နမ်နိုင်ငံ၊ Tra Vinh ကျေးရွာမှ အသက် ၈၀ အရွယ် အဘွားတစ်ဦးဟာ သူ့ဘဝတစ်ခုလုံး အုန်းသီးပင်တက်တဲ့အလုပ်နဲ့ ပတ်သက်တဲ့အကြောင်း ပြောပြလာပါတယ်။ အဖွားဟာ သူမအသက်ကြီးတဲ့အချိန်အထိ ဘယ်သူမှ မငှားဘဲ အုန်းပင်ပေါ်တက်ခြင်းကို ကျွမ်းကျင်သူတစ်ယောက် ဖြစ်ပါတယ်။ အဖွားဟာ ဆင်းရဲတဲ့မိသားစုမှာ မွေးဖွားကြီးပြင်းလာသူဖြစ်လို့ ငယ်စဉ်ကတည်းက အစာရှာရန် ရုန်းကန်ခဲ့ရပါတယ်။

သူမ အသက် ၁၅ နှစ်မှာ အဖွား Dam ကအလုပ်စလုပ်နေရပါပြီ။ အန္တရာယ်များတဲ့ အလုပ်တစ်ခုဖြစ်ပြီး အခက်အခဲများစွာနဲ့ ရင်ဆိုင်ခဲ့ရသော်လည်း သူမဘဝအတွက် ပေးဆပ်ရန် လယ်ကွင်းများသို့သွားရန် ပိုက်ဆံရှိရန် ဆက်လက်လုပ်ဆောင်ခဲ့ရပါတယ်။ သူမက ကြိုးကြိုးစားစားနဲ့ ကျင့်သားရတာကြောင့် ကြိုးတစ်ချောင်းတည်းဖြင့် အုန်းပင်ပေါ်ထိ အမြန်တက်နိုင်ခဲ့ပါတယ်။ အဖွားက ပင်ပန်းနွမ်းနယ်မှုကိုပင် မသိဘဲ တစ်နေ့လျှင် သစ်ပင် ဒါဇင်ပေါင်းများစွာကို အလွယ်တကူ တက်နိုင်ခဲ့တာပါ။ အဘွားက အုန်းပင်ကိုတက်ရဟာ “မြေပေါ်မှာ လမ်းလျှောက်သလိုမျိုးဘဲ ဘာမှမခက်ဘူး” လို့ ဆိုပါတယ်။

JRose(Tgidailynews)

Zawgyi

အုန္းပင္တက္ျခင္းက ‘ေျမေပၚမွာ လမ္းေလွ်ာက္သလိုပင္ လြယ္လြန္းတယ္’လို႔ ဆိုတဲ့ ႏွစ္ေပါင္း ၆၀ ၾကာ အုန္းပင္တက္တဲ့အလုပ္ လုပ္ေနခဲ့တဲ့ အဘြားႀကီး

ဗီယက္နမ္ႏိုင္ငံ၊ Tra Vinh ေက်း႐ြာမွ အသက္ ၈၀ အ႐ြယ္ အဘြားတစ္ဦးဟာ သူ႔ဘဝတစ္ခုလုံး အုန္းသီးပင္တက္တဲ့အလုပ္နဲ႔ ပတ္သက္တဲ့အေၾကာင္း ေျပာျပလာပါတယ္။ အဖြားဟာ သူမအသက္ႀကီးတဲ့အခ်ိန္အထိ ဘယ္သူမွ မငွားဘဲ အုန္းပင္ေပၚတက္ျခင္းကို ကြၽမ္းက်င္သူတစ္ေယာက္ ျဖစ္ပါတယ္။ အဖြားဟာ ဆင္းရဲတဲ့မိသားစုမွာ ေမြးဖြားႀကီးျပင္းလာသူျဖစ္လို႔ ငယ္စဥ္ကတည္းက အစာရွာရန္ ႐ုန္းကန္ခဲ့ရပါတယ္။

သူမ အသက္ ၁၅ ႏွစ္မွာ အဖြား Dam ကအလုပ္စလုပ္ေနရပါၿပီ။ အႏၲရာယ္မ်ားတဲ့ အလုပ္တစ္ခုျဖစ္ၿပီး အခက္အခဲမ်ားစြာနဲ႔ ရင္ဆိုင္ခဲ့ရေသာ္လည္း သူမဘဝအတြက္ ေပးဆပ္ရန္ လယ္ကြင္းမ်ားသို႔သြားရန္ ပိုက္ဆံရွိရန္ ဆက္လက္လုပ္ေဆာင္ခဲ့ရပါတယ္။ သူမက ႀကိဳးႀကိဳးစားစားနဲ႔ က်င့္သားရတာေၾကာင့္ ႀကိဳးတစ္ေခ်ာင္းတည္းျဖင့္ အုန္းပင္ေပၚထိ အျမန္တက္ႏိုင္ခဲ့ပါတယ္။ အဖြားက ပင္ပန္းႏြမ္းနယ္မႈကိုပင္ မသိဘဲ တစ္ေန႔လွ်င္ သစ္ပင္ ဒါဇင္ေပါင္းမ်ားစြာကို အလြယ္တကူ တက္ႏိုင္ခဲ့တာပါ။ အဘြားက အုန္းပင္ကိုတက္ရဟာ “ေျမေပၚမွာ လမ္းေလွ်ာက္သလိုမ်ိဳးဘဲ ဘာမွမခက္ဘူး” လို႔ ဆိုပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories