ျပည္ပႏိုင္ငံကခ်ီးျမႇင့္တဲ့ အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆုကိုထိုက္ထိုက္တန္တန္ရရွိခဲ့တဲ့ ပန္းေရာင္ျခယ္

အဆိုေကာင္း႐ုံသာမဟုတ္ဘဲ သ႐ုပ္ေဆာင္တဲ့ေနရာမွာလည္း ထူးခြၽန္သူကေတာ့ အဆိုေတာ္ ဂေရဟမ္ရဲ႕ သမီးေခ်ာေလး ပန္းေရာင္ျခယ္ပဲ ျဖစ္ပါတယ္။ သူမဟာ ဂီတေလာကမွတစ္ဆင့္ သ႐ုပ္ေဆာင္ဘက္ကို ကူးေျပာင္းခဲ့ရာမွာတြင္လည္း ပရိသတ္ေတြ အားေပးမႈကို အထူးရရွိခဲ့တာပဲ ျဖစ္ပါတယ္။ သူမ ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ ” လိပ္ျပာ ” ဇာတ္လမ္းတြဲနဲ႔လည္း ျပည္ပႏိုင္ငံက ခ်ီးျမႇင့္တဲ့ အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ရရွိခဲ့ျပန္ၿပီပဲ ျဖစ္ပါတယ္။

မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း ပန္းေရာင္ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာမွာ အခုလိုပဲ ေရးသား ေဝမွ်ထားတာပဲ ျဖစ္ပါတယ္။ ” ဒီႏွစ္ Asian Academy Creative Awards အတြက္ ပန္း​​ေရာင္ Best Actress In A Leading Role (အ​ေကာင္းဆုံးအမ်ိဳးသမီးဇာတ္​ေဆာင္ဆု) National Winner ျဖစ္ခြင့္ရတဲ့အတြက္ အရမ္း​ေပ်ာ္႐ႊင္မိပါတယ္ ။

ဒီ အာရွအႏုပညာတီထြင္ဖန္တီးမႈအကယ္ဒမီဆု​ခ်ီးျမႇင့္ပြဲ မွာ “လိပ္ျပာ” က 4 National Wins ရရွိထားပါတယ္ – Best Drama Series, Best Cinematography, Best Theme Song နဲ႔ Best Actress In A Leading Role ပါ။

တျခား​​ေသာ အာရွႏိုင္ငံမွ ႐ုပ္သံဇတ္လမ္းမ်ားနဲ႔အတူ ပန္း​ေရာင္တို႔က အာရွမွာ အ​ေကာင္းဆုံးဇတ္လမ္းတြဲဆု၊ အ​ေကာင္းဆုံး႐ုပ္ရွင္ဓါတ္ပုံဆု၊ အ​ေကာင္းဆုံး႐ုပ္ရွင္ဇာတ္ဝင္​ေတးဆု နဲ႔ အ​ေကာင္းဆုံးအမ်ိဳးသမီးဇာတ္​ေဆာင္ဆု တို႔ကို ျမန္မာႏိုင္ငံကိုယ္စားျပဳရင္း ဆန္ကာတင္စာရင္းဝင္သြားၿပီျဖစ္ပါတယ္။ ဆု​ေပးပြဲကို ဒီဇင္ဘာလမွာ က်င္းပသြားမွာျဖစ္ပါတယ္။ “လိပ္ျပာ” အဖြဲ႕သား​ေတြနဲ႔အတူ ဂုဏ္ယူရပါတယ္ အားလုံးကို ​ေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင့္။ ဒါ ပန္း​ေရာင္ရဲ႕ ပထမဦးဆုံး႐ုပ္ရွင္ နဲ႔ ပထမဦးဆုံး nomination ပါ။ အမ်ားႀကီးဆက္ႀကိဳးစားရပါဦးမယ္ ” ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ၿပီး ပရိသတ္ေတြအတြက္ တစ္ဆင့္ျပန္လည္ ကူးယူတင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။

Source and Photo Crd- Pan Yaung Chel

Unicode

ပြည်ပနိုင်ငံကချီးမြှင့်တဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကိုထိုက်ထိုက်တန်တန်ရရှိခဲ့တဲ့ ပန်းရောင်ခြယ်

အဆိုကောင်းရုံသာမဟုတ်ဘဲ သရုပ်ဆောင်တဲ့နေရာမှာလည်း ထူးချွန်သူကတော့ အဆိုတော် ဂရေဟမ်ရဲ့ သမီးချောလေး ပန်းရောင်ခြယ်ပဲ ဖြစ်ပါတယ်။ သူမဟာ ဂီတလောကမှတစ်ဆင့် သရုပ်ဆောင်ဘက်ကို ကူးပြောင်းခဲ့ရာမှာတွင်လည်း ပရိသတ်တွေ အားပေးမှုကို အထူးရရှိခဲ့တာပဲ ဖြစ်ပါတယ်။ သူမ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ” လိပ်ပြာ ” ဇာတ်လမ်းတွဲနဲ့လည်း ပြည်ပနိုင်ငံက ချီးမြှင့်တဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြန်ပြီပဲ ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း ပန်းရောင်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အခုလိုပဲ ရေးသား ဝေမျှထားတာပဲ ဖြစ်ပါတယ်။ ” ဒီနှစ် Asian Academy Creative Awards အတွက် ပန်း​​ရောင် Best Actress In A Leading Role (အ​ကောင်းဆုံးအမျိုးသမီးဇာတ်​ဆောင်ဆု) National Winner ဖြစ်ခွင့်ရတဲ့အတွက် အရမ်း​ပျော်ရွှင်မိပါတယ် ။

ဒီ အာရှအနုပညာတီထွင်ဖန်တီးမှုအကယ်ဒမီဆု​ချီးမြှင့်ပွဲ မှာ “လိပ်ပြာ” က 4 National Wins ရရှိထားပါတယ် – Best Drama Series, Best Cinematography, Best Theme Song နဲ့ Best Actress In A Leading Role ပါ။

တခြား​​သော အာရှနိုင်ငံမှ ရုပ်သံဇတ်လမ်းများနဲ့အတူ ပန်း​ရောင်တို့က အာရှမှာ အ​ကောင်းဆုံးဇတ်လမ်းတွဲဆု၊ အ​ကောင်းဆုံးရုပ်ရှင်ဓါတ်ပုံဆု၊ အ​ကောင်းဆုံးရုပ်ရှင်ဇာတ်ဝင်​တေးဆု နဲ့ အ​ကောင်းဆုံးအမျိုးသမီးဇာတ်​ဆောင်ဆု တို့ကို မြန်မာနိုင်ငံကိုယ်စားပြုရင်း ဆန်ကာတင်စာရင်းဝင်သွားပြီဖြစ်ပါတယ်။ ဆု​ပေးပွဲကို ဒီဇင်ဘာလမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ “လိပ်ပြာ” အဖွဲ့သား​တွေနဲ့အတူ ဂုဏ်ယူရပါတယ် အားလုံးကို ​ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ ဒါ ပန်း​ရောင်ရဲ့ ပထမဦးဆုံးရုပ်ရှင် နဲ့ ပထမဦးဆုံး nomination ပါ။ အများကြီးဆက်ကြိုးစားရပါဦးမယ် ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Pan Yaung Chel

  • Leave a Comment