



Source : poe ei ei khant

Unicode

ကားရိုက်တုန်းက တစ်ခါလောက်ပဲဝတ်ရသေးတဲ့ မြန်မာဝတ်စုံတွေအများကြီးကို ပရိသတ်တွေဆီ ပို့ပေးမယ့် ပိုးအိအိခန့်ရဲ့ Liveဗီဒီယိုဖိုင်

မင်းသမီးချောလေးပိုးအိအိခန့်ကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ကြည်နူးစရာမိသားစုလေးကို တည်ဆောက်ထားတဲ့ သူမကတော့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ သူမကတော့ ယခုမှာ ကားရိုက်တုန်းက ဝတ်ခဲ့ပြီး ဗီဒိုအပြည့်နီးပါးရှိတဲ့ မြန်မာဝတ်စုံတွေအများကြီးကို ပရိသတ်တွေပို့ပေးမယ့်အကြောင်း Liveလွှင့်ပြီး ပြောပြနေခဲ့ပါတယ်။

သူမကတော့ ” မင်္ဂလာပါရှင်ဒီ live လေးက မိန်းကလေးသီးသန့်လက်ဆောင်ပေးမယ့် live လေးအကြောင်းပြောမှာပါဘာလက်ဆောင်လည်းဆိုတော့ ပိုးအိ ကားရိုက်ခဲ့တုန်းက တစ်ခါလောက်သာ ဝတ်ထားတဲ့မြန်မာဝတ်စုံ တစ်ဗီဒိုလုံး နီးပါး ပေးမှာပါပေးတဲ့နေ့မှာ live လွှင့်ပြီး မခက်ခဲတဲ့ အပျော်မေးခွန်းလေးတွေ မေးပြီး ပေးမှာပါတစ်ခုတော့ ရှိပါတယ်ရှင့် လက်ဆောင်ရတဲ့သူတွေရဲ့ လိပ်စာအတိုင်း deli အပ်ပေးပါ့မယ် “ဆိုပြီး ရေးသာထားပါတယ်။

သူမကတော့ ” deli ခလေးကိုတော့ လက်ခံသူမှ ရှင်းပေးပါနော် ပိုးအိက ဝတ်စုံရဲ့ size ကို ပြောပေးမယ် အဆင်ပြေလောက်တဲ့ ညီမလေး သို့မဟုတ် မမ များက ဝင်ပြီး အပျော်မေးခွန်းလေးတွေဖြေရင်း ကံစမ်းပေးပါနော်ကျေးဇူးတင်ပါတယ်ရှင့်လက်ဆောင်ပေးတဲ့ live လွှင့်မယ့်နေ့ လွှင့်မယ့်အချိန်ကို post ပြန်တင်ပြီး ကြေငြာပေးပါမယ်ရှင် “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ပိုးအိအိခန့်ရဲ့ အဆိုပါဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : poe ei ei khant

  • Leave a Comment