




Unicode

ဖိလစ်ပိုင်နိုင်ငံထက် မြန်မာနိုင်ငံကို ဘာကြောင့် ပိုနှစ်သက်ကြောင်း ဖတ်မိသူတိုင်း မျက်ရည်ကျရလောက်အောင် ရေးသားလာတဲ့ Sinon Loresca

ဖိလစ်ပိုင် Cat Walk King တစ်ယောက်အဖြစ် အားလုံးကသိကြတဲ့ Sinon Loresca ကတော့ လက်ရှိမှာတော့ မြန်မာနိုင်ငံကိုရောက်ရှိနေတာ အတော်ကြာပြီပဲ ဖြစ်ပါတယ်။ ယနေ့မှာတော့ Sinonက ” မြန်မာ က ကျတော့် နှလုံးသား မြန်မာကလူတွေအများစုကမေးတယ် ကျတော်ကဘာလို့ ကျတော်နိုင်ငံ ထက်ဖိလစ်ပိုင်ထက်ပိုပီးဘာလို့မြန်မာမှာ ဒီလိုတွေလာလုပ်ပေးနေတာလည်းမေးကြတယ်! ဘာလို့မြန်မာမဖြစ်ရမှာတုန်း? ကျတော်နိုင်ငံမှာကျတော်ဒီလိုတွေဒီနည်း၎င်း ကျတော်လုပ်ပေးခဲ့တယ် အများစုက ကျတော့်ကို အပြစ်တင်တယ် အပြစ်ပြောတယ် ကျတော်လုပ်သမျှအရာအားလုံးကိုပေါ့

ကျဝောာ့်ရဲ့မဟုတ်တဲ့မကောင်းတဲ့သတင်းတွေကိုOnlineတွေပေါ်မဇာ ဖြန့်တယ် ကျတော့်ဂုဏ်သက္ခာကျအောင်လုပ်ကြတယ် ကျတော့်ကိုမလေးစားကြဘူး။ ပီးတော့ပြောကြသေးပါတယ် ကျတော်က ဘယ်တော့မှ ပြီးပြည့်စုံတဲ့သူတစ်ယောက်ဖြစ်လာမှမဟုတ်ဘူးတဲ့ ကျတော့်အပေါ်ကိုအမြဲမကောင်းမြင်တယ် မြန်မာမှာကျတော့ ကျတော့်ရဲ့နှလုံးသားကျတော့်ရဲ့အိမ်အစစ်က်ုကျတော်ရှာတွေ့တယ် မြန်မာလူမျိုးတွေက မေတ္တာစိတ်အပြည့်နဲ့ အချင်းချင်းလေးစားမှုအပြည့်အ၀ရှိတယ်

မိမိလုပ်ထားတဲ့ကောင်းမှုကုသိုလ်တစ်ခု ကိုမျှဝေလိုက်တယ်ဆိုရင် သူတို့ ပါလိုက်ပီး၀မ်းမြှောက်၀မ်းသာသာဓုခေါ်ကြတယ် မြန်မာ လူမျိုးတွေက အမုန်းစကားတွေအစား ငြိမ်းချမ်းတဲ့စကား အချစ်ပွားစေတဲ့စကားတွေဘဲပြောကြတယ် အချင်းချင်းရိုင်းပင်းကူညီကြတယ်လူသားအချင်းချင်းစာနာကြတယ် အဲ့တာကြောင့်ဘဲ မြန်မာကိုပိုပီး ချစ်တာဖြစ်တယ် ကျတော့်ရဲ့အိမ်လို့ဘဲသဘောထားတယ်ပြီးတော့ကျတော့်ဘ၀တစ်လျောက်လုံးမြန်မာကိုချစ်သွားမယ် ကျတော့်နှလုံးသားအတွက်တော့ မြန်မာက ထာ၀ရအိမ်ဘဲ ” ဆိုပြီး မျက်ရည်ကျရလောက်အောင် ရေးသားလာတာဖြစ်လို့ သူရဲ့ ပုံလေးတွေနဲ့အတူ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Source & Photo credit – Sinon Loresca

  • Leave a Comment