






unicode

မလုံ့တလုံအဝတ်အစားတွေလုံးဝမဝတ်ခဲ့တဲ့ အဓိကအကြောင်းအရင်းကိုပြောပြလာတဲ့ အကယ်ဒမီထက်ထက်မိုးဦး

ထက်ထက်ကတော့ အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် လောကဓံအလှည့်အပြောင်းတွေအများကြီးနဲ့ ဘဝကို တစ်ယောက်တည်း ရပ်တည်နေရသူပါ။ ဒါပေမယ့်အားပေးချစ်ခင်ကြတဲ့ပရိသတ်တွေကြောင့် အခုလိုကိုဗစ်ကာလ အနုပညာရှင်တော်တော်များများ အလုပ်တွေရပ်နားထားရချိန်မှာတောင် ထက်ထက်ကတော့ နေ့စဉ်နေ့တိုင်း ကုန်ပစ္စည်းမျိုးစုံကို Live လွှင့်ဈေးရောင်းပေးရင်း ကိုဗစ်ကာလကိုဖြတ်သန်းနေနိုင်လျက်ရှိပါတယ်။

ယခုခေတ် အနုပညာလောကမှာတော့ အဖော်အချွတ်တွေများပြားလာသလို သရုပ်ပျက်ဝတ်စားဆင်ယင်မှုတွေလည်း များပြားလျှက်ရှိတာပါ ဒီလိုမျိုးဝတ်ဆင်မှုမျိုးကို ထက်ထက်မိုးဦးက တခါမှ ဝတ်ဆင်ခဲ့ဖူးခြင်းမရှိတဲ့ အဓိကအကြောင်းအရင်းကို အခုလိုဖွင့်ဟလာခဲ့တာပါ

“အဲ့ဒါကြောင့်မို့လို့လေ ခေတ်နဲ့အညီ လုပ်ရမယ်လို့ပြောတာပေါ့ အရင်တုန်းကတော့ ထက်ထက် Beauty ခေါင်းလျှော်ရည်ကြော်ငြာတုန်းကဆို V Shape လေးဝတ်တာကို အရမ်းအပြောခံရတာ

အရင်တုန်းက အရက်ကြော်ငြာတွေဘာတွေရိုက်ရတာလေ အဲ့ဒီတုန်းကကြိုးတစ်ချောင်းအကျီလေးဝတ်ရင်တောင်မှ တအားအပြောခံရတာ အိမ်မှာဆိုလည်း နယ်ကနေ အဖေက လှမ်းပြီးတော့မှပြောတယ် ငါ့သမီးအဲ့လိုမျိုးတွေမဝတ်ပါနဲ့ဆို အင်း နောက်မဝတ်တော့ပါဘူး ဆို မဝတ်တော့ဘူးပေါ့ ” လို့ သူမ အဖော်အချွတ်တွေမ ဝတ်ခဲ့တဲ့ အဓိကအကြောင်းအရင်းကို ပြောပြသွားခဲ့တာပါ ပရိသတ်ကြီးရေ

ထက်ထက်မိုးဦးကတော့ သူမအဖော်အချွတ်တွေ လုံးဝ မဝတ်ခဲ့တဲ့ အဓိက အကြောင်းအရင်းကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီးလည်း ထက်ထက်မိုးဦးအပေါ်အမြင်လေးကို ပြောခဲ့ကြပါအုန်းနော်

credit – Shwe Yaung Myanmar ( Writer – Magic )

  • Leave a Comment