







credit – Myanmarload

Unicode

တစ်ထိုင်တည်းနဲ့တန်ဖိုးကြီးရတနာပစ္စည်းတွေသိန်း(၃ဝဝဝ)ကျော်ဖိုးရောင်းခဲ့ရတဲ့အတွက် အတိုင်းမသိဝမ်းသာနေတဲ့ ထက်ထက်မိုးဦး

တစ်နိုင်ငံလုံးရဲ့ ချစ်ခြင်းမေတ္တာတွေကို သိမ်းပိုက် ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီး ထက်ထက်မိုးဦးပဲ ဖြစ်ပါတယ်။ သူမဟာ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ မထက်ဟာ ယနေ့ချိန်ထိလည်း အနုပညာလှုပ်ရှားမှုတွေ လုပ်ဆောင်နေဆဲပဲ ဖြစ်ပါတယ်။

သူမဟာ လတ်တလော ကျောက်မျက်ရတနာပစ္စည်းများကို Live လွှင့်ကာ ရောင်းချပေးနေတာလည်း ဖြစ်ပါတယ်။ သူမရဲ့ Live တွေမှာလည်း ပရိသတ်များစွာက အမြဲစောင့်ကြည့်အားပေးနေကြတာလည်း ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း သိန်းသုံးထောင်ကျော်ဖိုး တစ်ထိုင်တည်း ရောင်းချခဲ့ရတာကြောင့် အတိုင်းမသိ ဝမ်းသာကြည်နူးနေရတာလည်း ဖြစ်ပါတယ်။

သူမကလည်း ” ရတနာ ရှိရာ ရတနာ တွေလာကြပါစေ

ရတနာတွေ ဒီထက်ဒီထက် ပိုစုနိုင်ကြပါစေ

ထက် နဲ့ ဒီနေ့ စိန်နန်းတော် High end luxury jewellery live sale မှာ သိန်း ၃၀၀၀ ကျော်ဖိုး ရောင်းလိုက်ရလို့ ပျော်ရွှင်နေတာလေ။ ရောင်းသူဘက်ကရော ဝယ်သူဘက်ကရော အကျိုးဆောင်ပေးရလို့ နှစ်ဖက်လုံးဆီက ပီတိတွေလည်းခံစားရပါတယ်။

ဝယ်ယူသူ​တွေရော အားပေးကြတဲ့ ပရိသတ်တွေရောကို ထက် အမြဲမေတ္တာပို့ပေးနေပါတယ် ။ ” ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် တစ်ဆင့်ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Htet Htwt Moe Oo

credit – Myanmarload

  • Leave a Comment