ေသဆုံးသြားတဲ့ ကေလးငယ္​ေလးေတြရဲ႕ အေလာင္းေတြကို သစ္ပင္ေတြထဲမွာ ျမႇဳပ္ႏွံၾကတဲ့ ထူးထူးဆန္းဆန္း႐ြာကေလး

ကမာၻေပၚမွာရွိတဲ့ ထူးဆန္းေထြလာေတြ မ်ားစြာထဲကမွ ပရိသတ္ေတြအတြက္ ဒီတစ္ေခါက္မွာဆိုရင္ Tana Toraja ဆိုတဲ့ ႐ြာေလးအေၾကာင္းကို ေဖာ္ျပေပးခ်င္ပါတယ္။ဒီ႐ြာေလးဟာ အင္ဒိုနီးရွားႏိုင္ငံက ​ေရွးဘုရင္ေတြရဲ႕ လက္ေအာက္ခံမင္းညီမင္းသားေတြ အုပ္ခ်ဳပ္တဲ့ ႐ြာေလးတစ္႐ြာပဲ ျဖစ္ပါတယ္။

ဒီ႐ြာေလးမွာေတာ့ ​ေရွးေခတ္ အင္ဒိုနီးရွားရဲ႕ အယူအဆေတြ ယဥ္ေက်းမႈေတြ ရွိေနဆဲျဖစ္ၿပီး လူသိလည္းနည္းတဲ့ ႐ြာေလးတစ္႐ြာပဲ ျဖစ္ပါတယ္။ဒီ႐ြာေလးရဲ႕ ထူးျခားတဲ့အခ်က္ကေတာ့ ႐ြာထဲက ကေလးငယ္ေလးေတြ ေသဆုံးသြားတဲ့အခါမွာ ေျမျမႇဳပ္ သၿဂိဳလ္ျခင္းမရွိပါဘူး။

ေသဆုံးသြားတဲ့ ကေလးအေလာင္းေတြကို အဝတ္စနဲ႔ပတ္ကာ ႀကီးမားတဲ့သစ္ပင္ႀကီးေတြရဲ႕ အလယ္မွာ အေပါက္ေတြေဖာက္ၿပီး ၄င္းအေပါက္ေတြထဲမွာ ျမႇဳပ္ႏွံၾကတာပဲ ျဖစ္ပါတယ္။

ဒါဟာ ​ေရွးႏွစ္ေပါင္းမ်ားစြာထဲက သူတို႔႐ြာေလးရဲ႕ ဓေလ့ထုံးတမ္း တစ္ခုျဖစ္ၿပီး ကေလးငယ္ေလးေတြရဲ႕ ဝိဥာဏ္ဟာ သဘာဝသစ္ပင္ေတြကို အမွီျပဳၿပီး ေလနဲ႔အတူ ေကာင္းမြန္ရာကို ေရာက္ရွိသြားတယ္လို႔ ယုံၾကည္ထားတာေၾကာင့္ ျဖစ္ပါတယ္။

သူတို႔သစ္ပင္ထဲမွာ ျမႇဳပ္ႏွံထားတဲ့ ကေလးငယ္ေလးေတြရဲ႕ အေလာင္းေတြဟာ Makassar ၿမိဳ႕ရဲ႕ ေျမာက္ပိုင္း ၁၈၆ မိုင္အကြာ ဆူလာဝါဆီ ရဲ႕ေတာင္ဘက္မွာ ရွိတဲ့ ေတာအုပ္ေတြထဲက သစ္ပင္ ႀကီးေတြမွာ ယခုအခ်ိန္ထိရွိေနဆဲျဖစ္ပါတယ္။

ဒီ႐ြာေလးရဲ႕ ထူးဆန္းတဲ့အေၾကာင္းကေတာ့ ဒါပါပဲ. ပရိသတ္ေတြေရာ ဒီ႐ြာေလးကို ဘယ္လိုျမင္ၾကလဲ…

Source – Daily Mail

Unicode

သေဆုံးသွားတဲ့ ကလေးငယ်​လေးတွေရဲ့ အလောင်းတွေကို သစ်ပင်တွေထဲမှာ မြှုပ်နှံကြတဲ့ ထူးထူးဆန်းဆန်းရွာကလေး

ကမ္ဘာပေါ်မှာရှိတဲ့ ထူးဆန်းထွေလာတွေ များစွာထဲကမှ ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာဆိုရင် Tana Toraja ဆိုတဲ့ ရွာလေးအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ဒီရွာလေးဟာ အင်ဒိုနီးရှားနိုင်ငံက ​ရှေးဘုရင်တွေရဲ့ လက်အောက်ခံမင်းညီမင်းသားတွေ အုပ်ချုပ်တဲ့ ရွာလေးတစ်ရွာပဲ ဖြစ်ပါတယ်။

ဒီရွာလေးမှာတော့ ​ရှေးခေတ် အင်ဒိုနီးရှားရဲ့ အယူအဆတွေ ယဥ်ကျေးမှုတွေ ရှိနေဆဲဖြစ်ပြီး လူသိလည်းနည်းတဲ့ ရွာလေးတစ်ရွာပဲ ဖြစ်ပါတယ်။ဒီရွာလေးရဲ့ ထူးခြားတဲ့အချက်ကတော့ ရွာထဲက ကလေးငယ်လေးတွေ သေဆုံးသွားတဲ့အခါမှာ မြေမြှုပ် သဂြိုလ်ခြင်းမရှိပါဘူး။

သေဆုံးသွားတဲ့ ကလေးအလောင်းတွေကို အဝတ်စနဲ့ပတ်ကာ ကြီးမားတဲ့သစ်ပင်ကြီးတွေရဲ့ အလယ်မှာ အပေါက်တွေဖောက်ပြီး ၄င်းအပေါက်တွေထဲမှာ မြှုပ်နှံကြတာပဲ ဖြစ်ပါတယ်။

ဒါဟာ ​ရှေးနှစ်ပေါင်းများစွာထဲက သူတို့ရွာလေးရဲ့ ဓလေ့ထုံးတမ်း တစ်ခုဖြစ်ပြီး ကလေးငယ်လေးတွေရဲ့ ဝိဥာဏ်ဟာ သဘာဝသစ်ပင်တွေကို အမှီပြုပြီး လေနဲ့အတူ ကောင်းမွန်ရာကို ရောက်ရှိသွားတယ်လို့ ယုံကြည်ထားတာကြောင့် ဖြစ်ပါတယ်။

သူတို့သစ်ပင်ထဲမှာ မြှုပ်နှံထားတဲ့ ကလေးငယ်လေးတွေရဲ့ အလောင်းတွေဟာ Makassar မြို့ရဲ့ မြောက်ပိုင်း ၁၈၆ မိုင်အကွာ ဆူလာဝါဆီ ရဲ့တောင်ဘက်မှာ ရှိတဲ့ တောအုပ်တွေထဲက သစ်ပင် ကြီးတွေမှာ ယခုအချိန်ထိရှိနေဆဲဖြစ်ပါတယ်။

ဒီရွာလေးရဲ့ ထူးဆန်းတဲ့အကြောင်းကတော့ ဒါပါပဲ. ပရိသတ်တွေရော ဒီရွာလေးကို ဘယ်လိုမြင်ကြလဲ…

Source – Daily Mail

  • Leave a Comment