အႏုပညာသက္တမ္း (၁၅)ႏွစ္သက္တမ္းအေတြ႕အႀကဳံေတြကို ေျပာျပလာတဲ့ ဝတ္မႈံေ႐ႊရည္

ပရိသတ္ႀကီးေရ ဒီေန႔ ေအာက္တိုဘာလ(၁၃)ရက္ေန႔ကေတာ့ အႏုပညာရွင္ေတြ အျမတ္တႏိုးတန္ဖိုးထားၾကတဲ့ ျမန္မာ့႐ုပ္ရွင္ ႏွစ္တစ္ရာျပည့္ေန႔ရက္ေလးပဲျဖစ္ပါတယ္ ။ ကပ္ေရာဂါအေျခအေနေၾကာင့္ ပြဲမစီစဥ္ျဖစ္ေပမယ့္လည္း ဂုဏ္ျပဳသီခ်င္းေလးကိုေတာ့ အႏုပညာရွင္ေပါင္းမ်ားစြာက ပါဝင္ကူညီ သီဆိုေပးခဲ့ၾကပါတယ္ ။

ဒီ ျမန္မာ႐ုပ္ရွင္ ႏွစ္တစ္ရာျပည့္ အထိမ္းအမွတ္ေလးအေနနဲ႔ ပရိသတ္အခ်စ္ေတာ္ ထပ္ဆင့္အကယ္ဒမီ ဝတ္မႈန္ေ႐ႊရည္ကလည္း သူမျဖတ္သန္းလာတဲ့ အႏုပညာသက္တမ္းတစ္ေလွ်ာက္က အေတြ႕အႀကဳံေတြကို ပရိသတ္ေတြကို ေဝမွ်ေပးလာခဲ့ပါတယ္ ။ ကစ္ရဲ႕ အႏုပညာသက္တမ္းကေတာ့ (၁၅) ႏွစ္ပတ္ဝန္းက်င္ရွိခဲ့ၿပီျဖစ္ၿပီး ျဖတ္သန္းလာတဲ့ (၁၅)ႏွစ္အေတာတြင္းမွာလည္း အေတြ႕ႀကဳံေကာင္းေတြ နဲ႔ အႏုပညာဝမ္းစာေတြ ျဖည့္ရင္းနဲ႔ အႏုပညာထူးခြၽန္ဆု (၂) ဆုကိုလည္း လက္ဝယ္ပိုင္ဆိုင္ခြင့္ရခဲ့တဲ့အေၾကာင္းကိုလည္း ပရိသတ္ေတြကို ေဝမွ်ေပးခဲ့ပါတယ္ ။

အခုဆိုရင္ ျမန္မာ့႐ုပ္ရွင္ က Flim ေခတ္ကေန Digital ေခတ္ကိုေရာက္ရွိလာၿပီျဖစ္တဲ့အတြက္ အမ်ားႀကီးတိုးတက္ေျပာင္းလဲလာတဲ့အျပင္ ျပည္ပ ကေပးတဲ့ ႐ုပ္ရွင္ထူးခြၽန္ဆုေတြလည္း ရွိလာၿပီျဖစ္တဲ့အတြက္ ဂုဏ္ယူရေၾကာင္းကိုလည္း ပရိသတ္ေတြကိုေျပာျပခဲ့ပါတယ္ ။ ႐ုပ္ရွင္ေခတ္ ေငြရတု ေ႐ႊရတု စိန္ရတုေတြမွာလည္း ဂႏၲဝင္ေျမာက္တဲ့႐ုပ္ရွင္ေတြ ေပၚေပါက္ခဲ့သလို ကစ္တို႔ေခတ္မွာ တကယ္ကို ဂႏၲဝင္ေျမာက္တဲ့ကားေတြ ထြက္ေပၚလာႏိုင္ေအာင္ႀကိဳးစားသြားပါမယ္လို႔လည္း ပရိသတ္ေတြကို ကတိေပးခဲ့ပါတယ္ ။

Source : Wutt Hmone Shwe Yi
credit – Cele Gabar

Unicode

အနုပညာသက်တမ်း (၁၅)နှစ်သက်တမ်းအတွေ့အကြုံတွေကို ပြောပြလာတဲ့ ဝတ်မှုံရွှေရည်

ပရိသတ်ကြီးရေ ဒီနေ့ အောက်တိုဘာလ(၁၃)ရက်နေ့ကတော့ အနုပညာရှင်တွေ အမြတ်တနိုးတန်ဖိုးထားကြတဲ့ မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့်နေ့ရက်လေးပဲဖြစ်ပါတယ် ။ ကပ်ရောဂါအခြေအနေကြောင့် ပွဲမစီစဉ်ဖြစ်ပေမယ့်လည်း ဂုဏ်ပြုသီချင်းလေးကိုတော့ အနုပညာရှင်ပေါင်းများစွာက ပါဝင်ကူညီ သီဆိုပေးခဲ့ကြပါတယ် ။

ဒီ မြန်မာရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ်လေးအနေနဲ့ ပရိသတ်အချစ်တော် ထပ်ဆင့်အကယ်ဒမီ ဝတ်မှုန်ရွှေရည်ကလည်း သူမဖြတ်သန်းလာတဲ့ အနုပညာသက်တမ်းတစ်လျှောက်က အတွေ့အကြုံတွေကို ပရိသတ်တွေကို ဝေမျှပေးလာခဲ့ပါတယ် ။ ကစ်ရဲ့ အနုပညာသက်တမ်းကတော့ (၁၅) နှစ်ပတ်ဝန်းကျင်ရှိခဲ့ပြီဖြစ်ပြီး ဖြတ်သန်းလာတဲ့ (၁၅)နှစ်အတောတွင်းမှာလည်း အတွေ့ကြုံကောင်းတွေ နဲ့ အနုပညာဝမ်းစာတွေ ဖြည့်ရင်းနဲ့ အနုပညာထူးချွန်ဆု (၂) ဆုကိုလည်း လက်ဝယ်ပိုင်ဆိုင်ခွင့်ရခဲ့တဲ့အကြောင်းကိုလည်း ပရိသတ်တွေကို ဝေမျှပေးခဲ့ပါတယ် ။

အခုဆိုရင် မြန်မာ့ရုပ်ရှင် က Flim ခေတ်ကနေ Digital ခေတ်ကိုရောက်ရှိလာပြီဖြစ်တဲ့အတွက် အများကြီးတိုးတက်ပြောင်းလဲလာတဲ့အပြင် ပြည်ပ ကပေးတဲ့ ရုပ်ရှင်ထူးချွန်ဆုတွေလည်း ရှိလာပြီဖြစ်တဲ့အတွက် ဂုဏ်ယူရကြောင်းကိုလည်း ပရိသတ်တွေကိုပြောပြခဲ့ပါတယ် ။ ရုပ်ရှင်ခေတ် ငွေရတု ရွှေရတု စိန်ရတုတွေမှာလည်း ဂန္တဝင်မြောက်တဲ့ရုပ်ရှင်တွေ ပေါ်ပေါက်ခဲ့သလို ကစ်တို့ခေတ်မှာ တကယ်ကို ဂန္တဝင်မြောက်တဲ့ကားတွေ ထွက်ပေါ်လာနိုင်အောင်ကြိုးစားသွားပါမယ်လို့လည်း ပရိသတ်တွေကို ကတိပေးခဲ့ပါတယ် ။

Source : Wutt Hmone Shwe Yi
credit – Cele Gabar

  • Leave a Comment