ေဖ့ဘြတ္ခ္ Followers တစ္သန္းျပည့္သြားေအာင္ အားေပးၾကတဲ့တစ္ေယာက္ခ်င္းစီတိုင္းကို ေက်းဇူးတင္စကားဆိုခဲ့တဲ့ မိုးေဟကို

ဆြဲေဆာင္မႈရွိၿပီး မဟာဆန္တဲ့အလွတရားေတြကို ပိုင္ဆိုင္ထားသူမိုးေဟကိုကေတာ့ ႏွစ္ေပါင္းမ်ားစြာတိုင္ေအာင္ ပရိသတ္အခ်စ္ကိုသိမ္းပိုက္ထားႏိုင္တဲ့မင္းသမီးတစ္လက္ပါ။ လြန္ခဲ့တဲ့ႏွစ္ပိုင္းကေတာ့ မိခင္ျဖစ္သူရဲ႕က်န္းမာေရးအေျခအေနေၾကာင့္ အႏုပညာအလုပ္ေတြရပ္နားကာ ပရိသတ္ေရွ႕ကေပ်ာက္ခဲ့ေပမယ့္ အခုဆိုရင္ေတာ့ အႏုပညာလႈပ္ရွားမႈေတြ တေန႔တာအေၾကာင္းအရာေလးေတြကို သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေနတဆင့္ မွ်ေဝေပးလ်က္ရွိပါတယ္။

မိုးေဟကို ရဲ႕ Page ေလးကေတာ့ လြန္ခဲ့တဲ့ (၂၀၁၈) ခုႏွစ္ေအာက္တိုဘာလက စတင္ဖြင့္ထားခဲ့တာျဖစ္ၿပီး အခုေအာက္တိုဘာလမွာေတာ့ (၂) ႏွစ္ျပည့္ခဲ့ၿပီျဖစ္ပါတယ္။ ေရွ႕ပိုင္းကာလေတြမွာ ပရိသတ္နဲ႔ထိေတြ႕ဆက္ဆံမႈနည္းခဲ့ေပမယ့္ အားေပးၾကမ္းလြန္းတဲ့ပရိသတ္ေတြေၾကာင့္ ဒီေန႔မွာ Followers တစ္သန္းျပည့္သြားတာမို႔ အခုလိုအားေပးခ်စ္ခင္ၾကတဲ့ တစ္ေယာက္ခ်င္းစီတိုင္းကို မိုးေဟကိုကေတာ့ ေက်းဇူးတင္စကားဆိုခဲ့ပါတယ္။ မိုးကို ခဏခဏမျမင္ရေပမယ့္ မိုးကိုခ်စ္တဲ့ရွင္တို႔ေလးေတြကေတာ့ ေစာင့္ေမွ်ာ္ေနၾကတယ္.. တစ္ခုခုတင္လိုက္ရင္လည္း အမ်ားႀကီး အားေပးၾကတဲ့အတြက္ မိုးအေနနဲ႔ အတိုင္းမသိဝမ္းသာၾကည္ႏူးမိပါတယ္ ေက်းဇူးလည္း အမ်ားႀကီးတင္ပါတယ္လို႔ ေျပာခ်င္ပါတယ္ရွင္ ဆိုၿပီး ေက်းဇူးတင္စကားဆိုခဲ့ပါတယ္။

ဒါ့အျပင္ မိုးကေတာ့ အခုလိုခ်စ္ေပးၾကတဲ့ပရိသတ္ႀကီး ခဏခဏျမင္ရေအာင္ ဓာတ္ပုံေတြ၊ဗြီဒီယိုေတြ အမ်ားႀကီးတင္ေပးသြားႏိုင္ေအာင္ ႀကိဳးစားသြားမွာပါတဲ့ ပရိသတ္ႀကီးေရ… ခ်စ္ရတဲ့ပရိသတ္ႀကီးကိုလည္း အခုလိုကာလမွာ စိတ္ဓာတ္ေတြမက်ဘဲ အေကာင္းဆုံးျဖတ္ေက်ာ္ၾကဖို႔ အားေပးစကားေျပာၾကားခဲ့ပါတယ္။ ေဖ့ဘြတ္ခ္ Followers တစ္သန္းျပည့္သြားလို႔ ေပ်ာ္ေနတဲ့ မိုးရဲ႕ ဗြီဒီယိုေလးကို ပရိသတ္ႀကီးအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source – Moe Hay Ko
credit – Cele Gabar

Unicode

ဖေ့ဘွတ်ခ် Followers တစ်သန်းပြည့်သွားအောင် အားပေးကြတဲ့တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်စကားဆိုခဲ့တဲ့ မိုးဟေကို

ဆွဲဆောင်မှုရှိပြီး မဟာဆန်တဲ့အလှတရားတွေကို ပိုင်ဆိုင်ထားသူမိုးဟေကိုကတော့ နှစ်ပေါင်းများစွာတိုင်အောင် ပရိသတ်အချစ်ကိုသိမ်းပိုက်ထားနိုင်တဲ့မင်းသမီးတစ်လက်ပါ။ လွန်ခဲ့တဲ့နှစ်ပိုင်းကတော့ မိခင်ဖြစ်သူရဲ့ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေရပ်နားကာ ပရိသတ်ရှေ့ကပျောက်ခဲ့ပေမယ့် အခုဆိုရင်တော့ အနုပညာလှုပ်ရှားမှုတွေ တနေ့တာအကြောင်းအရာလေးတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် မျှဝေပေးလျက်ရှိပါတယ်။

မိုးဟေကို ရဲ့ Page လေးကတော့ လွန်ခဲ့တဲ့ (၂၀၁၈) ခုနှစ်အောက်တိုဘာလက စတင်ဖွင့်ထားခဲ့တာဖြစ်ပြီး အခုအောက်တိုဘာလမှာတော့ (၂) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ရှေ့ပိုင်းကာလတွေမှာ ပရိသတ်နဲ့ထိတွေ့ဆက်ဆံမှုနည်းခဲ့ပေမယ့် အားပေးကြမ်းလွန်းတဲ့ပရိသတ်တွေကြောင့် ဒီနေ့မှာ Followers တစ်သန်းပြည့်သွားတာမို့ အခုလိုအားပေးချစ်ခင်ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို မိုးဟေကိုကတော့ ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ မိုးကို ခဏခဏမမြင်ရပေမယ့် မိုးကိုချစ်တဲ့ရှင်တို့လေးတွေကတော့ စောင့်မျှော်နေကြတယ်.. တစ်ခုခုတင်လိုက်ရင်လည်း အများကြီး အားပေးကြတဲ့အတွက် မိုးအနေနဲ့ အတိုင်းမသိဝမ်းသာကြည်နူးမိပါတယ် ကျေးဇူးလည်း အများကြီးတင်ပါတယ်လို့ ပြောချင်ပါတယ်ရှင် ဆိုပြီး ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

ဒါ့အပြင် မိုးကတော့ အခုလိုချစ်ပေးကြတဲ့ပရိသတ်ကြီး ခဏခဏမြင်ရအောင် ဓာတ်ပုံတွေ၊ဗွီဒီယိုတွေ အများကြီးတင်ပေးသွားနိုင်အောင် ကြိုးစားသွားမှာပါတဲ့ ပရိသတ်ကြီးရေ… ချစ်ရတဲ့ပရိသတ်ကြီးကိုလည်း အခုလိုကာလမှာ စိတ်ဓာတ်တွေမကျဘဲ အကောင်းဆုံးဖြတ်ကျော်ကြဖို့ အားပေးစကားပြောကြားခဲ့ပါတယ်။ ဖေ့ဘွတ်ခ် Followers တစ်သန်းပြည့်သွားလို့ ပျော်နေတဲ့ မိုးရဲ့ ဗွီဒီယိုလေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Moe Hay Ko
credit – Cele Gabar

  • Leave a Comment