



Source : Htet Htet Moe Oo


Unicode

လူငယ်တစ်ယောက်လိုခေတ်မီကာ အထာကျနေပြီး သိန်းချီတန်တဲ့လက်ဝတ်ရတနာတွေနဲ့အပြိုင် ထင်ပေါ်လှပနေတဲ့ ထက်ထက်မိုးဦး

မင်းသမီးချော ထက်ထက်မိုးဦးက နှစ်ပေါင်းများစွာကြာအောင် အောင်မြင်တဲ့ ဒိတ်ဒိတ်ကြဲအနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်လာခဲ့တာ ဖြစ်ပါတယ် ။ ပြုံးရယ်လိုက်တိုင်းမှာ အရမ်းချစ်ဖို့ကောင်းနေတဲ့ ထက်ထက်မိုးဦးက လူချစ်လူခင်ပေါများနေတာပဲ ဖြစ်ပါတယ် ။ အချိန်တွေသာ ပြောင်းလဲလာခဲ့ပေမယ့် ထက်ထက်မိုးဦးကတော့ အလှတွေမလျော့သွားဘဲ အရွယ်တင်နုပျိုနေဆဲ ဖြစ်ပါတယ် ။

လက်ရှိမှာတော့ ထက်ထက်မိုးဦးက အနုပညာအလုပ်တွေကို ပုံမှန်ပြန်လည်လုပ်ကိုင်နေပြီး ကြော်ငြာတွေလည်း ရိုက်ကူးနေတာ ဖြစ်ပါတယ် ။ ထက်ထက်အနေနဲ့ သူမကိုအားပေးတဲ့ ပရိသတ်တွေအတွက် လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် အနုပညာလှုပ်ရှားမှုတွေကိုလည်း ပုံမှန်မျှဝေပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း ထက်ထက်က ခမ်းနားထည်ဝါတဲ့အလှတရားတွေနဲ့ ကျက်သရေရှိနေတဲ့ ပုံရိပ်တွေကို တင်ပေးထားတာ ဖြစ်ပါတယ် ။

ထက်ထက်မိုးဦးက သိန်းနဲ့ချီတန်တဲ့ အဖိုးတန်လက်ဝတ်ရတနာတွေကို ဆင်မြန်းပြီး အရမ်းကိုလှနေတာပဲ ဖြစ်ပါတယ် ။ ရတနာတွေနဲ့ပြုလုပ်ထားတဲ့ Mask ကိုပါဝတ်ဆင်ထားတဲ့ ထက်ထက်ကတော့ ခေတ်နဲ့အညီ အထာကျနေတာဆိုရင်လည်း မမှားပါဘူးနော် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ထက်ထက်မိုးဦးရဲ့အလှပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Htet Htet Moe Oo

Photo Credit-Sein Nan Daw & Amazing Grace

Credit – Myanmarload

  • Leave a Comment