ဖတ္မိသူတိုင္း ဖခင္ေမတၱာအျပည့္အဝကိုခံစားရေစႏိုင္ၿပီး တန္ဖိုးရွိတဲ့စကားေလးကို သမီးေလးအတြက္ေရးသားလာတဲ့ ဆန္းသစ္လရဲ႕ ခင္ပြန္း

ခ်စ္ရတဲ့ ပရိသတ္ႀကီးေရ… အဆိုေတာ္ သ႐ုပ္ေဆာင္ ဆန္းသစ္လကေတာ့ သာယာေပ်ာ္႐ႊင္တဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ထားတာပဲ ျဖစ္ပါတယ္ ။ ခင္ပြန္းသည္ရဲ႕ အလိုလိုက္ဂ႐ုစိုက္မႈေတြေၾကာင့္ တစ္ေနတျခား အလွေတြပိုတိုးလာတဲ့ ဆန္းသစ္လက မၾကာေသးမီအခ်ိန္ကမွ ခ်စ္စရာေကာင္းတဲ့ သမီးေလးကို ေမြးဖြားထားတာပဲ ျဖစ္ပါတယ္။ ယခုဆိုရင္ သမီးေလးက ရက္၂၀ျပည့္သြားခဲ့ၿပီပဲ ျဖစ္ပါတယ္။

ယေန႔မွာေတာ့ ဆန္းသစ္လရဲ႕ ခင္ပြန္းက သမီးေလးအတြက္ တန္ဖိုးရွိတဲ့ စကားေလးေတြကို သူရဲ႕ လူမႈကြန္ယက္ ဆိုရွယ္မီဒီယာထက္မွာ ေရးသားမွ်ေဝလာခဲ့တာပဲ ျဖစ္ပါတယ္။ ” သမီးေမြးတဲ့ေန႔ကစၿပီး အေဖတစ္ရက္မွ အိပ္ေရးဝဝမအိပ္ခဲ့ရေပ့မယ္ ၿငိဳျငင္မိတဲ့ စိတ္တစ္စုံတစ္ရာေတာင္ မခံစားရဘူးသမီးေရ သမီးပါးခ်ိဳင့္ေရးေရးေလး နဲ႔ ႏႈတ္ခမ္းေကြးေကြးေလး ေတြကိုျမင္လိုက္တိုင္း အလိုလိုၿပဳံးမိၿပီး အားေတြျပည့္ခဲ့ရတာပါ ဘဝရဲ႕အေကာင္းမြန္ဆုံးအခိုက္အတန႔္ကိုေ႐ြးခ်ယ္ပါဆို

သမီးအေဖ့ဘဝထဲေရာက္လာတဲ့ အခ်ိန္လို႔ပဲဘယ္အခ်ိန္ေမးေမး ေျဖမိမွာပါ သမီးဘဝ မွာ အေကာင္းဆုံးဆိုတာေတြနဲ႔ပဲေတြ႕ရေအာင္ တက္ႏိုင္သမွ်ေလာကဓံဆိုတာႀကီး ေလ်ာ့ႏိုင္သမွ် ေလ်ာ့ေအာင္ ဒီအေဖရွိသမွ်အင္အားနဲ႔ႀကိဳးစားေပးမယ္ေနာ္ ရာသီဥတု ဒဏ္ေတြခံေပးမယ့္ အိမ္ေခါင္မိုးႀကီးလို အႏၲာရာယ္ေတြကာကြယ္ေပးမယ့္ ေက်ာက္နံရံႀကီး လို… သမီးရဲ႕Body guard ႀကီး ,သမီးရဲ႕ စစ္သူႀကီးေပါ့ အဲ့လို မ်က္လုံးဝိုင္းဝိုင္းေလးနဲ႔ ဒီအေဖကိုတစ္သက္လုံးၾကည့္ပါေနာ္…ေဖေဖခ်စ္မဝလို႔ပါ Love you သမီးေလး 20 Days ” ဆိုတဲ့ စာသားေလးအျပင္ သားအဖႏွစ္ေယာက္ရဲ႕ ၾကည္ႏူးစရာပုံေလးကိုလည္း တင္ေပးလာတာ ျဖစ္လို႔ ျပန္လည္တင္ဆက္ေပးလိုက္ပါတယ္ေနာ္…. ။

Photo credit – Win Myat

credit – Myanmarload

Unicode

ဖတ်မိသူတိုင်း ဖခင်မေတ္တာအပြည့်အဝကိုခံစားရစေနိုင်ပြီး တန်ဖိုးရှိတဲ့စကားလေးကို သမီးလေးအတွက်ရေးသားလာတဲ့ ဆန်းသစ်လရဲ့ ခင်ပွန်း

ချစ်ရတဲ့ ပရိသတ်ကြီးရေ… အဆိုတော် သရုပ်ဆောင် ဆန်းသစ်လကတော့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ် ။ ခင်ပွန်းသည်ရဲ့ အလိုလိုက်ဂရုစိုက်မှုတွေကြောင့် တစ်နေတခြား အလှတွေပိုတိုးလာတဲ့ ဆန်းသစ်လက မကြာသေးမီအချိန်ကမှ ချစ်စရာကောင်းတဲ့ သမီးလေးကို မွေးဖွားထားတာပဲ ဖြစ်ပါတယ်။ ယခုဆိုရင် သမီးလေးက ရက်၂၀ပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။

ယနေ့မှာတော့ ဆန်းသစ်လရဲ့ ခင်ပွန်းက သမီးလေးအတွက် တန်ဖိုးရှိတဲ့ စကားလေးတွေကို သူရဲ့ လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာ ရေးသားမျှဝေလာခဲ့တာပဲ ဖြစ်ပါတယ်။ ” သမီးမွေးတဲ့နေ့ကစပြီး အဖေတစ်ရက်မှ အိပ်ရေးဝဝမအိပ်ခဲ့ရပေ့မယ် ငြိုငြင်မိတဲ့ စိတ်တစ်စုံတစ်ရာတောင် မခံစားရဘူးသမီးရေ သမီးပါးချိုင့်ရေးရေးလေး နဲ့ နှုတ်ခမ်းကွေးကွေးလေး တွေကိုမြင်လိုက်တိုင်း အလိုလိုပြုံးမိပြီး အားတွေပြည့်ခဲ့ရတာပါ ဘဝရဲ့အကောင်းမွန်ဆုံးအခိုက်အတန့်ကိုရွေးချယ်ပါဆို

သမီးအဖေ့ဘဝထဲရောက်လာတဲ့ အချိန်လို့ပဲဘယ်အချိန်မေးမေး ဖြေမိမှာပါ သမီးဘဝ မှာ အကောင်းဆုံးဆိုတာတွေနဲ့ပဲတွေ့ရအောင် တက်နိုင်သမျှလောကဓံဆိုတာကြီး လျော့နိုင်သမျှ လျော့အောင် ဒီအဖေရှိသမျှအင်အားနဲ့ကြိုးစားပေးမယ်နော် ရာသီဥတု ဒဏ်တွေခံပေးမယ့် အိမ်ခေါင်မိုးကြီးလို အန္တာရာယ်တွေကာကွယ်ပေးမယ့် ကျောက်နံရံကြီး လို… သမီးရဲ့Body guard ကြီး ,သမီးရဲ့ စစ်သူကြီးပေါ့ အဲ့လို မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ဒီအဖေကိုတစ်သက်လုံးကြည့်ပါနော်…ဖေဖေချစ်မဝလို့ပါ Love you သမီးလေး 20 Days ” ဆိုတဲ့ စာသားလေးအပြင် သားအဖနှစ်ယောက်ရဲ့ ကြည်နူးစရာပုံလေးကိုလည်း တင်ပေးလာတာ ဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်…. ။

Photo credit – Win Myat

credit – Myanmarload

  • Leave a Comment