ဧရာမပင္လယ္ဖ်ံႀကီးေၾကာင့္ ႐ုတ္႐ုတ္သဲသဲျဖစ္သြားရတဲ့ ခ်ီလီႏိုင္ငံက ၿမိဳ႕ငယ္ေလး

ခ်ီလီႏိုင္ငံရွိ ၿမိဳ႕ကေလးတစ္ၿမိဳ႕ကေတာ့ ၿပီးခဲ့တဲ့ တနလၤာေန႔(၅.၁၀.၂၀၂၀) ညတုန္းက မထင္မွတ္တဲ့ အျဖစ္အပ်က္တစ္ခုေၾကာင့္ ၿမိဳ႕ေနျပည္သူမ်ား အထိတ္တလန႔္ ျဖစ္ခဲ့ၾကပါတယ္။ အေၾကာင္းအရင္းကေတာ့ ဧရာမပင္လယ္ဖ်ံႀကီးတစ္ေကာင္ဟာ အဆိုပါ ၿမိဳ႕ကေလးထဲကို ႐ုတ္တရက္ ဝင္ေရာက္လာခဲ့ၿပီး လမ္းမေပၚကို ေလွ်ာက္သြားေနခဲ့လို႔ပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ကံေကာင္းတာတစ္ခုကေတာ့ အဆိုပါ ပင္လယ္ဖ်ံႀကီးဟာ သူ႔ဟာသူဟာ တစ္ၿမိဳ႕လုံးေလွ်ာက္သြားေနခဲ့ၿပီး ဘယ္သူတစ္ဦးတစ္ေယာက္ကိုမွ အႏၲရာယ္မျပဳခဲ့ေၾကာင္း nzherald သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရွိရပါတယ္။

အဆိုပါ အျဖစ္အပ်က္ကေတာ့ ခ်ီလီႏိုင္ငံ၊ Puerto Cisnes ၿမိဳ႕ထဲမွာ ျဖစ္ပြားခဲ့တာပဲ ျဖစ္ပါတယ္။ ပင္လယ္ကမ္းေျခကေန မ်က္စိလည္လမ္းမွားေရာက္လာခဲ့တဲ့ ဧရာမပယ္လယ္ဖ်ံႀကီးတစ္ေကာင္ဟာ Puerto Cisnes ၿမိဳ႕ထဲကို ညဖက္ႀကီးမွာ ဝင္ေရာက္လာခဲ့တာပဲ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္ဟာ COVID 19 ကပ္ေရာဂါျဖစ္ေနတဲ့အခ်ိန္ျဖစ္တာေၾကာင့္ ၿမိဳ႕ေနလူထုလည္း ကိုယ့္အိမ္ထဲမွာပဲ အသီးသီးေနေနခဲ့ၾကတာပဲ ျဖစ္ၿပီး ဆူညံသံေတြေၾကာင့္ အိမ္အျပင္ကို ထြက္ၾကည့္ေတာ့မွ ဧရာမပင္လယ္ဖ်ံႀကီးတစ္ေကာင္ လမ္းေပၚမွာ ေလွ်ာက္သြားေနမွန္း သိခဲ့ရတာပဲ ျဖစ္ပါတယ္။

ဒီလိုနဲ႔ သက္ဆိုင္ရာကို အေၾကာင္းၾကားခဲ့ၿပီးေနာက္မွာေတာ့ ကယ္ဆယ္ေရးဝန္ထမ္းေတြနဲ႔ ရဲေတြ ေရာက္လာခဲ့ၾကပါတယ္။ ေနာက္ဆုံးမွာေတာ့ ကယ္ဆယ္ေရးဝန္ထမ္းေတြနဲ႔ ရဲေတြေပါင္းၿပီး အဆိုပါပင္လယ္ဖ်ံႀကီးကို ဝိုင္းဝန္းဖမ္းဆီးခဲ့ကာ ကားနဲ႔တင္ၿပီး ပင္လယ္ထဲသို႔ ညတြင္းခ်င္း ျပန္ပို႔ခဲ့ေပးၾကေၾကာင္း သိရပါတယ္။

“မွတ္မွတ္ရရ ကြၽန္ေတာ္က ကြၽန္ေတာ့္အခန္းထဲမွာ စာဖတ္ေနတာဗ်။ လမ္းေပၚကေန ဆူညံသံတစ္ခ်ိဳ႕ၾကားလိုက္ေသးတယ္။ ကြၽန္ေတာ္လဲ ဒီအတိုင္း အမႈမဲ့အမွတ္မဲ့ထားခဲ့ၿပီး စာဆက္ဖတ္ေနတာဗ်။ ၿပီးေတာ့ ကြၽန္ေတာ့္သားက အခန္းထဲေရာက္လာၿပီး အိမ္ေရွ႕က လမ္းမေပၚမွာ ဧရာမပင္လယ္ဖ်ံႀကီးတစ္ေကာင္ေလွ်ာက္သြားေနတယ္ဆိုၿပီး လာေျပာတယ္။ ကြၽန္ေတာ္က မယုံမရဲနဲ႔ ျပတင္းေပါက္က လွမ္းၾကည့္လိုက္မွ ေတာ္ေတာ္ကိုႀကီးတဲ့ ပင္လယ္ဖ်ံႀကီးဗ်ာ။ နည္းတာမဟုတ္ဘူး။

အနီးကပ္ၾကည့္ၾကည့္မွ ေတာ္ေတာ္ေလးေၾကာက္ဖို႔ေကာင္းတာ။ ဒါေပမယ့္ ဒီေကာင္ႀကီးက သူ႔ဟာသူေတာင္ လမ္းေပ်ာက္ေနတဲ့ပုံပဲဗ်။ ဘယ္သူ႔ကိုမွ အႏၲရာယ္မေပးဘူးဗ်။ ခဏလဲၾကာေတာ့ ကယ္ဆယ္ေရးဝန္ထမ္းေတြနဲ႔ ရဲေတြေရာက္လာၿပီး ကယ္သြားၾကၿပီး ပင္လယ္ထဲ ျပန္လႊတ္ေပးလိုက္ပါတယ္”လို႔ Puerto Cisnes ၿမိဳ႕မွ ၿမိဳ႕ခံျပည္သူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။

credit – shwemom

Unicode

ဧရာမပင်လယ်ဖျံကြီးကြောင့် ရုတ်ရုတ်သဲသဲဖြစ်သွားရတဲ့ ချီလီနိုင်ငံက မြို့ငယ်လေး

ချီလီနိုင်ငံရှိ မြို့ကလေးတစ်မြို့ကတော့ ပြီးခဲ့တဲ့ တနင်္လာနေ့(၅.၁၀.၂၀၂၀) ညတုန်းက မထင်မှတ်တဲ့ အဖြစ်အပျက်တစ်ခုကြောင့် မြို့နေပြည်သူများ အထိတ်တလန့် ဖြစ်ခဲ့ကြပါတယ်။ အကြောင်းအရင်းကတော့ ဧရာမပင်လယ်ဖျံကြီးတစ်ကောင်ဟာ အဆိုပါ မြို့ကလေးထဲကို ရုတ်တရက် ဝင်ရောက်လာခဲ့ပြီး လမ်းမပေါ်ကို လျှောက်သွားနေခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကံကောင်းတာတစ်ခုကတော့ အဆိုပါ ပင်လယ်ဖျံကြီးဟာ သူ့ဟာသူဟာ တစ်မြို့လုံးလျှောက်သွားနေခဲ့ပြီး ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အန္တရာယ်မပြုခဲ့ကြောင်း nzherald သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ အဖြစ်အပျက်ကတော့ ချီလီနိုင်ငံ၊ Puerto Cisnes မြို့ထဲမှာ ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။ ပင်လယ်ကမ်းခြေကနေ မျက်စိလည်လမ်းမှားရောက်လာခဲ့တဲ့ ဧရာမပယ်လယ်ဖျံကြီးတစ်ကောင်ဟာ Puerto Cisnes မြို့ထဲကို ညဖက်ကြီးမှာ ဝင်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါဖြစ်နေတဲ့အချိန်ဖြစ်တာကြောင့် မြို့နေလူထုလည်း ကိုယ့်အိမ်ထဲမှာပဲ အသီးသီးနေနေခဲ့ကြတာပဲ ဖြစ်ပြီး ဆူညံသံတွေကြောင့် အိမ်အပြင်ကို ထွက်ကြည့်တော့မှ ဧရာမပင်လယ်ဖျံကြီးတစ်ကောင် လမ်းပေါ်မှာ လျှောက်သွားနေမှန်း သိခဲ့ရတာပဲ ဖြစ်ပါတယ်။

ဒီလိုနဲ့ သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပြီးနောက်မှာတော့ ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့ ရဲတွေ ရောက်လာခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့ ရဲတွေပေါင်းပြီး အဆိုပါပင်လယ်ဖျံကြီးကို ဝိုင်းဝန်းဖမ်းဆီးခဲ့ကာ ကားနဲ့တင်ပြီး ပင်လယ်ထဲသို့ ညတွင်းချင်း ပြန်ပို့ခဲ့ပေးကြကြောင်း သိရပါတယ်။

“မှတ်မှတ်ရရ ကျွန်တော်က ကျွန်တော့်အခန်းထဲမှာ စာဖတ်နေတာဗျ။ လမ်းပေါ်ကနေ ဆူညံသံတစ်ချို့ကြားလိုက်သေးတယ်။ ကျွန်တော်လဲ ဒီအတိုင်း အမှုမဲ့အမှတ်မဲ့ထားခဲ့ပြီး စာဆက်ဖတ်နေတာဗျ။ ပြီးတော့ ကျွန်တော့်သားက အခန်းထဲရောက်လာပြီး အိမ်ရှေ့က လမ်းမပေါ်မှာ ဧရာမပင်လယ်ဖျံကြီးတစ်ကောင်လျှောက်သွားနေတယ်ဆိုပြီး လာပြောတယ်။ ကျွန်တော်က မယုံမရဲနဲ့ ပြတင်းပေါက်က လှမ်းကြည့်လိုက်မှ တော်တော်ကိုကြီးတဲ့ ပင်လယ်ဖျံကြီးဗျာ။ နည်းတာမဟုတ်ဘူး။

အနီးကပ်ကြည့်ကြည့်မှ တော်တော်လေးကြောက်ဖို့ကောင်းတာ။ ဒါပေမယ့် ဒီကောင်ကြီးက သူ့ဟာသူတောင် လမ်းပျောက်နေတဲ့ပုံပဲဗျ။ ဘယ်သူ့ကိုမှ အန္တရာယ်မပေးဘူးဗျ။ ခဏလဲကြာတော့ ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့ ရဲတွေရောက်လာပြီး ကယ်သွားကြပြီး ပင်လယ်ထဲ ပြန်လွှတ်ပေးလိုက်ပါတယ်”လို့ Puerto Cisnes မြို့မှ မြို့ခံပြည်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။

credit – shwemom

  • Leave a Comment