




Swelsone News

Unicode

Scholarship ရလို့ စင်ကာပူမှာ ကျောင်းသွားတက်ရတဲ့ ဝါဝါဝင်းရွှေရဲ့ မြေးမလေး ပန်းသွေး

တစ်ခေတ်တစ်ခါကတည်းက နာမည်ကြီးအောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသမီးချောဝါဝါဝင်းရွှေဟာဆိုရင် ယနေ့ခေတ်မှာလည်း ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုများစွာကို ရရှိထားပြီး အနုပညာနယ်ပယ်မှာဝါရင့်မင်းသမီးကြီးတစ်လက်အဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။ဝါဝါဝင်းရွှေက ယနေ့ချိန်ထိတိုင် လှပနုပျိုနေဆဲဖြစ်ပြီး ကျက်သရေရှိတဲ့အလှတရားတွေနဲ့ တောက်ပစွာလှနေတာဖြစ်ပါတယ်နော်။

ဝါဝါဝင်းရွှေက သူမရဲ့မြေးမလေးနှစ်ယောက်ဖြစ်တဲ့ ဝါရွှေနွယ်သွေးဝင်းနဲ့ဝင်းဝါပန်းမြတ်သူတို့ညီအစ်မနှစ်ယောက်ကိုလည်း အနုပညာရှင်တွေဖြစ်စေချင်တာဖြစ်ပါတယ်။မြေးမလေးနှစ်ယောက်ကလည်း ဖွားဖွားရဲ့အနုပညာသွေးတွေအပြည့်ပါတာကြောင့် အနုပညာကိုဝါသနာပါကြပြီး တတ်နိုင်သလောက်လေးလုပ်ဆောင်နေကြတာဖြစ်လို့ အကြီးမလေးဝါသွေးဆိုရင် ဖွားဖွားနဲ့အတူဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်နေတာပဲဖြစ်ပါတယ်။

အငယ်မလေးပန်းသွေးလေးကတော့ အရမ်းချစ်စရာကောင်းတဲ့မျက်နှာလှလှလေးကိုပိုင်ဆိုင်ထားပြီး ချစ်မွှေးပါတဲ့မိန်းကလေးပါနော်။ ပန်းသွေးလေးကတော့ လတ်တလောမှာ Scholarship ရလို့ စင်ကာပူမှာ ကျောင်းသွားတက်နေတာပဲဖြစ်ပါတယ်။ ပန်းသွေးက “နိုင်ငံတကာ အထက်တန်းကျောင်းဒီပလိုမာ (IB) တက်ဖို့ စင်္ကာပူ ကို COVID-19​ ကြားကတစ်ယောက်တည်းထွက်လာရပြီ ✈️

ပညာရေးအတွက်ဆိုတော့လည်း ချစ်တဲ့ ဖွားဖွား ဖေဖေ မေမေ မမ နှင့် သူငယ်ချင်းတွေကို ခဏတော့ခွဲနေရဦးမှာပေါ့😞” ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် စာတော်တဲ့ ဝါဝါဝင်းရွှေရဲ့ မြေးမလေး ပန်းသွေးအကြောင်းကိုဖော်ပြပေးလိုက်ပါတယ်နော်။

Swelsone News

  • Leave a Comment