




credit – Myanmarload

Unicode

မြန်မာဝတ်စုံ ပါတိတ်ဝမ်းစက်လေးနဲ့ သေးသွယ်သွယ်ခါးလေးကို ပေါ်လွင်စေပြီး လှရက်လွန်းနေတဲ့ ဆောင်းယွန်းစံ

ချစ်ရတဲ့ ပရိသတ်ကြီးရေ… သရုပ်ဆောင် မင်းသမီးချောလေး ဆောင်းယွန်းစံကတော့ ကြွေရက်စရာပုံရိပ်လှလှလေးတွေကို လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလာပြန်ပါပြီနော်။ ဆောင်းယွန်းက ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားပြီး စိတ်ထားလေးကလည်း ဖြူစင်မွန်မြတ်လွန်းတာကြောင့် မြင်သူတိုင်းက အချစ်ပိုနေကြတာကိုလည်း တွေ့ရပါတယ်။

ဆောင်းယွန်းက အကယ်ဒမီရွှေကြိုမယ်အဖြစ် အနုပညာလမ်းကြောင်းထက်မှာ စတင်လျှောက်လှမ်းခဲ့ပြီး နောက်ပိုင်းမှာတော့ ကြော်ငြာတွေနဲ့ music video တွေမှာ ပါဝင်သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်အားပေးချစ်ခင်မှုကို တစ်ခဲနက်ရရှိထားတဲ့ ဆောင်းယွန်းက လက်ရှိမှာလည်း အနုပညာလှုပ်ရှားမှုတွေအပြင် ပရဟိတလုပ်ငန်းတွေကိုလည်း ပါဝင်လုပ်ကိုင်နေတာကိုတွေ့ရပါတယ်။

ယနေ့မှာတော့ ဆောင်းယွန်းက လွမ်းနေတဲ့ ပရိသတ်တွေအတွက် ပုံရိပ်လှလှလေးတွေကို တင်ပေးလာတာပါ။ ကြည့်မိသူတိုင်း အချစ်ပိုစေလောက်အောင် မြန်မာဝတ်စုံ ပါတိတ်ဝမ်းစက်လေးနဲ့ သေးသွယ်သွယ်ခါးလေးကို ပေါ်လွင်နေတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်…. ။

Photo credit – Saung Yoon San

credit – Myanmarload

  • Leave a Comment