မြေငလျင်ဒဏ်ကြောင့် ထာဝရသေဆုံးသွားတဲ့မိခင်ကို တောင်းတနေခဲ့တဲ့ သနားစရာ အသက် ၅ နှစ်အရွယ်ကောင်လေးငယ်

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် Cianjur မှာ နိုဝင်ဘာ ၂၁ ရက်က ဖြစ်ပွားခဲ့တဲ့ ငလျင်ကြောင့် လူရာနဲ့ချီ သေဆုံးခဲ့ပါတယ်။ လက်ရှိမှာ မြေပြိုကျသောနေရာများကို ရှင်းလင်းရန်အတွက် စက်အမြောက်အမြားနဲ့ ကယ်ဆယ်ရေးသမား ၆,၀၀၀ ကို စုစည်းထားပါတယ်။ နိုဝင်ဘာ ၂၃ ရက်က ကယ်ဆယ်ရေးသမားများ လုပ်ဆောင်နေချိန်မှာ Azka အမည်ရှိ အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးကို တွေ့ရှိခဲ့ပြီး အပျက်အစီးများဘေးမှ ကယ်တင်ခဲ့ကြောင်း ဂါးဒီးယန်းသတင်းစာက ဖော်ပြခဲ့ပါတယ်။

အခင်းဖြစ်ပွါးတဲ့နေရာက မိုးရွာနေသေးကြောင်း သိရပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ ခက်ခဲလျက်ရှိပြီး လက်ရှိမှာ လူ ၄၀ ခန့်ကို ရှာတွေ့သေးကြောင်း သိရပါတယ်။ ကောင်လေးကို ရှာတွေ့ချိန်မှာတော့ သူ နိုးလာပြီး အတော်လေး ငြိမ်သက်သွားပါတယ်။ ကလေးက အခုဆို နေကောင်းနေပြီး ဒဏ်ရာမရရှိပါဘူး။ ကလေးငယ်က အချိန်အတော်ကြာ မြှုပ်ခံထားရသောကြောင့် ဆာလောင်မှု အားနည်းလာပါတယ်။ သူ့အမေကို တောင်းတပြီး အိမ်ပြန်ချင်တယ်လို့ ပြောပေမဲ့ ဝမ်းနည်းစရာကောင်းသည်မှာ Azka ရဲ့အမေက ထာဝရ ကွယ်လွန်သွားပြီလို့ ဆိုကြပါတယ်။

ငလျင်လှုပ်ပြီး ၁ ညသာ ကြာမြင့်ပြီးနောက်၊ Cianjur ဆေးရုံမှာ နေထိုင်ရန် ပြောင်းရွှေ့ ကုသမှု ခံယူနေသော ဒုက္ခသည်များနဲ့ ပြည့်နေပါတယ်။ လူအရေအတွက် များလွန်းသောကြောင့် ဆေးရုံက လုံလောက်စွာ မပြည့်မီသဖြင့် ရွက်ဖျင်တဲများ ဆောက်ထားရပါတယ်။ မြေငလျင်ကြောင့် ထွက်ခွာသွားသူဦးရေ အလွန်များလာသောအခါမှာ ပြင်းထန်သော အကျိုးဆက်များ ရှိခဲ့သည်။ လက်ရှိမှာ အဆိုပါနိုင်ငံက အကျိုးဆက်များကို အမျိုးမျိုးသော အစီအမံများဖြင့် ကျော်လွှားရန် ကြိုးစားနေဆဲဖြစ်ပါတယ်။

1

2

3

4

5

JRose(Tgidailynews)

Zawgyi

ေျမငလ်င္ဒဏ္ေၾကာင့္ ထာဝရေသဆုံးသြားတဲ့မိခင္ကို ေတာင္းတေနခဲ့တဲ့ သနားစရာ အသက္ ၅ ႏွစ္အ႐ြယ္ေကာင္ေလးငယ္

အင္ဒိုနီးရွားႏိုင္ငံ အေနာက္ဂ်ာဗားျပည္နယ္ Cianjur မွာ ႏိုဝင္ဘာ ၂၁ ရက္က ျဖစ္ပြားခဲ့တဲ့ ငလ်င္ေၾကာင့္ လူရာနဲ႔ခ်ီ ေသဆုံးခဲ့ပါတယ္။ လက္ရွိမွာ ေျမၿပိဳက်ေသာေနရာမ်ားကို ရွင္းလင္းရန္အတြက္ စက္အေျမာက္အျမားနဲ႔ ကယ္ဆယ္ေရးသမား ၆,၀၀၀ ကို စုစည္းထားပါတယ္။ ႏိုဝင္ဘာ ၂၃ ရက္က ကယ္ဆယ္ေရးသမားမ်ား လုပ္ေဆာင္ေနခ်ိန္မွာ Azka အမည္ရွိ အသက္ ၅ ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦးကို ေတြ႕ရွိခဲ့ၿပီး အပ်က္အစီးမ်ားေဘးမွ ကယ္တင္ခဲ့ေၾကာင္း ဂါးဒီးယန္းသတင္းစာက ေဖာ္ျပခဲ့ပါတယ္။

အခင္းျဖစ္ပြါးတဲ့ေနရာက မိုး႐ြာေနေသးေၾကာင္း သိရၿပီး ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရာမွာ ခက္ခဲလ်က္ရွိၿပီး လက္ရွိမွာ လူ ၄၀ ခန႔္ကို ရွာေတြ႕ေသးေၾကာင္း သိရပါတယ္။ ေကာင္ေလးကို ရွာေတြ႕ခ်ိန္မွာေတာ့ သူ ႏိုးလာၿပီး အေတာ္ေလး ၿငိမ္သက္သြားပါတယ္။ ကေလးက အခုဆို ေနေကာင္းေနၿပီး ဒဏ္ရာမရရွိပါဘူး။ ကေလးငယ္က အခ်ိန္အေတာ္ၾကာ ျမႇဳပ္ခံထားရေသာေၾကာင့္ ဆာေလာင္မႈ အားနည္းလာပါတယ္။ သူ႔အေမကို ေတာင္းတၿပီး အိမ္ျပန္ခ်င္တယ္လို႔ ေျပာေပမဲ့ ဝမ္းနည္းစရာေကာင္းသည္မွာ Azka ရဲ႕အေမက ထာဝရ ကြယ္လြန္သြားၿပီလို႔ ဆိုၾကပါတယ္။

ငလ်င္လႈပ္ၿပီး ၁ ညသာ ၾကာျမင့္ၿပီးေနာက္၊ Cianjur ေဆး႐ုံမွာ ေနထိုင္ရန္ ေျပာင္းေ႐ႊ႕ ကုသမႈ ခံယူေနေသာ ဒုကၡသည္မ်ားနဲ႔ ျပည့္ေနပါတယ္။ လူအေရအတြက္ မ်ားလြန္းေသာေၾကာင့္ ေဆး႐ုံက လုံေလာက္စြာ မျပည့္မီသျဖင့္ ႐ြက္ဖ်င္တဲမ်ား ေဆာက္ထားရပါတယ္။ ေျမငလ်င္ေၾကာင့္ ထြက္ခြာသြားသူဦးေရ အလြန္မ်ားလာေသာအခါမွာ ျပင္းထန္ေသာ အက်ိဳးဆက္မ်ား ရွိခဲ့သည္။ လက္ရွိမွာ အဆိုပါႏိုင္ငံက အက်ိဳးဆက္မ်ားကို အမ်ိဳးမ်ိဳးေသာ အစီအမံမ်ားျဖင့္ ေက်ာ္လႊားရန္ ႀကိဳးစားေနဆဲျဖစ္ပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories