လှည့်စားခံလိုက်ရလို့ ရည်းစားဟောင်းရဲ့အိမ်ရှေ့မှာ သူမရဲ့မျက်နှာနဲ့ ကြော်ငြာဘုတ်တစ်ခု ထောင်ပြီး ကလဲ့စားချေခဲ့တဲ့ အမျိုးသမီး

လူတော်တော်များများကတော့ စိတ်ထိခိုက်စရာ အတွေ့အကြုံ ရှိဖူးကြပါလိမ့်မယ်။ ထားခဲ့ခံရတာ၊ လှည့်စားရတာ (သို့) ရည်းစားဟောင်းက လမ်းခွဲလိုက်သည်ဖြစ်စေ ထိုလူကို ပြန်နာကျင်စေမဲ့ နည်းလမ်းမျိုးစုံကို ရှာကြလိမ့်မယ်လို့ အသက် ၂၅ နှစ်အရွယ် အဆိုတော် တေးရေးဆရာ L.A. Isa က သူမရဲ့ အဖြစ်အပျက်ကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ သူမက သစ္စာမဲ့တဲ့ရည်စားဟောင်းကို ကလဲ့စားချေတဲ့ နည်းလမ်းကို TikTok မှာ မျှဝေခဲ့ပါတယ်။

အဆိုတော် L.A. Isa က ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ ရည်းစားဟောင်းရဲ့အိမ်ရှေ့ကို ဆိုင်းဘုတ်ထောင်ဖို့ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ဆိုင်းဘုတ်ထောင်ရတဲ့အကြောင်းရင်းက ရည်းစားဟောင်းနဲ့ သူ့ရဲ့ကောင်မလေးအသစ်က သူမကို နေ့တိုင်းမြင်တွေ့နိုင်အောင်ရည်ရွယ်ချက်နဲ့လုပ်ခဲ့တာလို့ အဆိုတော် L.A. Isa က ဆိုပါတယ်။

သူမက “ကျွန်မရဲ့ ရည်းစားဟောင်းက ကျွန်မကို လှည့်စားခဲ့ပါတယ်။ ဒါနဲ့ သူ့တိုက်ခန်းမှာ ကျွန်မမျက်နှာနဲ့ ကြော်ငြာဘုတ်တစ်ခု ထောင်လိုက်တယ်။ ဒါကြောင့် သူနဲ့သူ့မိန်းမအသစ်က ကျွန်တော့်ကို နေ့တိုင်းမြင်တွေ့နေရမှာ” လို့ပြောပါတယ်။TikTok ပေါ်က လူတွေဟာ သူမရဲ့ လက်စားချေပုံကို မြင်ပြီး သဘောကျသွားပါတယ်။ Isa က အသည်းကွဲနေတဲ့ ဘယ်သူ့ကိုမဆို တစ်ယောက်တည်းကြိတ်ခံစားမနေဘဲ စိတ်ကျနပ်အောင် လက်စားပြန်ချေဖို့ အားပေးခဲ့ပါတယ်။ အနည်းဆုံးတော့ ကလဲ့စားချေတာက နာကြင်မှုကို ကူညီပေးနိုင်ပါတယ်။

1

2

3

4

JRose(Tgidailynews)

Zawgyi

လွည့္စားခံလိုက္ရလို႔ ရည္းစားေဟာင္းရဲ႕အိမ္ေရွ႕မွာ သူမရဲ႕မ်က္ႏွာနဲ႔ ေၾကာ္ျငာဘုတ္တစ္ခု ေထာင္ၿပီး ကလဲ့စားေခ်ခဲ့တဲ့ အမ်ိဳးသမီး

လူေတာ္ေတာ္မ်ားမ်ားကေတာ့ စိတ္ထိခိုက္စရာ အေတြ႕အႀကဳံ ရွိဖူးၾကပါလိမ့္မယ္။ ထားခဲ့ခံရတာ၊ လွည့္စားရတာ (သို႔) ရည္းစားေဟာင္းက လမ္းခြဲလိုက္သည္ျဖစ္ေစ ထိုလူကို ျပန္နာက်င္ေစမဲ့ နည္းလမ္းမ်ိဳးစုံကို ရွာၾကလိမ့္မယ္လို႔ အသက္ ၂၅ ႏွစ္အ႐ြယ္ အဆိုေတာ္ ေတးေရးဆရာ L.A. Isa က သူမရဲ႕ အျဖစ္အပ်က္ကို ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ သူမက သစၥာမဲ့တဲ့ရည္စားေဟာင္းကို ကလဲ့စားေခ်တဲ့ နည္းလမ္းကို TikTok မွာ မွ်ေဝခဲ့ပါတယ္။

အဆိုေတာ္ L.A. Isa က ကယ္လီဖိုးနီးယားျပည္နယ္မွာရွိတဲ့ ရည္းစားေဟာင္းရဲ႕အိမ္ေရွ႕ကို ဆိုင္းဘုတ္ေထာင္ဖို႔ ရင္းႏွီးျမဳပ္ႏွံခဲ့ပါတယ္။ ဆိုင္းဘုတ္ေထာင္ရတဲ့အေၾကာင္းရင္းက ရည္းစားေဟာင္းနဲ႔ သူ႔ရဲ႕ေကာင္မေလးအသစ္က သူမကို ေန႔တိုင္းျမင္ေတြ႕ႏိုင္ေအာင္ရည္႐ြယ္ခ်က္နဲ႔လုပ္ခဲ့တာလို႔ အဆိုေတာ္ L.A. Isa က ဆိုပါတယ္။

သူမက “ကြၽန္မရဲ႕ ရည္းစားေဟာင္းက ကြၽန္မကို လွည့္စားခဲ့ပါတယ္။ ဒါနဲ႔ သူ႔တိုက္ခန္းမွာ ကြၽန္မမ်က္ႏွာနဲ႔ ေၾကာ္ျငာဘုတ္တစ္ခု ေထာင္လိုက္တယ္။ ဒါေၾကာင့္ သူနဲ႔သူ႔မိန္းမအသစ္က ကြၽန္ေတာ့္ကို ေန႔တိုင္းျမင္ေတြ႕ေနရမွာ” လို႔ေျပာပါတယ္။TikTok ေပၚက လူေတြဟာ သူမရဲ႕ လက္စားေခ်ပုံကို ျမင္ၿပီး သေဘာက်သြားပါတယ္။ Isa က အသည္းကြဲေနတဲ့ ဘယ္သူ႔ကိုမဆို တစ္ေယာက္တည္းႀကိတ္ခံစားမေနဘဲ စိတ္က်နပ္ေအာင္ လက္စားျပန္ေခ်ဖို႔ အားေပးခဲ့ပါတယ္။ အနည္းဆုံးေတာ့ ကလဲ့စားေခ်တာက နာၾကင္မႈကို ကူညီေပးႏိုင္ပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories