လက်ထပ်ရန် မဆုံးဖြတ်မီ ၇ နှစ်ကြာ အတူတူနေထိုင်လာခဲ့ကြတဲ့ LGBT စုံတွဲနှစ်ဦး

မကြာသေးမီက Minh Hoai နဲ့ Van Phuc တို့ဟာ ၎င်းတို့ရဲ့ မင်္ဂလာဆောင် အခမ်းအနား ဓာတ်ပုံများကို လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့ပြီး ကြည့်ရှုသူများထံမှ အပြုသဘောဆောင်သော တုံ့ပြန်မှုများကို လျင်မြန်စွာ ရရှိခဲ့ပါတယ်။ မျှဝေထားသောပုံအရ Minh Hoai နဲ့ Van Phuc တို့ရဲ့မင်္ဂလာပွဲကို တောင်ပိုင်းရိုးရာအရောင်များဖြင့် ရဲရင့်စွာအလှဆင်ကာ ရိုးရှင်းသောပုံစံဖြင့် ကျင်းပခဲ့ပါတယ်။ နှစ်ဖက်ဆွေမျိုး မိတ်သင်္ဂဟများ နဲ့ ရွာသူရွာသားများ အားလုံးရဲ့ ပူးပေါင်းပါဝင်မှုဖြင့် ပျော်ရွှင်သောနေ့လေး ဖြစ်ခဲ့ပါတယ်။

Minh Hoai မှ အဆိုပါခမ်းနားထည်ဝါတဲ့ မင်္ဂလာပွဲကို ကျင်းပရန် မဆုံးဖြတ်မီမှာ Hoai နဲ့ Phuc က ၇ နှစ်ကြာ ချစ်ကြိုက်ခဲ့ပြီး အတူနေထိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ အစပိုင်းမှာတော့ သူတို့နှစ်ယောက်ဟာ ဘာကိုမှ စည်းရုံးဖို့ မရည်ရွယ်ဘဲ မိသားစုရဲ့ တားမြစ်မှုနဲ့ ပတ်ဝန်းကျင်က လူတွေရဲ့ ဝေဖန်မှုတွေကို ကြောက်ရွံ့တာကြောင့် လက်မထပ်ဘဲ အတူနေထိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ၇ နှစ်ကျော်ကြာ အတူနေထိုင်ပြီးနောက် ၎င်းတို့ရဲ့ အချစ်များ တိုးပွားလာကာ မိဘများရဲ့ စိတ်အားထက်သန်စွာ ပံ့ပိုးကူညီမှုများကြောင့် Hoai နဲ့ Phuc တို့က ၎င်းတို့ရဲ့ ချစ်ခြင်းမေတ္တာအထိမ်းအမှတ် မင်္ဂလာပွဲကျင်းပရန် ဆုံးဖြတ်ခဲ့ကြပါတယ်။

Hoai နဲ့ Phuc တို့က ၎င်းတို့ရဲ့အိမ်ထောင်ရေးဘဝမှာ ယုံကြည်မှုပိုရှိလာစေရန် လူတိုင်းရဲ့စိတ်အားထက်သန်စွာ ပံ့ပိုးကူညီမှုပင်ဖြစ်ပါတယ်။ အဆိုပါ LGBT စုံတွဲက မင်္ဂလာပွဲအပြီးမှာတော့ သူတို့ဟာ ဟန်းနီးမွန်းခရီးကို အတူတူ ခရီးတွေထွက်ခဲ့ကြပါသေးတယ်။ Hoai က “ချစ်ခြင်းမေတ္တာဟာ လိင်မခွဲခြားဘဲ စိတ်ရင်းမှန်နဲ့ ချစ်မယ်ဆိုရင် လူတိုင်းက ပျော်ရွှင်မှုကို ရလိမ့်မယ်လို့ ယုံကြည်ပါတယ်”။ Hoai နဲ့Phuc တို့ အတူတကွ တွေ့ကြုံခဲ့ရတဲ့ ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာ၊ အခက်အခဲမှ အမှတ်တရများဟာ ၎င်းတို့ ဇနီးမောင်နှံကို တစ်ယောက်ကိုတစ်ယောက် ပိုမိုတန်ဖိုးထားလာစေပါတယ်။ လက်ရှိမှာတော့ သူတို့ဇနီးမောင်နှံဟာ ရေရှည်တည်တံ့တဲ့ ပျော်ရွှင်မှုရရှိစေဖို့ ရည်ရွယ်ပြီး အိမ်တစ်လုံးဆောက်ဖို့ ကြိုးစားနေပါတယ်။

1

2

3

4

5

6

JRose(Tgidailynews)

Zawgyi

လက္ထပ္ရန္ မဆုံးျဖတ္မီ ၇ ႏွစ္ၾကာ အတူတူေနထိုင္လာခဲ့ၾကတဲ့ LGBT စုံတြဲႏွစ္ဦး

မၾကာေသးမီက Minh Hoai နဲ႔ Van Phuc တို႔ဟာ ၎တို႔ရဲ႕ မဂၤလာေဆာင္ အခမ္းအနား ဓာတ္ပုံမ်ားကို လူမႈကြန္ရက္ေပၚတြင္ တင္ခဲ့ၿပီး ၾကည့္ရႈသူမ်ားထံမွ အျပဳသေဘာေဆာင္ေသာ တုံ႔ျပန္မႈမ်ားကို လ်င္ျမန္စြာ ရရွိခဲ့ပါတယ္။ မွ်ေဝထားေသာပုံအရ Minh Hoai နဲ႔ Van Phuc တို႔ရဲ႕မဂၤလာပြဲကို ေတာင္ပိုင္း႐ိုးရာအေရာင္မ်ားျဖင့္ ရဲရင့္စြာအလွဆင္ကာ ႐ိုးရွင္းေသာပုံစံျဖင့္ က်င္းပခဲ့ပါတယ္။ ႏွစ္ဖက္ေဆြမ်ိဳး မိတ္သဂၤဟမ်ား နဲ႔ ႐ြာသူ႐ြာသားမ်ား အားလုံးရဲ႕ ပူးေပါင္းပါဝင္မႈျဖင့္ ေပ်ာ္႐ႊင္ေသာေန႔ေလး ျဖစ္ခဲ့ပါတယ္။

Minh Hoai မွ အဆိုပါခမ္းနားထည္ဝါတဲ့ မဂၤလာပြဲကို က်င္းပရန္ မဆုံးျဖတ္မီမွာ Hoai နဲ႔ Phuc က ၇ ႏွစ္ၾကာ ခ်စ္ႀကိဳက္ခဲ့ၿပီး အတူေနထိုင္ခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ အစပိုင္းမွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ ဘာကိုမွ စည္း႐ုံးဖို႔ မရည္႐ြယ္ဘဲ မိသားစုရဲ႕ တားျမစ္မႈနဲ႔ ပတ္ဝန္းက်င္က လူေတြရဲ႕ ေဝဖန္မႈေတြကို ေၾကာက္႐ြံ႕တာေၾကာင့္ လက္မထပ္ဘဲ အတူေနထိုင္ခဲ့ၾကပါတယ္။ ဒါေပမယ့္ ၇ ႏွစ္ေက်ာ္ၾကာ အတူေနထိုင္ၿပီးေနာက္ ၎တို႔ရဲ႕ အခ်စ္မ်ား တိုးပြားလာကာ မိဘမ်ားရဲ႕ စိတ္အားထက္သန္စြာ ပံ့ပိုးကူညီမႈမ်ားေၾကာင့္ Hoai နဲ႔ Phuc တို႔က ၎တို႔ရဲ႕ ခ်စ္ျခင္းေမတၱာအထိမ္းအမွတ္ မဂၤလာပြဲက်င္းပရန္ ဆုံးျဖတ္ခဲ့ၾကပါတယ္။

Hoai နဲ႔ Phuc တို႔က ၎တို႔ရဲ႕အိမ္ေထာင္ေရးဘဝမွာ ယုံၾကည္မႈပိုရွိလာေစရန္ လူတိုင္းရဲ႕စိတ္အားထက္သန္စြာ ပံ့ပိုးကူညီမႈပင္ျဖစ္ပါတယ္။ အဆိုပါ LGBT စုံတြဲက မဂၤလာပြဲအၿပီးမွာေတာ့ သူတို႔ဟာ ဟန္းနီးမြန္းခရီးကို အတူတူ ခရီးေတြထြက္ခဲ့ၾကပါေသးတယ္။ Hoai က “ခ်စ္ျခင္းေမတၱာဟာ လိင္မခြဲျခားဘဲ စိတ္ရင္းမွန္နဲ႔ ခ်စ္မယ္ဆိုရင္ လူတိုင္းက ေပ်ာ္႐ႊင္မႈကို ရလိမ့္မယ္လို႔ ယုံၾကည္ပါတယ္”။ Hoai နဲ႔Phuc တို႔ အတူတကြ ေတြ႕ႀကဳံခဲ့ရတဲ့ ေပ်ာ္႐ႊင္စရာ၊ ဝမ္းနည္းစရာ၊ အခက္အခဲမွ အမွတ္တရမ်ားဟာ ၎တို႔ ဇနီးေမာင္ႏွံကို တစ္ေယာက္ကိုတစ္ေယာက္ ပိုမိုတန္ဖိုးထားလာေစပါတယ္။ လက္ရွိမွာေတာ့ သူတို႔ဇနီးေမာင္ႏွံဟာ ေရရွည္တည္တံ့တဲ့ ေပ်ာ္႐ႊင္မႈရရွိေစဖို႔ ရည္႐ြယ္ၿပီး အိမ္တစ္လုံးေဆာက္ဖို႔ ႀကိဳးစားေနပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories