မွေးရာပါ ရှားရှားပါးပါး အပြာရောင်မျက်လုံးတစ်စုံကြောင့် မျက်စိမှုန်ခြင်းနဲ့ ကျန်းမာရေးကိုထိခိုက်စေပြီး ကျောင်းဆက်မတက်နိုင်ဘဲ ထီရောင်းနေခဲ့တဲ့ ၁၁ နှစ်အရွယ်ကောင်လေး

အရောင်အမျိုးမျိုးရှိတဲ့ မျက်လုံးနှစ်လုံးနဲ့ မွေးဖွားလာတာဟာ ဘယ်သူကမှ ကြိုမသိနိုင်ပေမယ့် ယုတ်ညံ့တယ်လို့ ခံစားရမယ့်အစား ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေဟာ အကောင်းမြင်စိတ်နဲ့ နေထိုင်နေကြဆဲဖြစ်ပြီး လူတိုင်းက အထင်ကြီးလေးစားလာကြပါတယ်။ အာရှသားတွေဟာ အဝါရောင် အသားအရည်၊ အညိုရောင် (သို့) အနက်ရောင် မျက်လုံးပုံတွေနဲ့ ဆက်စပ်နေတတ်ပါတယ်။ ဒါပေမဲ့ အမှန်တကယ်မှာ အလွန်ရှားပါးသော မျက်လုံး ၂ ရောင်ရှိတဲ့ မွေးရာပါအခြေအနေများလည်း ရှိပါသေးတယ်။

ချန်နယ်တစ်ခုက Soc Trang မှာနေထိုင်တဲ့ အသက် ၁၁ နှစ်အရွယ် Bear လို့ နာမည်ပြောင်ပေးထားတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဗီဒီယိုဖိုင်ကို တင်လိုက်တဲ့အခါ အင်တာနက်သုံးစွဲသူတော်တော်များများက တုန်လှုပ်ခြောက်ခြားနေကြပါတယ်။ သူ့ရွယ်တူတွေနဲ့ မတူတာက ဒီကောင်လေးဟာ ကြောင်မျက်လုံးလို့ လူသိများတဲ့ အပြာရောင်မျက်လုံးတစ်စုံရှိပါတယ်။ သူတို့ရဲ့ကလေးကို ကလေးဆေးရုံမှာ စစ်ဆေးပြီး ကုသမှုခံယူတဲ့အခါမှာ မျိုးဗီဇကွဲလွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ရှားပါးရောဂါလက္ခဏာတစ်ခုဖြစ်ကြောင်း Bear ရဲ့မိဘတွေက သိရှိခဲ့ကြပါတယ်။

ထူးထူးခြားခြား အပြာရောင်မျက်လုံးတွေအပြင်၊ မျက်စိမှုန်ခြင်း နဲ့ ကျန်းမာရေး ခက်ခဲခြင်းကြောင့် ကျောင်းဆက်မတက်နိုင်ရခြင်းရဲ့ အဓိက အကြောင်းရင်း ဖြစ်ပြီး သူ ၂ တန်းသာ ပြီးခဲ့ပါတယ်။ လက်ရှိမှာ အသက် ၁၁ နှစ်အရွယ်ကလေးငယ်က ၎င်းရဲ့မိသားစုကို ကူညီထောက်ပံ့ရန်အတွက် ထီလက်မှတ်အရောင်းသမားအဖြစ် လုပ်ကိုင်လျက်ရှိပါတယ်။ တခါတရံမှာ မတူကွဲပြားတာကို အပြုသဘောဆောင်တဲ့ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဆိုးရွားတဲ့ အရာတော့ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းက ချို့ယွင်းနေပါစေ ထူးဆန်းနေပါစေ လူတိုင်းဟာ ဒီဘဝမှာ အကောင်းဆုံးအရာတွေနဲ့ ထိုက်တန်တာကြောင့် ကိုယ့်ကိုယ်ကို ပိုချစ်တတ်လာမယ်လို့ မျှော်လင့်ပါတယ်။

1

2

3

4

5

JRose(Tgidailynews)

Zawgyi

ေမြးရာပါ ရွားရွားပါးပါး အျပာေရာင္မ်က္လုံးတစ္စုံေၾကာင့္ မ်က္စိမႈန္ျခင္းနဲ႔ က်န္းမာေရးကိုထိခိုက္ေစၿပီး ေက်ာင္းဆက္မတက္ႏိုင္ဘဲ ထီေရာင္းေနခဲ့တဲ့ ၁၁ ႏွစ္အ႐ြယ္ေကာင္ေလး

အေရာင္အမ်ိဳးမ်ိဳးရွိတဲ့ မ်က္လုံးႏွစ္လုံးနဲ႔ ေမြးဖြားလာတာဟာ ဘယ္သူကမွ ႀကိဳမသိႏိုင္ေပမယ့္ ယုတ္ညံ့တယ္လို႔ ခံစားရမယ့္အစား ေယာက္်ားေလးေတြနဲ႔ မိန္းကေလးေတြဟာ အေကာင္းျမင္စိတ္နဲ႔ ေနထိုင္ေနၾကဆဲျဖစ္ၿပီး လူတိုင္းက အထင္ႀကီးေလးစားလာၾကပါတယ္။ အာရွသားေတြဟာ အဝါေရာင္ အသားအရည္၊ အညိဳေရာင္ (သို႔) အနက္ေရာင္ မ်က္လုံးပုံေတြနဲ႔ ဆက္စပ္ေနတတ္ပါတယ္။ ဒါေပမဲ့ အမွန္တကယ္မွာ အလြန္ရွားပါးေသာ မ်က္လုံး ၂ ေရာင္ရွိတဲ့ ေမြးရာပါအေျခအေနမ်ားလည္း ရွိပါေသးတယ္။

ခ်န္နယ္တစ္ခုက Soc Trang မွာေနထိုင္တဲ့ အသက္ ၁၁ ႏွစ္အ႐ြယ္ Bear လို႔ နာမည္ေျပာင္ေပးထားတဲ့ ေကာင္ေလးတစ္ေယာက္ရဲ႕ ဗီဒီယိုဖိုင္ကို တင္လိုက္တဲ့အခါ အင္တာနက္သုံးစြဲသူေတာ္ေတာ္မ်ားမ်ားက တုန္လႈပ္ေျခာက္ျခားေနၾကပါတယ္။ သူ႔႐ြယ္တူေတြနဲ႔ မတူတာက ဒီေကာင္ေလးဟာ ေၾကာင္မ်က္လုံးလို႔ လူသိမ်ားတဲ့ အျပာေရာင္မ်က္လုံးတစ္စုံရွိပါတယ္။ သူတို႔ရဲ႕ကေလးကို ကေလးေဆး႐ုံမွာ စစ္ေဆးၿပီး ကုသမႈခံယူတဲ့အခါမွာ မ်ိဳးဗီဇကြဲလြဲမႈေၾကာင့္ ျဖစ္ေပၚလာတဲ့ ရွားပါးေရာဂါလကၡဏာတစ္ခုျဖစ္ေၾကာင္း Bear ရဲ႕မိဘေတြက သိရွိခဲ့ၾကပါတယ္။

ထူးထူးျခားျခား အျပာေရာင္မ်က္လုံးေတြအျပင္၊ မ်က္စိမႈန္ျခင္း နဲ႔ က်န္းမာေရး ခက္ခဲျခင္းေၾကာင့္ ေက်ာင္းဆက္မတက္ႏိုင္ရျခင္းရဲ႕ အဓိက အေၾကာင္းရင္း ျဖစ္ၿပီး သူ ၂ တန္းသာ ၿပီးခဲ့ပါတယ္။ လက္ရွိမွာ အသက္ ၁၁ ႏွစ္အ႐ြယ္ကေလးငယ္က ၎ရဲ႕မိသားစုကို ကူညီေထာက္ပံ့ရန္အတြက္ ထီလက္မွတ္အေရာင္းသမားအျဖစ္ လုပ္ကိုင္လ်က္ရွိပါတယ္။ တခါတရံမွာ မတူကြဲျပားတာကို အျပဳသေဘာေဆာင္တဲ့ ရႈေထာင့္ကေန ၾကည့္မယ္ဆိုရင္ ဆိုး႐ြားတဲ့ အရာေတာ့ မဟုတ္ပါဘူး။ ခႏၶာကိုယ္ရဲ႕ ဘယ္အစိတ္အပိုင္းက ခ်ိဳ႕ယြင္းေနပါေစ ထူးဆန္းေနပါေစ လူတိုင္းဟာ ဒီဘဝမွာ အေကာင္းဆုံးအရာေတြနဲ႔ ထိုက္တန္တာေၾကာင့္ ကိုယ့္ကိုယ္ကို ပိုခ်စ္တတ္လာမယ္လို႔ ေမွ်ာ္လင့္ပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories