မနက်ဖြန်မှာ မင်္ဂလာဆောင်ရမှာဖြစ်ပေမဲ့ ညဘက်တွေ အပျော်လွန်းပြီး အိပ်ရာမထနိုင်တဲ့ သတို့သမီးကို အိပ်နေရင်း အနေအထားမှာဘဲ အလှပြင်ပေးခဲ့တဲ့ မိတ်ကပ်ဆရာ

မကြာသေးမီက TikToker LD က သူတို့ရဲ့ မင်္ဂလာဆောင်တဲ့ ဗီဒီယိုအတိုလေးကို မျှဝေခဲ့ပါတယ်။ မနေ့ညက အရမ်းပျော်နေတာကြောင့် နောက်တစ်နေ့မနက်မှာတော့ မိတ်ကပ်လိမ်းရန် သတို့သမီးကို ဝိုင်းဆွဲပြီး နိုးခဲ့ပေမဲ့ သူမမနိုးခဲ့ပါဘူး။ နောက်ဆုံးမှာ အခြားနည်းလမ်းမရှိသောကြောင့် မိတ်ကပ်ဆရာက သတို့သမီးအိပ်ပျော်နေဆဲအခြေအနေမှာဘဲ မိတ်ကပ်လိမ်းပေးရန် ဆုံးဖြတ်ခဲ့ပါတယ်။ လုပ်ငန်းခွင်မှာ အတွေ့အကြုံရပုံရှိတာကြောင့် မိတ်ကပ်ဆရာက သိပ်စိတ်မရှုပ်ပါဘူး။

သတို့သမီး အိပ်ပျော်နေချိန်မှာဘဲ မိတ်ကပ်ဆရာက လိမ်းရှယ်ပေးခဲ့ပါတယ်။ ဖောင်ဒေးရှင်း၊ eyeliner၊ နှုတ်ခမ်းနီစသည့် အဆင့်တိုင်းင ပြီးပြည့်စုံပြီး အလွန်ကောင်းမွန်ပါတယ်။ သတို့သမီးက မျက်လုံးမှိတ်ထားသော်လည်း မျက်တောင်နဲ့ eyeliner ဆွဲခြင်းလုပ်ငန်းစဉ်က ပရော်ဖက်ရှင်နယ်ဖြစ်နေဆဲဖြစ်ပါတယ်။ အိပ်ပျော်နေတဲ့ သတို့သမီးနဲ့ လိမ်းရှယ်နေရတဲ့ မိတ်ကပ်ပညာရှင်တစ်ယောက်ရဲ့ ပုံရိပ်ကို ကြည့်ပြီး လူတွေက ရယ်မောခဲ့ရပါတယ်။ မိတ်ကပ်ဆရာများစွာရဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့် သတို့သမီးလေးဟာ ခင်ပွန်းဖြစ်သူ အိမ်ပြန်ဖို့ ချက်ခြင်းဆိုသလို လှပတဲ့မျက်နှာလေးကို ပိုင်ဆိုင်လာခဲ့တာပဲဖြစ်ပါတယ်။

မိတ်ကပ် နဲ့ ဆံပင် အလှပြင်တဲ့ အဆင့်တွေ အားလုံး ပြီးသွားတဲ့အချိန်မှာတော့ သတို့သမီးလေးဟာ လှပသစ်လွင်လာခဲ့ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့နေ့လေးမှာ လူတိုင်းက အလှပဆုံးနဲ့ အတောက်ပဆုံးဖြစ်ချင်ကြတာမို့ သတို့သမီးလေးအနေနဲ့ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေကို ရှောင်ရှားဖို့ သင့်တော်တဲ့ အချိန်ကို စီစဉ်ပေးသင့်ပါတယ်။

1

2

3

4

5

JRose(Tgidailynews)

Zawgyi





JRose(Tgidailynews)

  • Leave a Comment

Categories