တာဝန်ကို ထမ်းဆောင်ပြီးနောက် မီးလောင်ဒဏ်ရာများရရှိထားတဲ့ မီးသတ်သမားတစ်ဦးကို မကူညီနိုင်လို့ လူအများက စိတ်မကောင်းဖြစ်ခဲ့ကြ

စစ်သားများက ၎င်းတို့ရဲ့ အသက်ကို စတေးရသလို မီးငြှိမ်းသတ်ခြင်းလုပ်ငန်းဟာလည်း အလွန်အန္တရာယ်များပါတယ်။ ဒါတောင် သူတို့ ဘယ်တော့မှ မတုန်မလှုပ်ဘဲ လူတွေကို ကယ်တင်ရန် စိတ်အားထက်သန်နေခဲ့ပါတယ်။ TikToker DNH ကောင်လေးတစ်ဦးက တာဝန်ကျနေစဉ် သူ့ကိုယ် မီးလောင်သွားတဲ့ ဗီဒီယိုအတိုလေးကို မျှဝေခဲ့ဖူးပါတယ်။ သူ ရေးသားခဲ့တာက “လူတော်တော်များများက ကြောက်သလားလို့ ငါတို့ကို မေးဖူးတယ်။ ဘယ်သူက မကြောက်ရမှာလဲလို့ ပြန်ဖြေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကြောက်တာ လူတွေကို မကယ်တင်နိုင်မှာဘဲ။”

ဗီဒီယိုထဲမှာတော့ မီးငြှိမ်းသတ်ရေးမစ်ရှင်ကို လုပ်ဆောင်ပြီးနောက် လက်နဲ့ခြေတွေမှာ မီးလောင်ဒဏ်ရာတွေ ပြင်းပြင်းထန်ထန် ခံစားခဲ့ရပါတယ်။ ထို့နောက် အသင်းဖော်များက သူ့ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်။ လက်နဲ့ခြေထောက်များကို ပတ်တီးများဖြင့် ဖုံးအုပ်ထားတာကို မြင်လိုက်ရသဖြင့် လူအများက မကူညီနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်မိကြပါတယ်။ အချိန်အတော်ကြာတော့ မီးသတ်သမားက ပြန်လည်ကောင်းမွန်လာပေမယ့် သူ့ခန္ဓာကိုယ်မှာ အမာရွတ်တွေ ကျန်နေပါသေးတယ်။

အဆိုပါကောင်လေးက အန္တရာယ်နဲ့ နာကျင်မှုများကြားမှ အကောင်းမြင်ကာ တောက်ပစွာ ပြုံးနေသေးပါတယ်။ လူများစွာက ကောင်လေးကို ဒုက္ခရောက်သူတွေကို ဆွေမျိုးသားချင်းတွေလို အမြဲတမ်း စေတနာထားပေးတဲ့အတွက် အမျိုးသားရဲဘော်တွေနဲ့ သူ့ရဲ့အသင်းဖော်တွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ သူတစ်ပါးရဲ့ ငြိမ်းချမ်းမှုကို ကာကွယ်ရန် မိမိတို့ရဲ့ အသက်အန္တရာယ်ကို စွန့်စားရတဲ့အခါမှာ မီးငြှိမ်းသတ်ခြင်းလုပ်ငန်းက အလွန်မွန်မြတ်လှပါတယ်။

1

2

3

4

5

6

JRose(Tgidailynews)

Zawgyi

တာဝန္ကို ထမ္းေဆာင္ၿပီးေနာက္ မီးေလာင္ဒဏ္ရာမ်ားရရွိထားတဲ့ မီးသတ္သမားတစ္ဦးကို မကူညီႏိုင္လို႔ လူအမ်ားက စိတ္မေကာင္းျဖစ္ခဲ့ၾက

စစ္သားမ်ားက ၎တို႔ရဲ႕ အသက္ကို စေတးရသလို မီးျငႇိမ္းသတ္ျခင္းလုပ္ငန္းဟာလည္း အလြန္အႏၲရာယ္မ်ားပါတယ္။ ဒါေတာင္ သူတို႔ ဘယ္ေတာ့မွ မတုန္မလႈပ္ဘဲ လူေတြကို ကယ္တင္ရန္ စိတ္အားထက္သန္ေနခဲ့ပါတယ္။ TikToker DNH ေကာင္ေလးတစ္ဦးက တာဝန္က်ေနစဥ္ သူ႔ကိုယ္ မီးေလာင္သြားတဲ့ ဗီဒီယိုအတိုေလးကို မွ်ေဝခဲ့ဖူးပါတယ္။ သူ ေရးသားခဲ့တာက “လူေတာ္ေတာ္မ်ားမ်ားက ေၾကာက္သလားလို႔ ငါတို႔ကို ေမးဖူးတယ္။ ဘယ္သူက မေၾကာက္ရမွာလဲလို႔ ျပန္ေျဖပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ေၾကာက္တာ လူေတြကို မကယ္တင္ႏိုင္မွာဘဲ။”

ဗီဒီယိုထဲမွာေတာ့ မီးျငႇိမ္းသတ္ေရးမစ္ရွင္ကို လုပ္ေဆာင္ၿပီးေနာက္ လက္နဲ႔ေျခေတြမွာ မီးေလာင္ဒဏ္ရာေတြ ျပင္းျပင္းထန္ထန္ ခံစားခဲ့ရပါတယ္။ ထို႔ေနာက္ အသင္းေဖာ္မ်ားက သူ႔ကို ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ပါတယ္။ လက္နဲ႔ေျခေထာက္မ်ားကို ပတ္တီးမ်ားျဖင့္ ဖုံးအုပ္ထားတာကို ျမင္လိုက္ရသျဖင့္ လူအမ်ားက မကူညီႏိုင္တဲ့အတြက္ စိတ္မေကာင္းျဖစ္မိၾကပါတယ္။ အခ်ိန္အေတာ္ၾကာေတာ့ မီးသတ္သမားက ျပန္လည္ေကာင္းမြန္လာေပမယ့္ သူ႔ခႏၶာကိုယ္မွာ အမာ႐ြတ္ေတြ က်န္ေနပါေသးတယ္။

အဆိုပါေကာင္ေလးက အႏၲရာယ္နဲ႔ နာက်င္မႈမ်ားၾကားမွ အေကာင္းျမင္ကာ ေတာက္ပစြာ ၿပဳံးေနေသးပါတယ္။ လူမ်ားစြာက ေကာင္ေလးကို ဒုကၡေရာက္သူေတြကို ေဆြမ်ိဳးသားခ်င္းေတြလို အၿမဲတမ္း ေစတနာထားေပးတဲ့အတြက္ အမ်ိဳးသားရဲေဘာ္ေတြနဲ႔ သူ႔ရဲ႕အသင္းေဖာ္ေတြကို ေက်းဇူးတင္စကားဆိုခဲ့ပါတယ္။ သူတစ္ပါးရဲ႕ ၿငိမ္းခ်မ္းမႈကို ကာကြယ္ရန္ မိမိတို႔ရဲ႕ အသက္အႏၲရာယ္ကို စြန႔္စားရတဲ့အခါမွာ မီးျငႇိမ္းသတ္ျခင္းလုပ္ငန္းက အလြန္မြန္ျမတ္လွပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories