၂ ရက္ဆက္တိုက္မိုး႐ြာသြန္းၿပီး သက္တမ္း ၁၁၇ ႏွစ္ရွိေရွးေဟာင္းေရတြင္း ေျမၿပိဳ၍ ၄ မီတာ တြင္းနက္ႀကီး ျဖစ္ပြားခဲ့

ထိုင္းႏိုင္ငံ၊ နခြန္ဖႏုံစီရင္စု၊ ေရႏူနခြန္ၿမိဳ႕၊ နာငမ္းေက်း႐ြာအုပ္စုရွိ ဘုန္းႀကီးေက်ာင္းတစ္ေက်ာင္းရွိ သက္တမ္း ၁၁၇ ႏွစ္ရွိၿပီျဖစ္ေသာ ေရွးေဟာင္းေရတြင္းႀကီးတစ္တြင္းတြင္ ၂ ရက္ဆက္တိုက္မိုးမ်ား႐ြာသြန္းမႈျဖစ္ပြားၿပီးေနာက္ ေျမမ်ားၿပိဳက်၍ အက်ယ္ ၅ မီတာႏွင့္ အနက္ ၄ မီတာရွိေသာ တြင္းနက္ႀကီးတစ္ခု ျဖစ္ေပၚလာခဲ့ပါတယ္။

အဆိုပါေရွးေဟာင္းေရတြင္းသည္ ဘုန္းႀကီးေက်ာင္းစတင္တည္ေဆာက္ခ်ိန္ႏွင့္အတူ တူးေဖာ္ခဲ့ၿပီး၊ ေက်ာင္းေဆာင္ႀကီးႏွင့္ ၇ မီတာကြာရွိၿပီး၊ အိပ္ေဆာင္ႏွင့္ ၅ မီတာကြာပါတယ္။ တစ္ႏွစ္ပတ္လုံးေရမ်ားမခန္းဘဲ ယေန႔ခ်ိန္အထိ အသုံးျပဳေနဆဲ ေရတြင္းလည္းျဖစ္ပါတယ္။

ပုံမွန္အခ်ိန္ေတြမွာ အနီးနားတဝႈိက္က ကိုရင္ေလးေတြ၊ ကပၸိယေတြ၊ အနီးနားက ကေလးေတြပါ လာေဆာ့ကစားေလ့ ရွိပါတယ္။ ဒါေပမယ့္ ဒီရက္ပိုင္းက မိုးမ်ားေတာက္ေလွ်ာက္႐ြာေန၍ လာေဆာ့တဲ့လူေတြမရွိခဲ့ပါဘူး။

ကြၽမ္းက်င္သူ၏ေျပာၾကားခ်က္အရ ေရတြင္း၏တည္ေနရာက သဲေျမမ်ားျဖစ္ၿပီး မိုးေရမ်ားတိုက္စားမႈေၾကာင့္ ေအာက္ေျခမခိုင္ဘဲ ေျမၿပိဳက်ျခင္း အလြယ္တကူျဖစ္ပြားေၾကာင္းဆိုထား ပါတယ္။ ရပ္႐ြာ၏သမိုင္းဝင္ေရွးေဟာင္းေရတြင္းႀကီး ၿပိဳက်သြားေသာျဖစ္ရပ္အေပၚ ေဒသခံေတာ္ေတာ္မ်ားမ်ားက အလြန္ႏွေျမာဝမ္းနည္းမိေၾကာင္း ေျပာဆိုထားပါတယ္။

credit – popolay

Unicode

၂ ရက်ဆက်တိုက်မိုးရွာသွန်းပြီး သက်တမ်း ၁၁၇ နှစ်ရှိရှေးဟောင်းရေတွင်း မြေပြို၍ ၄ မီတာ တွင်းနက်ကြီး ဖြစ်ပွားခဲ့

ထိုင်းနိုင်ငံ၊ နခွန်ဖနုံစီရင်စု၊ ရေနူနခွန်မြို့၊ နာငမ်းကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိ သက်တမ်း ၁၁၇ နှစ်ရှိပြီဖြစ်သော ရှေးဟောင်းရေတွင်းကြီးတစ်တွင်းတွင် ၂ ရက်ဆက်တိုက်မိုးများရွာသွန်းမှုဖြစ်ပွားပြီးနောက် မြေများပြိုကျ၍ အကျယ် ၅ မီတာနှင့် အနက် ၄ မီတာရှိသော တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။

အဆိုပါရှေးဟောင်းရေတွင်းသည် ဘုန်းကြီးကျောင်းစတင်တည်ဆောက်ချိန်နှင့်အတူ တူးဖော်ခဲ့ပြီး၊ ကျောင်းဆောင်ကြီးနှင့် ၇ မီတာကွာရှိပြီး၊ အိပ်ဆောင်နှင့် ၅ မီတာကွာပါတယ်။ တစ်နှစ်ပတ်လုံးရေများမခန်းဘဲ ယနေ့ချိန်အထိ အသုံးပြုနေဆဲ ရေတွင်းလည်းဖြစ်ပါတယ်။

ပုံမှန်အချိန်တွေမှာ အနီးနားတဝှိုက်က ကိုရင်လေးတွေ၊ ကပ္ပိယတွေ၊ အနီးနားက ကလေးတွေပါ လာဆော့ကစားလေ့ ရှိပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်းက မိုးများတောက်လျှောက်ရွာနေ၍ လာဆော့တဲ့လူတွေမရှိခဲ့ပါဘူး။

ကျွမ်းကျင်သူ၏ပြောကြားချက်အရ ရေတွင်း၏တည်နေရာက သဲမြေများဖြစ်ပြီး မိုးရေများတိုက်စားမှုကြောင့် အောက်ခြေမခိုင်ဘဲ မြေပြိုကျခြင်း အလွယ်တကူဖြစ်ပွားကြောင်းဆိုထား ပါတယ်။ ရပ်ရွာ၏သမိုင်းဝင်ရှေးဟောင်းရေတွင်းကြီး ပြိုကျသွားသောဖြစ်ရပ်အပေါ် ဒေသခံတော်တော်များများက အလွန်နှမြောဝမ်းနည်းမိကြောင်း ပြောဆိုထားပါတယ်။

credit – popolay

  • Leave a Comment