အိမ်ရဲ့ အတွင်းပိုင်းရော အပြင်ပိုင်းပါ အရာအားလုံးကို ရွှေဖြင့် အလှဆင်ဆောက်လုပ်ခဲ့တဲ့ စွန့်ဦးတီထွင်သူတစ်ဦး(ရုပ်သံ)

ဗီယက်နမ်နိုင်ငံရဲ့စတုတ္ထအကြီးဆုံးမြို့ဖြစ်သော Can Tho မှ စွန့်ဦးတီထွင်သူတစ်ဦးဟာ အတွင်းနဲ့အပြင်ကို ရွှေရောင်ခြယ်ထားတဲ့ ၎င်းရဲ့ထူးခြားသောအိမ်ကြောင့် အာရုံစိုက်မှုများစွာရရှိနေပါတယ်။ အဆိုပါ စွန့်ဦးတီထွင်သူဟာ Mr. Nguyen Van Trung လို့ခေါ်ပြီး အိမ်ခြံမြေလုပ်ငန်းမှာ ချမ်းသာကြွယ်ဝလာသူ ဗီယက်နမ်စီးပွါးရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းရှိ နိုင်ငံများစွာကို အလည်အပတ်သွားရောက်ပြီးနောက်မှာ သူ့ဇာတိမြို့သို့ ပြန်လာကာ ကမ္ဘာလှည့်ခရီးသည်များအတွက် အမှန်တကယ်ဆွဲဆောင်မှုရှိသော အိမ်တစ်လုံးကို ဆောက်လုပ်ရန် ဆုံးဖြတ်ခဲ့ပြီး အိမ်အလှဆင်သူနဲ့ စကားပြောဆိုပြီးနောက် ရွှေရောင်အပြင်အဆင်ကို ဆောက်လုပ်ရန် ဆုံးဖြတ်ခဲ့ပါတယ်။

မျှဝေထားတဲ့ဓါတ်ပုံများမှာ ထင်ရှားစွာတွေ့မြင်ရသည့်အတိုင်း Mr. Nguyen က သူ့ရဲ့အိမ်ကို ရွှေပိန်းချခြင်းနဲ့အတူ နံရံများမှ ပရိဘောဂများနဲ့ မီးဖိုချောင်သုံးပစ္စည်းများအထိ အမျိုးမျိုးသော အရာအားလုံးက ရွှေဖြင့်ပြုလုပ်ထားတာပါ။ ဗီယက်နမ် စွန့်ဦးတီထွင်သူ က သူဟာ ရွှေပိန်းချထားသော အိမ်တစ်လုံးကို ခဏတာ ထားရန် ဆုံးဖြတ်ခဲ့ကြောင်း Daily Car သို့ ပြောကြားခဲ့သော်လည်း လက်တွေ့ အကောင်အထည် ဖော်ရန် အချိန်ကို လွန်ခဲ့တဲ့ ခြောက်နှစ်ခန့်ကပင် ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပရောဂျက်ကို ပြီးမြောက်ရန် သုံးနှစ်ခန့် အချိန်ယူခဲ့သော်လည်း ပြင်ဆင်ပြီးတာနဲ့ ၎င်းဟာ အနည်းငယ်သော ဒေသဆိုင်ရာ ဆွဲဆောင်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။ ရွှေရောင်လွှမ်းထားတဲ့ အပြင်ပိုင်းက လမ်းသွားလမ်းလာအားလုံးရဲ့ မျက်စိများကို ဖမ်းစားနိုင်ကာ အများစုမှာ ဓာတ်ပုံရိုက်ရန် ရပ်တန့်ပြီး ထူးခြားသော ဗိသုကာလက်ရာများနဲ့ လသာဆောင်များမှာ အလှဆင်ထားသည့် ရွှေရုပ်ပွားတော်များကို စိုက်ကြည့်နေကြပါတယ်။ ဒါပေမယ့် ရွှေကို ပိုင်ရှင်ရဲ့ စွဲလမ်းမှုက အတွင်းပိုင်းမှာ ပိုသိသာပါတယ်။ အိမ်ရဲ့အပြင်ပိုင်းနဲ့ အတွင်းပိုင်းကို 18K ရွှေဖြင့်ပြုလုပ်ထားတယ်လို့ Mr. Nguyen က ဆိုပါတယ်။

၎င်းရဲ့ထူးခြားသောအိမ်မှ ထုတ်ပေးသော စိတ်ဝင်စားမှုကို သတိပြုမိပြီးနောက် Mr. Nguyen က ၎င်းအား သင့်လျော်သော ခရီးသွားဆွဲဆောင်မှုအဖြစ် ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ပြီး ခရီးသွားတစ်ဦးလျှင် ဒေါင် 50,000 (၄ ဒေါ်လာ) ကောက်ခံခဲ့ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက ဒါဟာ ဗီယက်နမ်ရဲ့ တစ်ခုတည်းသော ရွှေရောင်ချတဲ့ အဆောက်အဦး မဟုတ်ပါဘုး။ ဟိုးအရင်တုန်းကတော့ 24K ရွှေနဲ့လုပ်ထားတဲ့ ကမ္ဘာ့ပထမဆုံး မိုးမျှော်တိုက်အကြောင်း ရေးခဲ့ဖူးပါတယ်။

JRose(Tgidailynews)

Zawgyi

အိမ္ရဲ႕ အတြင္းပိုင္းေရာ အျပင္ပိုင္းပါ အရာအားလုံးကို ေ႐ႊျဖင့္ အလွဆင္ေဆာက္လုပ္ခဲ့တဲ့ စြန႔္ဦးတီထြင္သူတစ္ဦး(႐ုပ္သံ)

ဗီယက္နမ္ႏိုင္ငံရဲ႕စတုတၳအႀကီးဆုံးၿမိဳ႕ျဖစ္ေသာ Can Tho မွ စြန႔္ဦးတီထြင္သူတစ္ဦးဟာ အတြင္းနဲ႔အျပင္ကို ေ႐ႊေရာင္ျခယ္ထားတဲ့ ၎ရဲ႕ထူးျခားေသာအိမ္ေၾကာင့္ အာ႐ုံစိုက္မႈမ်ားစြာရရွိေနပါတယ္။ အဆိုပါ စြန႔္ဦးတီထြင္သူဟာ Mr. Nguyen Van Trung လို႔ေခၚၿပီး အိမ္ၿခံေျမလုပ္ငန္းမွာ ခ်မ္းသာႂကြယ္ဝလာသူ ဗီယက္နမ္စီးပြါးေရးလုပ္ငန္းရွင္တစ္ဦးျဖစ္ပါတယ္။ ကမာၻတဝွမ္းရွိ ႏိုင္ငံမ်ားစြာကို အလည္အပတ္သြားေရာက္ၿပီးေနာက္မွာ သူ႔ဇာတိၿမိဳ႕သို႔ ျပန္လာကာ ကမာၻလွည့္ခရီးသည္မ်ားအတြက္ အမွန္တကယ္ဆြဲေဆာင္မႈရွိေသာ အိမ္တစ္လုံးကို ေဆာက္လုပ္ရန္ ဆုံးျဖတ္ခဲ့ၿပီး အိမ္အလွဆင္သူနဲ႔ စကားေျပာဆိုၿပီးေနာက္ ေ႐ႊေရာင္အျပင္အဆင္ကို ေဆာက္လုပ္ရန္ ဆုံးျဖတ္ခဲ့ပါတယ္။

မွ်ေဝထားတဲ့ဓါတ္ပုံမ်ားမွာ ထင္ရွားစြာေတြ႕ျမင္ရသည့္အတိုင္း Mr. Nguyen က သူ႔ရဲ႕အိမ္ကို ေ႐ႊပိန္းခ်ျခင္းနဲ႔အတူ နံရံမ်ားမွ ပရိေဘာဂမ်ားနဲ႔ မီးဖိုေခ်ာင္သုံးပစၥည္းမ်ားအထိ အမ်ိဳးမ်ိဳးေသာ အရာအားလုံးက ေ႐ႊျဖင့္ျပဳလုပ္ထားတာပါ။ ဗီယက္နမ္ စြန႔္ဦးတီထြင္သူ က သူဟာ ေ႐ႊပိန္းခ်ထားေသာ အိမ္တစ္လုံးကို ခဏတာ ထားရန္ ဆုံးျဖတ္ခဲ့ေၾကာင္း Daily Car သို႔ ေျပာၾကားခဲ့ေသာ္လည္း လက္ေတြ႕ အေကာင္အထည္ ေဖာ္ရန္ အခ်ိန္ကို လြန္ခဲ့တဲ့ ေျခာက္ႏွစ္ခန႔္ကပင္ ရွာေဖြေတြ႕ရွိခဲ့တယ္လို႔ ဆိုပါတယ္။

ပေရာဂ်က္ကို ၿပီးေျမာက္ရန္ သုံးႏွစ္ခန႔္ အခ်ိန္ယူခဲ့ေသာ္လည္း ျပင္ဆင္ၿပီးတာနဲ႔ ၎ဟာ အနည္းငယ္ေသာ ေဒသဆိုင္ရာ ဆြဲေဆာင္မႈတစ္ခု ျဖစ္လာခဲ့ပါတယ္။ ေ႐ႊေရာင္လႊမ္းထားတဲ့ အျပင္ပိုင္းက လမ္းသြားလမ္းလာအားလုံးရဲ႕ မ်က္စိမ်ားကို ဖမ္းစားႏိုင္ကာ အမ်ားစုမွာ ဓာတ္ပုံ႐ိုက္ရန္ ရပ္တန႔္ၿပီး ထူးျခားေသာ ဗိသုကာလက္ရာမ်ားနဲ႔ လသာေဆာင္မ်ားမွာ အလွဆင္ထားသည့္ ေ႐ႊ႐ုပ္ပြားေတာ္မ်ားကို စိုက္ၾကည့္ေနၾကပါတယ္။ ဒါေပမယ့္ ေ႐ႊကို ပိုင္ရွင္ရဲ႕ စြဲလမ္းမႈက အတြင္းပိုင္းမွာ ပိုသိသာပါတယ္။ အိမ္ရဲ႕အျပင္ပိုင္းနဲ႔ အတြင္းပိုင္းကို 18K ေ႐ႊျဖင့္ျပဳလုပ္ထားတယ္လို႔ Mr. Nguyen က ဆိုပါတယ္။

၎ရဲ႕ထူးျခားေသာအိမ္မွ ထုတ္ေပးေသာ စိတ္ဝင္စားမႈကို သတိျပဳမိၿပီးေနာက္ Mr. Nguyen က ၎အား သင့္ေလ်ာ္ေသာ ခရီးသြားဆြဲေဆာင္မႈအျဖစ္ ေျပာင္းလဲရန္ ဆုံးျဖတ္ခဲ့ၿပီး ခရီးသြားတစ္ဦးလွ်င္ ေဒါင္ 50,000 (၄ ေဒၚလာ) ေကာက္ခံခဲ့ပါတယ္။ စိတ္ဝင္စားဖို႔ေကာင္းတာက ဒါဟာ ဗီယက္နမ္ရဲ႕ တစ္ခုတည္းေသာ ေ႐ႊေရာင္ခ်တဲ့ အေဆာက္အဦး မဟုတ္ပါဘုး။ ဟိုးအရင္တုန္းကေတာ့ 24K ေ႐ႊနဲ႔လုပ္ထားတဲ့ ကမာၻ႔ပထမဆုံး မိုးေမွ်ာ္တိုက္အေၾကာင္း ေရးခဲ့ဖူးပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories