




Unicode

သီချင်းဆိုပြနေတဲ့ ချစ်မေမေရဲ့မျက်နှာကို မျက်လုံးအဝိုင်းသားလေးနဲ့ တအံ့တသြငေးကြည့်နေတဲ့ ပန်းအိဖြူရဲ့သားငယ်လေး

တေးသံရှင် ပန်းအိဖြူကတော့ မြန်မာသံစဥ်တေးသီချင်းကောင်းလေးတွေကို ပိုင်နိုင်စွာ သီဆိုနိုင်သူဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိနေတာလည်း ဖြစ်ပါတယ် ။ ပန်းအိဖြူက နက်မှောင်တောက်ပတဲ့ဆံနွယ်ရှည်လေးတွေကို ပိုင်ဆိုင်ထားပြီး မြန်မာ့ယဥ်ကျေးမှုကို တန်ဖိုးထားတာကြောင့် မြန်မာဝတ်စုံလေးတွေကို အမြတ်တနိုးဝတ်ဆင်လေ့ရှိတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ပန်းအိဖြူက အိမ်ထောင်ကျပြီး ကလေးတစ်ယောက်မေမေတောင်ဖြစ်နေပြီပဲ ဖြစ်ပါတယ် ။

ပန်းအိဖြူက သားဦးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့သလို သားလေးကလည်း ကျန်းမာပြည့်ဖြိုးပြီး ချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ် ။ လတ်တလောမှာတော့ ပန်းအိဖြူက သားသားလေးကိုချစ်တဲ့ပရိသတ်တွေအတွက် သားလေးရဲ့ပုံရိပ်လေးတွေကိုပါ မျှဝေပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း ပန်းအိဖြူက သားလေးနဲ့အတူ အကြည့်ချင်းဆုံနေတဲ့ ပုံရိပ်လေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။

ပန်းအိဖြူက “မေမေပန်းအိ သီချင်းဆိုပြတာကို စိတ်ဝင်တစားကြည့်နေတဲ့ သားသားလေး…” ဆိုပြီးလည်း ရေးသားထားတာ ဖြစ်ပါတယ် ။ ပန်းအိဖြူရဲ့သားချောလေးကတော့ သူ့ကိုသီချင်းဆိုပြနေတဲ့ ချစ်မေမေရဲ့မျက်နှာကို မျက်နှာအဝိုင်းသားလေးတွေနဲ့ တအံ့တသြငေးကြည့်နေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် အဆိုတော်ပန်းအိဖြူနဲ့ ချစ်စရာကောင်းတဲ့သားလေးရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Photo Credit-Pann Ei Phyu

  • Leave a Comment