




Unicode

ခင်ပွန်းဖြစ်သူကိုခေါ်တဲ့အတိုင်း နောက်ကနေလိုက်ခေါ်နေတဲ့သားလေးကိုအမိအရဗီဒီယိုရိုက်ထားတဲ့ ပိုးအိအိခန့်

ဗီဒီယိုဇာတ်ကားပေါင်းများစွာကို လက်မလည်အောင် ရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ပိုးအိအိခန့်ပဲ ဖြစ်ပါတယ်။ သူမဟာ သားလေးမွေးဖွားပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို အရင်ကလောက်မလုပ်တော့ဘဲ ကလေးကိုသာ ဂရုတစိုက်နဲ့ အနားမှာ ပြုစုစောင့်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေ မလုပ်တော့ပေမယ့်လည်း ပရိသတ်တွေကတော့ သူမကို ယနေ့ထက်ထိ ချစ်ခင်အားပေးနေကြဆဲပါပဲနော်။

ပိုးအိအိခန့်ဟာ ချစ်ရတဲ့ ခင်ပွန်း ၊ သားလေးနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ သူမရဲ့ သားလေး ကိုကိုးလေးဟာလည်း တစ်နေ့ထက်တစ်နေ့ပိုပိုပြီး စကားတွေတတ်လာတာကြောင့်လည်း ပိုးအိတစ်ယောက် အချစ်တွေ ပိုပိုတိုးနေရတာပါ။ သားလေးရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း ဝေမျှပေးလေ့ရှိရာ အခုတစ်ခါမှာလည်း သွင်ဦးဟန်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ ခင်ပွန်းဖြစ်သူကိုခေါ်တဲ့အတိုင်း နောက်ကနေလိုက်ခေါ်နေတဲ့သားလေးကိုအမိအရဗီဒီယိုရိုက်ထားတာပဲ ဖြစ်ပါတယ်။ ” ကိုယ့်ဘာသာ ယောကျာ်းကို “ကို “ လို့ လှမ်းခေါ်တာ သူက လိုက်ခေါ်တယ် ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Thwin Oo Han

credit – Myanmarload

  • Leave a Comment