ဒီေန႔ည Battle Round မွာ တလက္လက္ထေနတဲ့ အနက္ေရာင္ဝတ္စုံနဲ႔ ေတြ႕ျမင္ရမယ့္ နီနီခင္ေဇာ္

ျမန္မာႏိုင္ငံရဲ႕ဒိတ္ဒိတ္ႀကဲေအာင္ျမင္တဲ့အမ်ိဳးသမီးအဆိုရွင္တစ္ေယာက္ျဖစ္သူ နီနီခင္ေဇာ္ကေတာ့ အမိုက္စားအသံရွင္ပိုင္ရွင္တစ္ေယာက္ျဖစ္႐ုံမက ဖက္ရွင္ပိုင္းကိုလည္း ေသခ်ာဂ႐ုစိုက္ဝတ္ဆင္တတ္သူတစ္ေယာက္ပါ။ ပရိသတ္စိတ္ဝင္စားမႈအျမင့္ဆုံးသီခ်င္းဆိုၿပိဳင္ပြဲေတြထဲက တစ္ခုျဖစ္တဲ့ The Voice Myanmar သီခ်င္းဆိုၿပိဳင္ပြဲႀကီးရဲ႕ ဒိုင္အျဖစ္ သုံးႏွစ္ဆက္တိုက္ ေဆာင္႐ြက္ေနရသူလည္း ျဖစ္ပါတယ္။

လတ္တေလာ ကိုဗစ္ကာလမွာ ျပန္လည္စတင္ေနၿပီျဖစ္တဲ့ The Voice Myanmar Season-3 သီခ်င္းဆိုၿပိဳင္ပြဲႀကီးရဲ႕ Blind Audition မွာေတာ့ နီနီကို နီနီခင္ေဇာ္ဆိုတဲ့နာမည္ေလးအတိုင္း ေပါ့ပါးၿပီး အမိုက္စားေပၚလြင္ေနတဲ့ အနီေရာင္အက်ႌေလးနဲ႔ေတြ႕ျမင္ခဲ့ရမွာျဖစ္ၿပီး ဒီေန႔ည Battle Round မွာ ဘယ္လိုဖက္ရွင္မ်ိဳးနဲ႔ ေတြ႕ျမင္ရမလဲဆိုတာေတာ့ ပရိသတ္ႀကီးလည္း စိတ္ဝင္စားေနေလာက္ၿပီလို႔ ထင္ပါတယ္ေနာ္။

နီနီကေတာ့ ဒီေန႔ညၿပိဳင္ပြဲမွာ ေတြ႕ရမယ့္နီနီရဲ႕ပုံစံေလးကို ဗြီဒီယိုေလးနဲ႔မွ်ေဝၿပီး Battle Round ၿပိဳင္ပြဲႀကီးကို ေစာင့္ၾကည့္ၾကဖို႔ ဖိတ္ေခၚလာပါတယ္။ စိန္ပြင့္ေတြနဲ႔ လက္လက္ထေနတဲ့ အမိုက္စားအနက္ေရာင္ဝတ္စုံကို ဝတ္ဆင္ထားတဲ့အျပင္ ကိုဗစ္ကာလမို႔ ကိုဗစ္ဖက္ရွင္ေလးလည္းပါေအာင္ Mask ကိုပါ အက်ႌေလးအတိုင္း ဆင္တူျပဳလုပ္ထားၿပီး ဖိနပ္ဒီဇိုင္းကိုပါ ျမင္ေနက်ပုံစံေတြနဲ႔ကြဲထြက္ေအာင္ ဖန္တီးဝတ္ဆင္ထားပါတယ္။ ေခါင္းအစ ေျခအဆုံး ၾကည့္လိုက္တာနဲ႔ တလက္လက္ထေနတဲ့ နီနီရဲ႕ ဖက္ရွင္ကေတာ့ တကယ္ကို မိမိုက္ေနတာအမွန္ပါပဲေနာ္.. The Voice Myaanmar Season-3 ရဲ႕ Battle Round ကေတာ့ မၾကာခင္မွာစတင္ေတာ့မွာမို႔ ပရိသတ္ႀကီးေရ အားေပးဖို႔အသင့္ပဲမလား။

Source – Ni Ni Khin Zaw
credit – Cele Gabar

Unicode

ဒီနေ့ည Battle Round မှာ တလက်လက်ထနေတဲ့ အနက်ရောင်ဝတ်စုံနဲ့ တွေ့မြင်ရမယ့် နီနီခင်ဇော်

မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲအောင်မြင်တဲ့အမျိုးသမီးအဆိုရှင်တစ်ယောက်ဖြစ်သူ နီနီခင်ဇော်ကတော့ အမိုက်စားအသံရှင်ပိုင်ရှင်တစ်ယောက်ဖြစ်ရုံမက ဖက်ရှင်ပိုင်းကိုလည်း သေချာဂရုစိုက်ဝတ်ဆင်တတ်သူတစ်ယောက်ပါ။ ပရိသတ်စိတ်ဝင်စားမှုအမြင့်ဆုံးသီချင်းဆိုပြိုင်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကြီးရဲ့ ဒိုင်အဖြစ် သုံးနှစ်ဆက်တိုက် ဆောင်ရွက်နေရသူလည်း ဖြစ်ပါတယ်။

လတ်တလော ကိုဗစ်ကာလမှာ ပြန်လည်စတင်နေပြီဖြစ်တဲ့ The Voice Myanmar Season-3 သီချင်းဆိုပြိုင်ပွဲကြီးရဲ့ Blind Audition မှာတော့ နီနီကို နီနီခင်ဇော်ဆိုတဲ့နာမည်လေးအတိုင်း ပေါ့ပါးပြီး အမိုက်စားပေါ်လွင်နေတဲ့ အနီရောင်အင်္ကျီလေးနဲ့တွေ့မြင်ခဲ့ရမှာဖြစ်ပြီး ဒီနေ့ည Battle Round မှာ ဘယ်လိုဖက်ရှင်မျိုးနဲ့ တွေ့မြင်ရမလဲဆိုတာတော့ ပရိသတ်ကြီးလည်း စိတ်ဝင်စားနေလောက်ပြီလို့ ထင်ပါတယ်နော်။

နီနီကတော့ ဒီနေ့ညပြိုင်ပွဲမှာ တွေ့ရမယ့်နီနီရဲ့ပုံစံလေးကို ဗွီဒီယိုလေးနဲ့မျှဝေပြီး Battle Round ပြိုင်ပွဲကြီးကို စောင့်ကြည့်ကြဖို့ ဖိတ်ခေါ်လာပါတယ်။ စိန်ပွင့်တွေနဲ့ လက်လက်ထနေတဲ့ အမိုက်စားအနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့အပြင် ကိုဗစ်ကာလမို့ ကိုဗစ်ဖက်ရှင်လေးလည်းပါအောင် Mask ကိုပါ အင်္ကျီလေးအတိုင်း ဆင်တူပြုလုပ်ထားပြီး ဖိနပ်ဒီဇိုင်းကိုပါ မြင်နေကျပုံစံတွေနဲ့ကွဲထွက်အောင် ဖန်တီးဝတ်ဆင်ထားပါတယ်။ ခေါင်းအစ ခြေအဆုံး ကြည့်လိုက်တာနဲ့ တလက်လက်ထနေတဲ့ နီနီရဲ့ ဖက်ရှင်ကတော့ တကယ်ကို မိမိုက်နေတာအမှန်ပါပဲနော်.. The Voice Myaanmar Season-3 ရဲ့ Battle Round ကတော့ မကြာခင်မှာစတင်တော့မှာမို့ ပရိသတ်ကြီးရေ အားပေးဖို့အသင့်ပဲမလား။

Source – Ni Ni Khin Zaw
credit – Cele Gabar

  • Leave a Comment