



Photo Credit:Nay Chi Oo

credit – Myanmarload

Unicode

ထက်ထက်မိုးဦး Liveလွှင့်ပြီးရောင်းတုန်းက သိန်းရာချီတန်တဲ့ ရတနာပစ္စည်းတွေကို ဝယ်ယူအားပေးလိုက်တဲ့ နေခြည်ဦး

ပရိသတ်ကြီးရေ နေခြည်ဦးကတော့ အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ကိုင်လာခဲ့တာ နှစ်အနည်းငယ်ပဲကြာသေးပေမယ့် အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။နေခြည်ဦးက သရုပ်ဆောင်အရမ်းကောင်းပြီး ကျရာဇာတ်ရုပ်ကိုလည်း ပီပြင်ပိုင်နိုင်ပါတယ်နော်။ပရိသတ်တွေကတော့ နေခြည့်ရဲ့အနုပညာအရည်အသွေးတွေကို အမြဲအားပေးပြီး ဝန်းရံနေကြတာဖြစ်ပါတယ်။

နေခြည်ဦးက အမြဲတမ်းစတိုင်လ်ကျကျနေထိုင်တတ်တာကြောင့် သူမဝတ်ဆင်လိုက်တဲ့ ဖက်ရှင်တိုင်းကလည်း ခေတ်ရေစီးကြောင်းနဲ့ညီနေတာပါပဲနော်။နေခြည်က ပွင့်ပွင့်လင်းလင်းနဲ့ပြောဆိုတတ်ပြီး မာနမကြီးတတ်လို့ ချစ်သူ၊ခင်သူတွေကလည်း ပေါများနေတာဖြစ်ပါတယ်။လက်ရှိမှာဆိုရင်တော့ နေခြည်လည်း မိသားစုနဲ့အတူနေပြီး ပျော်ရွှင်စရာအချိန်လေးတွေကို ဖြတ်သန်းနေတာဖြစ်ပါတယ်နော်။

နေခြည်ဦးက မင်းသမီးချောထက်ထက်မိုးဦးကိုလည်း အရမ်းချစ်တာကြောင့် မကြာသေးခင်ရက်ပိုင်းအတွင်းက ထက်ထက်Liveလွှင့်ပြီးရောင်းတဲ့ ရတနာပစ္စည်းတွေကို အားပေးလိုက်တာဖြစ်ပါတယ်။နေခြည်ဦးကတော့” ပိုက်ဆံအိတ်တွေ မကြိုက်တော့ဘူးလက်ဝတ်ရတနာပဲဝယ်စုတော့မယ် မထက်ပြောသလို ရတနာရှိရာ ရတနာလာပါစေ”ဆိုပြီး တဖျက်ဖျက်တောက်ပနေတဲ့ ရတနာပစ္စည်းတွေကို လူမှုကွန်ယက်စာမျက်နှာမှာ တင်ပေးလာတာဖြစ်ပါတယ်နော်။

Photo Credit:Nay Chi Oo

credit – Myanmarload

  • Leave a Comment