



Source: YaMin Oo

Unicode

အခုနောက်ပိုင်းလူတွေအပေါ်အရင်လိုသီးမခံဘဲ နည်းနည်းယုတ်မာတတ်လာပြီလို့ ရင်ဖွင့်ပြောပြခဲ့တဲ့ ပန်ကိတ်ဒါဒါ

ပရိသတ်ကြီးရေ ပန်ကိတ်ဒါဒါကတော့ အနုပညာသမားတစ်ယောက်မဟုတ်ပေမယ့် ကောင်းမွန်တဲ့ အတွေးအခေါ်တွေ ပညာရစေတဲ့ အရေးအသားလေးတွေနဲ့ ပရိသတ်တွေကို အတွေ့အကြုံသစ်တွေ အမြဲမျှဝေတတ်တဲ့ဆယ်လီတစ်ဦးပါပဲနော်။ မိဘတွေရဲ့သွန်သင်ဆုံးမမှုအောက်မှာ လိမ္မာစွာကြီးပြင်းလာတဲ့ အမျိုးကောင်းသမီးလေးဖြစ်တဲ့အပြင် ပျော်ရွှင်နွေးထွေးတဲ့မိသားစုလေးကိုပိုင်ဆိုင်ထားသူလေးပါ။

နိုင်ငံခြားမှာနေထိုင်နေတဲ့ မြန်မာတစ်ယောက်ဖြစ်ပေမယ့် အမိမြန်မာနိုင်ငံကို အရမ်းချစ်ကာတန်ဖိုးထားတတ်တဲ့သူတစ်ယောက်ဖြစ်ပြီး အားလပ်ရက်အချိန်တွေမှာလည်း မြန်မာနိုင်ငံကိုပြန်လာလည်ပတ်တတ်တဲ့သူတစ်ယောက်ပါ။ သူမအနေနဲ့ ဒီတစ်ခေါက်မြန်မာနိုင်ငံကိုပြန်လာချိန်မှာလည်း ကြော်ငြာလေးတွေရိုက်ကူးဖြစ်ခဲ့တဲ့အပြင် သူမရဲ့ချစ်တဲ့ Fan တွေနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။

ဒီနေ့မှာတော့ “ကိုယ်နဲ့ မခေါ်တဲ့ သူငယ်ချင်းက မေးတယ်။သူမကြိုက်တာ ဘာလို့ လုပ်လဲ။ အမှန် ကိုယ်မကြိုက်တာ လုပ်လို့ ရန်ဖြစ်တာကစတာဆိုတော့ပြန်ပြောလိုက်တယ်။ ငါပဲ နင့်ကို စိတ်ဆိုးရတော့ မတရားဘူးလေ။ နင်မကြိုက်တာလုပ်တော့နင်လည်း ငါ့ကို ပြန်စိတ်ဆိုး သွေးတွေတိုး အကုသိုလ်တွေဖြစ် ဒါမှ တရားမှာလို့။

ခုနောက်ပိုင်း အဲ့လို နည်းနည်း ယုတ်မာ တတ်လာပြီ ” ဆိုတဲ့စာလေးနဲ့ သူမအတွေ့အကြုံလေးကိုပြောပြခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ CeleConnections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: YaMin Oo
credit – CeleConnections

  • Leave a Comment