မိသားစုအိမ်ပိုင်လေးရဖို့ ကြိုးစားနေတဲ့အကြောင်း ပိုက်ဆံထုတ်နဲ့ ဘဏ်စာအုပ်တွေကို ချပြလိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်





credit – sankyipar

Unicode

ဇာတ်ပို့မင်းသမီးဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်ကတော့ ဆေးစက်ကျရာ အရုပ်ထင်နိုင်အောင် ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် အောင်မြင်မှု ရရှိနေသူပါ။ ကိုဗစ်ကာလ အနုပညာလုပ်ငန်းများကို ရပ်နားထားရတဲ့အချိန်တွေမှာတော့ အွန်လိုင်းမှာပဲ ဈေးရောင်းကာ စီးပွားရေး လုပ်ကိုင်နေသူပါ။

သရုပ်ဆောင်လောကမှာသာမက စီးပွားရေးလုပ်တဲ့အခါမှာလည်း သူမရဲ့ ကြိုးစားမှုကြောင့် လက်မလည်နိုင်အောင် ရောင်းချနေရတာပဲ ဖြစ်ပါတယ်။ စီးပွားရေးများကို ဖိဖိစီးစီး လုပ်ကိုင်ကာ အလှူအတန်းများမှာလည်း လက်မနှေးတဲ့အတွက် အားလုံးရဲ့ ချီးကျူးအားပေးမှုကိုလည်း ရရှိထားသူလေးပါ။

သူမကတော့ ဇာတ်ပို့သရုပ်ဆောင်ဖြစ်တဲ့ ကိုဘင်းနဲ့အတူ ချစ်စရာကောင်းတဲ့ သားငယ်လေးကို ပိုင်ဆိုင်ထားတာပါ။ မိသားစုအတွက် အိမ်ပိုင်လေး ရရှိဖို့ ကြိုးစားနေတဲ့အကြောင်းကိုလည်း သူမက အခုလိုပဲ ပြောပြခဲ့ပါတယ်

နှိုင်းယှဉ်ကတော့ ” မိသားစု အိမ်ပိုင်လေးရဖို့ ကြိုးစားနေပါတယ်ရှင့် ” ဆိုကာ ပိုက်ဆံထုတ်ကြီးနဲ့အတူ ဘဏ်စာအုပ်များကိုပါ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ နှိုင်းယှဉ်တို့ မိသားစုလိုချင်တဲ့ အိမ်ကို အမြန်ဆုံး ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

credit – sankyipar

  • Leave a Comment