ေဆး႐ုံတက္ေနစဥ္ ဝိုင္းကူေပးခဲ့တဲ့ေၾကာင့္ ဧရာဝတီစင္တာကေပးတဲ့ အသိမွတ္ျပဳလက္ေဆာင္ေလးရခဲ့တဲ့ စိန္ၿဖိဳးလႈိင္

စိန္ၿဖိဳးလႈိင္ကေတာ့ တူ၊တူမေလးေတြနဲ႔အတူ Quaratine ဝင္ေပးရင္း Positive ထြက္ခဲ့တာေၾကာင့္ ဧရာဝတီစင္တာမွာ ေျပာင္းေ႐ြ႕ကုသခံခဲ့ရသူပါ။ ဧရာဝတီစင္တာမွာ (၁၁) ရက္ၾကာ Quarantine ဝင္ခဲ့ၿပီး မေန႔ကေတာ့ အိမ္ျပန္လို႔ ရခဲ့ၿပီျဖစ္ပါတယ္။ ဧရာဝတီစင္တာမွာ ေနထိုင္စဥ္ကာလအတြင္းမွာလည္း Positive သာထြက္ခဲ့ေပမယ့္ က်န္းမာေရးေကာင္းသူတစ္ေယာက္မို႔ အစစအရာရာကူညီေပးခဲ့႐ုံသာမက ပရိသတ္ႀကီးကိုလည္း သူ႔ရဲ႕အေတြ႕အႀကဳံေလးေတြကို ဗြီဒီယိုေလးေတြနဲ႔ မွ်ေဝေပးခဲ့ပါတယ္။

ဒီေန႔မွာေတာ့ ဧရာဝတီစင္တာကေပးတဲ့ အသိမွတ္ျပဳလက္ေဆာင္ေလးရခဲ့ေၾကာင္း မွ်ေဝလာပါတယ္။ “ကြၽန္ေတာ္ေဆး႐ုံတက္စဥ္ ဝိုင္းကူေပးခဲ့တာေၾကာင့္ ဧရာဝတီေဖာင္ေဒးရွင္းကေန ဒီ နာမည္ထိုးထားတဲ့အက်ႌလက္ေဆာင္ေလး ပို႔ေပးလာပါတယ္… တကယ္ေတာ့ ကြၽန္ေတာ္လုပ္ေပးခဲ့တာ မေျပာပေလာက္ပါဘူး..ဒါေပမယ့္ ခုလို အသိမွတ္ျပဳခံရေတာ့ တကယ္ကို surprise ပါပဲ..အရမ္းဝမ္းသာမိပါတယ္…စီစဥ္ေပးတဲ့ အန္တီျမတ္ျမတ္ဦးကိုလည္းေက်းဇူးပါ” ဆိုၿပီး သူရရွိခဲ့တဲ့လက္ေဆာင္ေလးကို မွ်ေဝခဲ့ပါတယ္။

ဒါ့အျပင္ အက်ႌလက္ေဆာင္ေလးကို စိန္ၿဖိဳးလႈိင္ကိုသာမက ရီရီပြင့္ျဖဴကိုပါ ေပးခဲ့တာေၾကာင့္ ရီရီကေတာ့ ကပ္ေျမႇာင္ေလး ရသြားပါတယ္ဆိုၿပီးေတာ့လည္း စိန္ၿဖိဳးလႈိင္ကေတာ့ အ႐ႊန္းေဖာက္ထားပါေသးတယ္။ စိန္ၿဖိဳးလႈိင္ကေတာ့ သူတို႔မိသားစုရဲ႕ ကိုဗစ္ခရီးၾကမ္းႀကီးကေတာ့ မေန႔ကၿပီးဆုံးသြားၿပီျဖစ္ၿပီး ထပ္မျဖစ္ေအာင္ ဂ႐ုစိုက္သြားပါမယ္ဆိုတဲ့အေၾကာင္းနဲ႔ ကိုဗစ္ျဖစ္ခ်ိန္မွာလည္း စင္တာမွာ ကိုင္းကြၽန္းမွီ ကြၽန္းကိုင္းမွီတတ္အားသေ႐ြ႕ကူညီႏိုင္ခဲ့တာေၾကာင့္ အသိမွတ္ျပဳလက္ေဆာင္ေလးရခဲ့ေၾကာင္း မွ်ေဝခဲ့တာပဲျဖစ္ပါတယ္။

Source – Sein Phyo Hlaing
Rainbow- Cele Gabar

Unicode

စိန်ဖြိုးလှိုင်ကတော့ တူ၊တူမလေးတွေနဲ့အတူ Quaratine ဝင်ပေးရင်း Positive ထွက်ခဲ့တာကြောင့် ဧရာဝတီစင်တာမှာ ပြောင်းရွေ့ကုသခံခဲ့ရသူပါ။ ဧရာဝတီစင်တာမှာ (၁၁) ရက်ကြာ Quarantine ဝင်ခဲ့ပြီး မနေ့ကတော့ အိမ်ပြန်လို့ ရခဲ့ပြီဖြစ်ပါတယ်။ ဧရာဝတီစင်တာမှာ နေထိုင်စဉ်ကာလအတွင်းမှာလည်း Positive သာထွက်ခဲ့ပေမယ့် ကျန်းမာရေးကောင်းသူတစ်ယောက်မို့ အစစအရာရာကူညီပေးခဲ့ရုံသာမက ပရိသတ်ကြီးကိုလည်း သူ့ရဲ့အတွေ့အကြုံလေးတွေကို ဗွီဒီယိုလေးတွေနဲ့ မျှဝေပေးခဲ့ပါတယ်။

ဒီနေ့မှာတော့ ဧရာဝတီစင်တာကပေးတဲ့ အသိမှတ်ပြုလက်ဆောင်လေးရခဲ့ကြောင်း မျှဝေလာပါတယ်။ “ကျွန်တော်ဆေးရုံတက်စဉ် ဝိုင်းကူပေးခဲ့တာကြောင့် ဧရာဝတီဖောင်ဒေးရှင်းကနေ ဒီ နာမည်ထိုးထားတဲ့အင်္ကျီလက်ဆောင်လေး ပို့ပေးလာပါတယ်… တကယ်တော့ ကျွန်တော်လုပ်ပေးခဲ့တာ မပြောပလောက်ပါဘူး..ဒါပေမယ့် ခုလို အသိမှတ်ပြုခံရတော့ တကယ်ကို surprise ပါပဲ..အရမ်းဝမ်းသာမိပါတယ်…စီစဉ်ပေးတဲ့ အန်တီမြတ်မြတ်ဦးကိုလည်းကျေးဇူးပါ” ဆိုပြီး သူရရှိခဲ့တဲ့လက်ဆောင်လေးကို မျှဝေခဲ့ပါတယ်။

ဒါ့အပြင် အင်္ကျီလက်ဆောင်လေးကို စိန်ဖြိုးလှိုင်ကိုသာမက ရီရီပွင့်ဖြူကိုပါ ပေးခဲ့တာကြောင့် ရီရီကတော့ ကပ်မြှောင်လေး ရသွားပါတယ်ဆိုပြီးတော့လည်း စိန်ဖြိုးလှိုင်ကတော့ အရွှန်းဖောက်ထားပါသေးတယ်။ စိန်ဖြိုးလှိုင်ကတော့ သူတို့မိသားစုရဲ့ ကိုဗစ်ခရီးကြမ်းကြီးကတော့ မနေ့ကပြီးဆုံးသွားပြီဖြစ်ပြီး ထပ်မဖြစ်အောင် ဂရုစိုက်သွားပါမယ်ဆိုတဲ့အကြောင်းနဲ့ ကိုဗစ်ဖြစ်ချိန်မှာလည်း စင်တာမှာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီတတ်အားသရွေ့ကူညီနိုင်ခဲ့တာကြောင့် အသိမှတ်ပြုလက်ဆောင်လေးရခဲ့ကြောင်း မျှဝေခဲ့တာပဲဖြစ်ပါတယ်။

Source – Sein Phyo Hlaing
Rainbow- Cele Gabar

  • Leave a Comment