မင္းေသြးနဲ့ မထင္မွတ္ပဲ ေျပာခဲ့တဲ့စကားအခ်ိဳ့က ေနာက္ဆံုးေျပာျဖစ္ခဲ့ၾကတာမွန္း ၾကိဳမသိခဲ့ရဘူးဆိုတဲ့ သားညီ

ႏိုင္ငံေက်ာ္ ဒါ႐ိုက္တာ၊ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ သားညီကေတာ့ အစ္ကိုျဖစ္သူ ေဒြးကို ဆုံးရႈံးလိုက္ရၿပီးခ်ိန္မွာေတာ့ သူ႔ရဲ႕ အနီးအနား ပတ္ဝန္းက်င္က မိတ္ေဆြ သူငယ္ခ်င္းေတြကို မိသားစုဝင္ေတြလို သေဘာထားၿပီး ေပါင္းသင္းခဲ့တာ ျဖစ္ပါတယ္။ ထိုထဲကမွ သ႐ုပ္ေဆာင္၊ အဆိုေတာ္ မင္းေသြးဟာ သားညီနဲ႔ ေတာ္ေတာ္ေလးကို ခင္မင္ရင္းႏွီးခဲ့တာျဖစ္ၿပီး အႏုပညာအလုပ္ေတြကိုလည္း အတူတူ တြဲဖက္လုပ္ကိုင္ခဲ့ၾကတာ ျဖစ္ပါတယ္။

ဒီကေန႔ ေအာက္တိုဘာလ (၃) ရက္ေန႔ကေတာ့ မင္းေသြးကြယ္လြန္ျခင္း (၂) ႏွစ္ျပည့္တဲ့ေန႔ေလးျဖစ္ၿပီး သားညီကေတာ့ သြားေလသူမင္းေသြးနဲ႔ ေနာက္ဆုံးေျပာျဖစ္ခဲ့တဲ့စကားေတြကိုၾကည့္ၿပီး “3.10.2020.. 2 ႏွစ္ျပည့္သြားၿပီ ေဟ့လူ …ေနာက္ဆုံး စကားေျပာခဲ့ၾကတာျဖစ္လိမ့္မယ္လို႔ ဘယ္ႀကိဳသိခဲ့မလဲေလ.. သတိရလိုက္တာဗ်ာ …” ဆိုၿပီး မင္းေသြးကို အရမ္းသတိရေနခဲ့တဲ့အေၾကာင္းကို ဖြင့္ဟေျပာျပလာပါတယ္။

သားညီကေတာ့ မင္းေသြးကို ဒီေန႔ဒီအခ်ိန္ထိ ေမ့လို႔မရေသးဘူးဆိုတာ သူ႔ရဲ႕ စကားလုံးေတြက ေဖာ္ျပေပးေနတာပဲ ျဖစ္ပါတယ္။ မင္းေသြးတစ္ေယာက္လည္း အခုဆိုရင္ ေအးခ်မ္းတဲ့ဘုံဘဝမွာ ေအးခ်မ္းစြာ အနားယူေနမွာ ေသခ်ာပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Thar Nyi’s fb
Bilie: Cele Connections

Unicode

မင်းသွေးနဲ့ မထင်မှတ်ပဲ ပြောခဲ့တဲ့စကားအချို့က နောက်ဆုံးပြောဖြစ်ခဲ့ကြတာမှန်း ကြိုမသိခဲ့ရဘူးဆိုတဲ့ သားညီ

နိုင်ငံကျော် ဒါရိုက်တာ၊ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ သားညီကတော့ အစ်ကိုဖြစ်သူ ဒွေးကို ဆုံးရှုံးလိုက်ရပြီးချိန်မှာတော့ သူ့ရဲ့ အနီးအနား ပတ်ဝန်းကျင်က မိတ်ဆွေ သူငယ်ချင်းတွေကို မိသားစုဝင်တွေလို သဘောထားပြီး ပေါင်းသင်းခဲ့တာ ဖြစ်ပါတယ်။ ထိုထဲကမှ သရုပ်ဆောင်၊ အဆိုတော် မင်းသွေးဟာ သားညီနဲ့ တော်တော်လေးကို ခင်မင်ရင်းနှီးခဲ့တာဖြစ်ပြီး အနုပညာအလုပ်တွေကိုလည်း အတူတူ တွဲဖက်လုပ်ကိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၃) ရက်နေ့ကတော့ မင်းသွေးကွယ်လွန်ခြင်း (၂) နှစ်ပြည့်တဲ့နေ့လေးဖြစ်ပြီး သားညီကတော့ သွားလေသူမင်းသွေးနဲ့ နောက်ဆုံးပြောဖြစ်ခဲ့တဲ့စကားတွေကိုကြည့်ပြီး “3.10.2020.. 2 နှစ်ပြည့်သွားပြီ ဟေ့လူ …နောက်ဆုံး စကားပြောခဲ့ကြတာဖြစ်လိမ့်မယ်လို့ ဘယ်ကြိုသိခဲ့မလဲလေ.. သတိရလိုက်တာဗျာ …” ဆိုပြီး မင်းသွေးကို အရမ်းသတိရနေခဲ့တဲ့အကြောင်းကို ဖွင့်ဟပြောပြလာပါတယ်။

သားညီကတော့ မင်းသွေးကို ဒီနေ့ဒီအချိန်ထိ မေ့လို့မရသေးဘူးဆိုတာ သူ့ရဲ့ စကားလုံးတွေက ဖော်ပြပေးနေတာပဲ ဖြစ်ပါတယ်။ မင်းသွေးတစ်ယောက်လည်း အခုဆိုရင် အေးချမ်းတဲ့ဘုံဘဝမှာ အေးချမ်းစွာ အနားယူနေမှာ သေချာပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Thar Nyi’s fb
Bilie: Cele Connections

  • Leave a Comment