မင္းေသြးကြယ္လြန္ျခင္း (၂)ျပည့္အေနနဲ႔ ခ်စ္သူေကာင္မေလးက ႐ိုက္ကူးခဲ့တဲ့ Video ေလး

ပရိသတ္ႀကီးေရ ပရိသတ္ခ်စ္ရတဲ့ သ႐ုပ္ေဆာင္ မင္းေသြးတစ္ေယာက္ ႐ုတ္တရက္ ကြယ္လြန္သြားခဲ့အခုဆို (၂) ျပည့္ခဲ့ၿပီ ျဖစ္ပါတယ္ ။ ပရိသတ္ေတြအားလုံးနဲ႔ ခ်စ္ရတဲ့ မိသားစု ၊ေမာင္ႏွမ ၊ သူငယ္ခ်င္းေတြကို ထားသြားခဲ့တာ (၂) ႏွစ္ေတာင္ျပည့္ခဲ့ၿပီျဖစ္ၿပီး အားလုံးက လြမ္းဆြတ္သတိရေၾကာင္း စာေလးေတြ ကို လူမႈကြန္ရက္စာမ်က္ႏွာမွာေရးသားခဲ့ၾကပါတယ္ ။

ဒီေန႔ဟာ ကြၽန္ေတာ္တို႔အားလုံးကို မင္းေသြးႏႈတ္မဆက္ပဲထြက္သြားခဲ့တာ၂ႏွစ္ျပည့္ခဲ့ပါၿပီ မတည္ၿမဲျခင္းဆိုတဲ့သခၤါရတရားကို သူလုပ္ခဲ့တဲ့အႏုပညာနဲ႔ျပသထားတဲ့ MV ေလးကို မင္းေသြးရဲ႕ပရိသတ္မ်ားအားလုံးအတြက္မွ်ေဝေပးလိုက္ပါတယ္ခင္ဗ်ာ ဆိုတဲ့စာသားေလးနဲ႔အတူ မင္းေသြးအမွတ္တရ Video ေလးကို ေနတိုးက သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာထက္ကေန မွ်ေဝေပးလာခဲ့ပါတယ္ ။ ထူးျခားတာကေတာ့ ဒီ Video ေလးကို မင္းေသြးရဲ႕ခ်စ္သူ ေကာင္မေလး ကိုယ္တိုင္ သ႐ုပ္ေဆာင္ထားၿပီး မင္းေသြးရဲ႕အုတ္ဂူေလးဆီကို သြားေရာက္ႏႈတ္ဆက္ခဲ့တဲ့ ပုံစံေလး႐ိုက္ကူးထားတာပဲျဖစ္ပါတယ္ ။

အတူရွိခဲ့တဲ့ ေပ်ာ္႐ႊင္စရာ အမွတ္တရေတြနဲ႔ ဝမ္းနည္းမႈေတြနဲ႔သြားေရာက္ႏႈတ္ဆက္ရမယ့္ သူမရဲ႕ ပုံစံေလးကို ႏႈိင္းယွဥ္႐ိုက္ကူးထားၿပီး သူမတို႔ခ်စ္သူဘဝက ေပ်ာ္စရာအမွတ္တရ ဗီဒီယိုေလးေတြကိုလည္း ျပန္လည္ထည့္သြင္းေဖာ္ျပထားတာျဖစ္ပါတယ္ ။ ရွင္ကြဲကြဲတာဟာ တစ္ေနရာရာ မွာျပန္လည္ဆုံေတြ႕ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ရွိေသးေပမယ့္ ေသကြဲကေတာ့ ဘယ္ေတာ့မွ ျပန္မေတြ႕ရေတာ့မယ့္လမ္းမို႔ က်န္ခဲ့သူရဲ႕ ရင္ထဲက ခံစားခ်က္ေတြကို ဒီဗီဒီယိုေလးမွာအထင္းသားျမင္ရၿပီး ၾကည့္ရတဲ့ပရိသတ္ေတြလည္း မ်က္ရည္က်ေစမွာ အမွန္ပါပဲ ။ ဆယ္လီကမာၻ ပရိသတ္ႀကီးအတြက္ မင္းေသြးအမွတ္ရ ဗီဒီယိုေလးကို တဆင့္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္ ။

Source : Min Thway
Emily (Cele Gabar)

Unicode

မင်းသွေးကွယ်လွန်ခြင်း (၂)ပြည့်အနေနဲ့ ချစ်သူကောင်မလေးက ရိုက်ကူးခဲ့တဲ့ Video လေး

ပရိသတ်ကြီးရေ ပရိသတ်ချစ်ရတဲ့ သရုပ်ဆောင် မင်းသွေးတစ်ယောက် ရုတ်တရက် ကွယ်လွန်သွားခဲ့အခုဆို (၂) ပြည့်ခဲ့ပြီ ဖြစ်ပါတယ် ။ ပရိသတ်တွေအားလုံးနဲ့ ချစ်ရတဲ့ မိသားစု ၊မောင်နှမ ၊ သူငယ်ချင်းတွေကို ထားသွားခဲ့တာ (၂) နှစ်တောင်ပြည့်ခဲ့ပြီဖြစ်ပြီး အားလုံးက လွမ်းဆွတ်သတိရကြောင်း စာလေးတွေ ကို လူမှုကွန်ရက်စာမျက်နှာမှာရေးသားခဲ့ကြပါတယ် ။

ဒီနေ့ဟာ ကျွန်တော်တို့အားလုံးကို မင်းသွေးနှုတ်မဆက်ပဲထွက်သွားခဲ့တာ၂နှစ်ပြည့်ခဲ့ပါပြီ မတည်မြဲခြင်းဆိုတဲ့သင်္ခါရတရားကို သူလုပ်ခဲ့တဲ့အနုပညာနဲ့ပြသထားတဲ့ MV လေးကို မင်းသွေးရဲ့ပရိသတ်များအားလုံးအတွက်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ ဆိုတဲ့စာသားလေးနဲ့အတူ မင်းသွေးအမှတ်တရ Video လေးကို နေတိုးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ မျှဝေပေးလာခဲ့ပါတယ် ။ ထူးခြားတာကတော့ ဒီ Video လေးကို မင်းသွေးရဲ့ချစ်သူ ကောင်မလေး ကိုယ်တိုင် သရုပ်ဆောင်ထားပြီး မင်းသွေးရဲ့အုတ်ဂူလေးဆီကို သွားရောက်နှုတ်ဆက်ခဲ့တဲ့ ပုံစံလေးရိုက်ကူးထားတာပဲဖြစ်ပါတယ် ။

အတူရှိခဲ့တဲ့ ပျော်ရွှင်စရာ အမှတ်တရတွေနဲ့ ဝမ်းနည်းမှုတွေနဲ့သွားရောက်နှုတ်ဆက်ရမယ့် သူမရဲ့ ပုံစံလေးကို နှိုင်းယှဉ်ရိုက်ကူးထားပြီး သူမတို့ချစ်သူဘဝက ပျော်စရာအမှတ်တရ ဗီဒီယိုလေးတွေကိုလည်း ပြန်လည်ထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ် ။ ရှင်ကွဲကွဲတာဟာ တစ်နေရာရာ မှာပြန်လည်ဆုံတွေ့နိုင်ဖို့ မျှော်လင့်ချက်ရှိသေးပေမယ့် သေကွဲကတော့ ဘယ်တော့မှ ပြန်မတွေ့ရတော့မယ့်လမ်းမို့ ကျန်ခဲ့သူရဲ့ ရင်ထဲက ခံစားချက်တွေကို ဒီဗီဒီယိုလေးမှာအထင်းသားမြင်ရပြီး ကြည့်ရတဲ့ပရိသတ်တွေလည်း မျက်ရည်ကျစေမှာ အမှန်ပါပဲ ။ ဆယ်လီကမ္ဘာ ပရိသတ်ကြီးအတွက် မင်းသွေးအမှတ်ရ ဗီဒီယိုလေးကို တဆင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Min Thway
Emily (Cele Gabar)

  • Leave a Comment