ၾကည့္မိသူတိုင္း မ်က္ရည္က်မတက္ျဖစ္ေစမယ့္ ၾကည္ႏူးစရာ အလႉေလးကို ထပ္မံျပဳလုပ္ခဲ့တဲ့ ျဖဴျဖဴေထြးရဲ႕ ဗီဒီယိုေလး

ပရိသတ္ႀကီးေရ မင္းသမီးေခ်ာေလး ျဖဴျဖဴေထြးကေတာ့ ဟာသဗီဒီယိုေလးေတြနဲ႔ အခ်ိန္အတိုတြင္း ပရိသတ္ေတြရဲ႕ ရင္ထဲကို ခ်စ္ခင္မႈေတြနဲ႔ ေရာက္ရွိခဲ့တဲ့သူပဲျဖစ္ပါတယ္။ စကားေျပာရင္လည္း သြက္သြက္လက္လက္ နဲ႔ ပြင့္ပြင့္လင္းလင္း ေျပာဆိုတတ္တဲ့ စိတ္သေဘာထားျပည့္ဝသူေလးပဲျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ျဖဴျဖဴေထြးဟာ ေၾကာ္ျငာေတြကို မနားတမ္း မ်ားစြာ႐ိုက္ကူးေနရတာကိုလည္း ေတြ႕ရပါတယ္။

ျဖဴျဖဴေထြးဟာ အႏုပညာကေနရရွိတဲ့ ေငြေၾကးတခ်ိဳ႕ကိုလည္း လိုအပ္ေနတဲ့သူေတြကို တတ္ႏိုင္သေလာက္ လႉဒါန္းေပးတာကို ေတြ႕ရပါတယ္။ သူျပဳလုပ္ခဲ့တဲ့ အလႉပုံရိပ္ေလးေတြနဲ႔ ဗီဒီယိုေလးေတြကိုလည္း ပရိသတ္ေတြအတြက္ အၿမဲေဖာ္ျပေပးတာေတြ႕ရပါတယ္။ ယခုမွာဆိုရင္လည္း ျဖဴျဖဴေထြး က ပရိသတ္ေတြၾကည္ႏူးပီတိျဖစ္ေလာက္မယ့္ ဗီဒီယိုေလးကို တင္ေပးလာခဲ့ပါတယ္။

ဒီဗီဒီယိုေလးကေတာ့ ျဖဴျဖဴေထြးဟာ တရားဦးဓမၼစၾကာစာအုပ္ေတြနဲ႔ အတူ အႏုပညာမွရတဲ့ ေငြေၾကးတခ်ိဳ႕ျဖင့္ လမ္းမွာေတြတဲ့ သံဃာေတာ္ေတြအျပင္ အဖိုးအဖြားေတြနဲ႔ လူငယ္ေလးေတြကိုပါ လႉဒါန္းေပးခဲ့တဲ့ အလႉဗီဒီယိုေလးပဲျဖစ္ပါတယ္။ ဒီဗီဒီယိုေလးနဲ႔လည္း ျဖဴျဖဴေထြးက “ေလးေလးဘယ္သြားမလို႔လဲဆိုေတာ့ ထမင္းတနပ္စာစားဖို႔ရွားေနတာတဲ့ အခုသူေပ်ာ္သြားၿပီ” ဆိုၿပီး ေရးသားထားပါတယ္။ ကဲ…ခ်စ္ပရိသတ္ႀကီးေရ ယခုမွာေတာ့ တကယ့္ကို မြန္ျမတ္တဲ့ အလႉေလးကို လုပ္ခဲ့တဲ့ ျဖဴျဖဴေထြးရဲ႕ ဗီဒီယိုေလးကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Source – Phyu Phyu Htwe

credit – Myanmarload

Unicode

ကြည့်မိသူတိုင်း မျက်ရည်ကျမတက်ဖြစ်စေမယ့် ကြည်နူးစရာ အလှူလေးကို ထပ်မံပြုလုပ်ခဲ့တဲ့ ဖြူဖြူထွေးရဲ့ ဗီဒီယိုလေး

ပရိသတ်ကြီးရေ မင်းသမီးချောလေး ဖြူဖြူထွေးကတော့ ဟာသဗီဒီယိုလေးတွေနဲ့ အချိန်အတိုတွင်း ပရိသတ်တွေရဲ့ ရင်ထဲကို ချစ်ခင်မှုတွေနဲ့ ရောက်ရှိခဲ့တဲ့သူပဲဖြစ်ပါတယ်။ စကားပြောရင်လည်း သွက်သွက်လက်လက် နဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်တဲ့ စိတ်သဘောထားပြည့်ဝသူလေးပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖြူဖြူထွေးဟာ ကြော်ငြာတွေကို မနားတမ်း များစွာရိုက်ကူးနေရတာကိုလည်း တွေ့ရပါတယ်။

ဖြူဖြူထွေးဟာ အနုပညာကနေရရှိတဲ့ ငွေကြေးတချို့ကိုလည်း လိုအပ်နေတဲ့သူတွေကို တတ်နိုင်သလောက် လှူဒါန်းပေးတာကို တွေ့ရပါတယ်။ သူပြုလုပ်ခဲ့တဲ့ အလှူပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကိုလည်း ပရိသတ်တွေအတွက် အမြဲဖော်ပြပေးတာတွေ့ရပါတယ်။ ယခုမှာဆိုရင်လည်း ဖြူဖြူထွေး က ပရိသတ်တွေကြည်နူးပီတိဖြစ်လောက်မယ့် ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

ဒီဗီဒီယိုလေးကတော့ ဖြူဖြူထွေးဟာ တရားဦးဓမ္မစကြာစာအုပ်တွေနဲ့ အတူ အနုပညာမှရတဲ့ ငွေကြေးတချို့ဖြင့် လမ်းမှာတွေတဲ့ သံဃာတော်တွေအပြင် အဖိုးအဖွားတွေနဲ့ လူငယ်လေးတွေကိုပါ လှူဒါန်းပေးခဲ့တဲ့ အလှူဗီဒီယိုလေးပဲဖြစ်ပါတယ်။ ဒီဗီဒီယိုလေးနဲ့လည်း ဖြူဖြူထွေးက “လေးလေးဘယ်သွားမလို့လဲဆိုတော့ ထမင်းတနပ်စာစားဖို့ရှားနေတာတဲ့ အခုသူပျော်သွားပြီ” ဆိုပြီး ရေးသားထားပါတယ်။ ကဲ…ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ တကယ့်ကို မွန်မြတ်တဲ့ အလှူလေးကို လုပ်ခဲ့တဲ့ ဖြူဖြူထွေးရဲ့ ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source – Phyu Phyu Htwe

credit – Myanmarload

  • Leave a Comment