လိုေလးေသးမရွိေအာင္ ကူညီေပးၿပီး ေနရပ္ျပန္မယ့္ ေနရွင္နယ္လိဒ္ကစားသမားေတြကို မုန္႔ဖိုးအေနနဲ႔ ၁၃၉သိန္းေပးလႉခဲ့တဲ့ ဦးေဇာ္ေဇာ္

MPT Myanmar National League 2020 အမွတ္ေပးေဘာလုံးၿပိဳင္ပြဲႀကီးကေတာ့ မေန႔ညကၿပီးဆုံးသြားခဲ့ၿပီပဲျဖစ္ပါတယ္။ၿပိဳင္ပြဲအၿပီးတြင္ ရွမ္းယူႏိုက္တက္အသင္းက ရမွတ္ ၄၄ မွတ္ျဖင့္ ခ်န္ပီယံဆုဖလားကို ရယူႏိုင္ခဲ့ၿပီး ဟံသာဝတီယူႏိုက္တက္အသင္းက သမိုင္းတစ္ေလ်ာက္အျမင့္ဆုံးရပ္တည္မႈအျဖစ္ အဆင့္ (၂) ေနရာတြင္ ရပ္တည္ႏိုင္ခဲ့ကာ ယမန္ႏွစ္က အဆင့္ (၂) ေနရာရပ္တည္ခဲ့သည့္ ဧရာဝတီယူႏိုက္တက္အသင္းက အဆင့္ (၃) ေနရာျဖင့္ ရာသီသိမ္းခဲ့တာပဲျဖစ္ပါတယ္။

လက္ရွိခ်န္ပီယံရွမ္းယူႏိုက္တက္အသင္းကေတာ့ ျမန္မာေနရွင္နယ္လိဂ္ဆုဖလားႀကီးကို သုံးႀကိမ္ေျမာက္ဆြတ္ခူးႏိုင္ခဲ့တာပဲျဖစ္ၿပီး ရမွတ္ ၄၄ မွတ္ျဖင့္ ခ်န္ပီယံဆုကို ရယူႏိုင္ခဲ့တာပဲျဖစ္ပါတယ္။ယခုမွာေတာ့ ဦးေဇာ္ေဇာ္ဟာ ျမန္မာေနရွင္နယ္လိဂ္ၿပိဳင္ပြဲေတြအၿပီး ေနရပ္ျပန္ၾကမယ့္ ေနရွင္နယ္လိဒ္ကစားသမားေတြအျပန္ခရီးမွာ အဆင္ေျပေစဖို႔ သက္ဆိုင္ရာ ျပည္နယ္ႏွင့္တိုင္းေတြကို ကားေတြစီစဥ္ေပးခဲ့ပါတယ္။

ဦးေဇာ္ေဇာ္ဟာ ေနရပ္ျပန္မယ့္ ကစားသမားေတြအတြက္ တစ္ေယာက္တစ္သိန္းႏႈန္းျဖင့္ (၁၃၉)သိန္းကိုမုန႔္ဖိုးအေနနဲ႔ ေပးလႉခဲ့ပါတယ္။ ေဘာလုံးကစားသမားေတြကို အျပစ္ေျပာစရာမရွိေအာင္ အစစအရာရာကူညီေပးတဲ့ ဦးေဇာ္ေဇာ္ရဲ႕ အလႉေလးဟာ ပရိသတ္ေတြကို ဝမ္းေျမာက္ၾကည္ႏူးေစခဲ့ပါတယ္။ ခ်စ္ပရိသတ္ေတြအတြက္ ေနရပ္ေတြဆီ ျပန္ၾကမယ့္ ေနရွင္နယ္လိဒ္ကစားသမားေတြရဲ႕ ပုံရိပ္ေလးေတြကိုျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္။

source – Kyo Kyar

credit – Myanmarload

Unicode

လိုလေးသေးမရှိအောင် ကူညီပေးပြီး နေရပ်ပြန်မယ့် နေရှင်နယ်လိဒ်ကစားသမားတွေကို မုန့်ဖိုးအနေနဲ့ ၁၃၉သိန်းပေးလှူခဲ့တဲ့ ဦးဇော်ဇော်

MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲကြီးကတော့ မနေ့ညကပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။ပြိုင်ပွဲအပြီးတွင် ရှမ်းယူနိုက်တက်အသင်းက ရမှတ် ၄၄ မှတ်ဖြင့် ချန်ပီယံဆုဖလားကို ရယူနိုင်ခဲ့ပြီး ဟံသာဝတီယူနိုက်တက်အသင်းက သမိုင်းတစ်လျောက်အမြင့်ဆုံးရပ်တည်မှုအဖြစ် အဆင့် (၂) နေရာတွင် ရပ်တည်နိုင်ခဲ့ကာ ယမန်နှစ်က အဆင့် (၂) နေရာရပ်တည်ခဲ့သည့် ဧရာဝတီယူနိုက်တက်အသင်းက အဆင့် (၃) နေရာဖြင့် ရာသီသိမ်းခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိချန်ပီယံရှမ်းယူနိုက်တက်အသင်းကတော့ မြန်မာနေရှင်နယ်လိဂ်ဆုဖလားကြီးကို သုံးကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့တာပဲဖြစ်ပြီး ရမှတ် ၄၄ မှတ်ဖြင့် ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ယခုမှာတော့ ဦးဇော်ဇော်ဟာ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွေအပြီး နေရပ်ပြန်ကြမယ့် နေရှင်နယ်လိဒ်ကစားသမားတွေအပြန်ခရီးမှာ အဆင်ပြေစေဖို့ သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းတွေကို ကားတွေစီစဉ်ပေးခဲ့ပါတယ်။

ဦးဇော်ဇော်ဟာ နေရပ်ပြန်မယ့် ကစားသမားတွေအတွက် တစ်ယောက်တစ်သိန်းနှုန်းဖြင့် (၁၃၉)သိန်းကိုမုန့်ဖိုးအနေနဲ့ ပေးလှူခဲ့ပါတယ်။ ဘောလုံးကစားသမားတွေကို အပြစ်ပြောစရာမရှိအောင် အစစအရာရာကူညီပေးတဲ့ ဦးဇော်ဇော်ရဲ့ အလှူလေးဟာ ပရိသတ်တွေကို ဝမ်းမြောက်ကြည်နူးစေခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် နေရပ်တွေဆီ ပြန်ကြမယ့် နေရှင်နယ်လိဒ်ကစားသမားတွေရဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source – Kyo Kyar

credit – Myanmarload

  • Leave a Comment