အေမ့ရဲ႕ညီမ အေဒၚအရင္းတစ္ေယာက္လုံး ကိုဗစ္ ၁၉ ဗိုင္းရပ္စ္ကူးစက္ခံလိုက္ရတဲ့အေၾကာင္းလေျပာျပလာတဲ့ သ႐ုပ္ေဆာင္ ညီနႏၵ

ပရိသတ္ႀကီးေရ….အႏုပညာေလာကမွာ ႏွစ္ေပါင္းမ်ားစြာတိုင္ရပ္တည္ေအာင္ျမင္ေနၿပီး ပရိသတ္အားေပးမႈရရွိထားတဲ့ ဝါရင့္သ႐ုပ္ေဆာင္မင္းသားႀကီး ညီနႏၵကိုသိၾကမယ္ထင္ပါတယ္ေနာ္။ သူဟာ ဗီဒီယိုဇာတ္ကားမ်ား၊႐ုပ္ရွင္ကားမ်ားနဲ႔ အႏုပညာေလာကထဲစတင္၀င္ေရာက္လာခဲ့တာျဖစ္ၿပီး ပရိသတ္ေတြရဲ႕ရင္ထဲမွာအခ်ိန္အေတာ္ၾကာ ေနရာယူထားတဲ့မင္းသားေခ်ာႀကီးပါ။

ယခုကိုဗစ္ကာလမွာေတာ့ ညီနႏၵဟာ Covid ကုသေရးစင္တာမ်ားနဲ႔ Q Center မ်ားသို႔ ေထာပတ္ထမင္းလိုက္လံလႉဒါန္းေပးေနတာျဖစ္ပါတယ္ ယခုရက္ပိုင္းမီဒီယာေတြ႕ဆုံမႈတစ္ခုမွာေတာ့ ညီနႏၵရဲ႕ အေဒၚျဖစ္သူ ကိုဗစ္ ၁၉ ကူးစက္ခံခဲ့ရတဲ့အေၾကာင္းေျပာျပလာခဲ့တာပါ

ညီနႏၵက “ဒီေန႔မနက္မွ အကို႔အေဒၚဆက္လာတယ္ ႐ိုးမကိုပို႔မယ္ေပါ့ ဒဂုံဆိပ္ကမ္းကိုပို႔မယ္ေပါ့

အေဒၚေတြကက်ေတာ့ ေနတာကစမ္းေခ်ာင္းမွာေနတာ အကိုကေျမာက္ဒဂုံမွာေနတာ ဆိုေတာ့ အကိုတို႔လည္း ၾကားထဲမွာ မထိေတြ႕ျဖစ္ဘူး ဖုန္းနဲ႔ေတာ့ အားလုံးက ေျပာဆိုဆက္ဆံေနၾကတာေပါ့ေနာ္ ဒဂုံဆိပ္ကမ္းပို႔မယ္ဆိုေတာ့ ဒီရက္ပိုင္းအကိုသြားလႉေနတာနဲ႔ အဲ့ဒီကဆရာမႀကီးဆီဖုန္းလွမ္းဆက္တယ္ ကြၽန္ေတာ္အေျခအေနေလးသိခ်င္ပါတယ္ ကြၽန္ေတာ့အေဒၚ နဲ႔သူ႔ေယာက်ာ္းနဲ႔ Positive ျဖစ္တယ္ေပါ့ အဲ့ဒီကိုလာဖို႔ ဘာေတြျပင္ဆင္ရမလဲ ဘာပို႔ေပးရမလဲေပါ့ေနာ္ အဲ့မွာေျပာခ်င္တာက ဒီေရာဂါအေၾကာင္းပါ အရမ္းႀကီးစိတ္မပူၾကပါနဲ႔ ကိုယ္တို႔နဲ႔ နီးစပ္တဲ့ဆရာဝန္ေတြကလည္းေျပာတယ္ ဒီေရာဂါသည္ အရမ္းႀကီးစိုးရိမ္စရာမဟုတ္သလို အရမ္းႀကီးေပါ့လို႔ရတာမ်ိဳးလည္းမဟုတ္ဘူး

ႀကိဳတင္ကာကြယ္ဖို႔အတြက္က အိပ္ေရးဝဝအိပ္ ေကာင္းေကာင္းစား ၿပီးေတာ့ စီဗစ္ေပါ့ စီဗစ္ကေတာ့ မျဖစ္မေနေသာက္ရမယ္ စီဗစ္နဲ႔ဇင့္ေပါ့ ကိုယ္ဆို ေန႔တိုင္းေသာက္တယ္ အခုဆိုကိုယ္တိုင္လည္း အျပင္ေတြထြက္ေနရတာျဖစ္တဲ့အတြက္ က်န္းမာေရးဂ႐ုစိုက္တယ္ ဒီအခ်ိန္မွာ က်န္းမာေရးေကာင္းဖို႔ လိုအပ္တယ္ ေနာက္တတ္ႏိုင္ရင္ေလ့က်င့္ခန္းလုပ္ပါ ဒါဆိုရင္ေတာ့အေကာင္းဆုံးပါပဲ” လို႔ေျပာျပလာခဲ့တာျဖစ္ပါတယ္

ညီနႏၵကေတာ့ သူ႔ရဲ႕ အေဒၚျဖစ္သူကိုယ္တိုင္ ကိုဗစ္ ၁၉ ကူးစက္ခံခဲ့ရတဲ့အေၾကာင္း ဖြင့္ဟလာခဲ့တာပါ ပရိသတ္ႀကီးေရ ညီနႏၵအတြက္ အားေပးစကားေလး ေျပာခဲ့ၾကပါအုန္းေနာ္

credit – sylvideo

Unicode

အမေ့ရဲ့ညီမ အဒေါ်အရင်းတစ်ယောက်လုံး ကိုဗစ် ၁၉ ဗိုင်းရပ်စ်ကူးစက်ခံလိုက်ရတဲ့အကြောင်းလပြောပြလာတဲ့ သရုပ်ဆောင် ညီနန္ဒ

ပရိသတ်ကြီးရေ….အနုပညာလောကမှာ နှစ်ပေါင်းများစွာတိုင်ရပ်တည်အောင်မြင်နေပြီး ပရိသတ်အားပေးမှုရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်မင်းသားကြီး ညီနန္ဒကိုသိကြမယ်ထင်ပါတယ်နော်။ သူဟာ ဗီဒီယိုဇာတ်ကားများ၊ရုပ်ရှင်ကားများနဲ့ အနုပညာလောကထဲစတင်၀င်ရောက်လာခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ရင်ထဲမှာအချိန်အတော်ကြာ နေရာယူထားတဲ့မင်းသားချောကြီးပါ။

ယခုကိုဗစ်ကာလမှာတော့ ညီနန္ဒဟာ Covid ကုသရေးစင်တာများနဲ့ Q Center များသို့ ထောပတ်ထမင်းလိုက်လံလှူဒါန်းပေးနေတာဖြစ်ပါတယ် ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ ညီနန္ဒရဲ့ အဒေါ်ဖြစ်သူ ကိုဗစ် ၁၉ ကူးစက်ခံခဲ့ရတဲ့အကြောင်းပြောပြလာခဲ့တာပါ

ညီနန္ဒက “ဒီနေ့မနက်မှ အကို့အဒေါ်ဆက်လာတယ် ရိုးမကိုပို့မယ်ပေါ့ ဒဂုံဆိပ်ကမ်းကိုပို့မယ်ပေါ့

အဒေါ်တွေကကျတော့ နေတာကစမ်းချောင်းမှာနေတာ အကိုကမြောက်ဒဂုံမှာနေတာ ဆိုတော့ အကိုတို့လည်း ကြားထဲမှာ မထိတွေ့ဖြစ်ဘူး ဖုန်းနဲ့တော့ အားလုံးက ပြောဆိုဆက်ဆံနေကြတာပေါ့နော် ဒဂုံဆိပ်ကမ်းပို့မယ်ဆိုတော့ ဒီရက်ပိုင်းအကိုသွားလှူနေတာနဲ့ အဲ့ဒီကဆရာမကြီးဆီဖုန်းလှမ်းဆက်တယ် ကျွန်တော်အခြေအနေလေးသိချင်ပါတယ် ကျွန်တော့အဒေါ် နဲ့သူ့ယောကျာ်းနဲ့ Positive ဖြစ်တယ်ပေါ့ အဲ့ဒီကိုလာဖို့ ဘာတွေပြင်ဆင်ရမလဲ ဘာပို့ပေးရမလဲပေါ့နော် အဲ့မှာပြောချင်တာက ဒီရောဂါအကြောင်းပါ အရမ်းကြီးစိတ်မပူကြပါနဲ့ ကိုယ်တို့နဲ့ နီးစပ်တဲ့ဆရာဝန်တွေကလည်းပြောတယ် ဒီရောဂါသည် အရမ်းကြီးစိုးရိမ်စရာမဟုတ်သလို အရမ်းကြီးပေါ့လို့ရတာမျိုးလည်းမဟုတ်ဘူး

ကြိုတင်ကာကွယ်ဖို့အတွက်က အိပ်ရေးဝဝအိပ် ကောင်းကောင်းစား ပြီးတော့ စီဗစ်ပေါ့ စီဗစ်ကတော့ မဖြစ်မနေသောက်ရမယ် စီဗစ်နဲ့ဇင့်ပေါ့ ကိုယ်ဆို နေ့တိုင်းသောက်တယ် အခုဆိုကိုယ်တိုင်လည်း အပြင်တွေထွက်နေရတာဖြစ်တဲ့အတွက် ကျန်းမာရေးဂရုစိုက်တယ် ဒီအချိန်မှာ ကျန်းမာရေးကောင်းဖို့ လိုအပ်တယ် နောက်တတ်နိုင်ရင်လေ့ကျင့်ခန်းလုပ်ပါ ဒါဆိုရင်တော့အကောင်းဆုံးပါပဲ” လို့ပြောပြလာခဲ့တာဖြစ်ပါတယ်

ညီနန္ဒကတော့ သူ့ရဲ့ အဒေါ်ဖြစ်သူကိုယ်တိုင် ကိုဗစ် ၁၉ ကူးစက်ခံခဲ့ရတဲ့အကြောင်း ဖွင့်ဟလာခဲ့တာပါ ပရိသတ်ကြီးရေ ညီနန္ဒအတွက် အားပေးစကားလေး ပြောခဲ့ကြပါအုန်းနော်

credit – sylvideo

  • Leave a Comment