






credit – Myanmarload

Unicode

အိမ်နေရင်းဂါဝန်လေးနဲ့ ဆယ်ကျော်သက်လေးလိုချစ်ဖို့ကောင်းနေပြီး ဘာမှမလိမ်းခြယ်ထားတာတောင် နုဖတ်လှပနေတဲ့အူဝဲ

ပရိသတ်အချစ်တော် အိန္ဒြာကျော်ဇင်ကတော့ မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲမင်းသမီးတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာကြာအောင် အနုပညာအလုပ်တွေကို လုပ်ကိုင်လာခဲ့တဲ့ အိန္ဒြာကျော်ဇင်က အကယ်ဒမီဆုနှစ်ဆု ဆွတ်ခူးထားတဲ့ ထပ်ဆင့်အကယ်ဒမီဆုရှင်လည်း ဖြစ်ပါတယ် ။ ယနေ့အချိန်အထိလည်း အိန္ဒြာကျော်ဇင်က ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးနေရပြီး အကယ်ဒမီဆုအတွက် မကြာခဏဆိုသလို ထင်ကြေးပေးခံနေရတာ ဖြစ်ပါတယ် ။

သားတစ်ယောက်၊သမီးတစ်ယောက် ပိုင်ဆိုင်ထားတဲ့အူဝဲက ကလေးမေမေဖြစ်ပေမယ့်လည်း ရှိရင်းစွဲ အသက်အရွယ်ထက်တောင် အရွယ်တင်ပြီး နုပျိုနေတာ ဖြစ်ပါတယ် ။ အထူးသဖြင့် အူဝဲရဲ့အပြုံးလေးတွေက အပြစ်ကင်းစင်ပြီး အရမ်းချစ်ဖို့ကောင်းနေတာပဲ ဖြစ်ပါတယ် ။ အခုလည်း အူဝဲက အိမ်မှာနေရင်း ဓာတ်ဖမ်းထားတဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် မျှဝေပေးထားတာ ဖြစ်ပါတယ် ။

အူဝဲက “အားလုံးအတွက် ကံကောင်းခြင်းတွေ ယူဆောင်လာပေးပါ October ” ဆိုပြီး ဆုတောင်းစကားဆိုထားသေးတာ ဖြစ်ပါတယ် ။ ဂါဝန်ဖြူဖြူလေးကိုဝတ်ဆင်ထားတဲ့ အူဝဲကတော့ လူငယ်လေးတစ်ယောက်လို့တောင် ထင်မှတ်ရပြီး မျက်နှာလေးကလည်း ကြည်လင်ဝင်းပနေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး အူဝဲရဲ့ ရိုးရိုးရှင်းရှင်း ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Photo Credit-Eaindra Kyaw Zin

credit – Myanmarload

  • Leave a Comment