အရိုးသားဆံုး ကူညီခဲ့မႈတစ္ခုေၾကာင့္ ေဒၚလာ(၁၀,၀၀၀)ေက်ာ္ ဂုဏ္ျပဳခံခဲ့ရတဲ့ အမ်ိဳးသမီးၾကီး

ေလာကမွာ လူတစ္ေယာက္ကေနျပီးေတာ့ အကူအညီလိုေနတဲ့ အျခားလူတစ္ေယာက္ကို ကူညီတယ္ဆိုတာ အင္မတန္မွကို မြန္ျမတ္တဲ့ အလုပ္တစ္ခုပဲ ျဖစ္ပါတယ္။ လူေတာ္ေတာ္မ်ားမ်ားဟာ ကိုယ္နဲ႔မသိတဲ့ လူစိမ္းတစ္ေယာက္ ဒုကၡေရာက္ေနရင္ အကူအညီေပးဖို႔ ဝန္ေလးေနတတ္ၾကသလို တစ္ခ်ိဳ႕လူေတြက်ျပန္ေတာ့လည္း ကိုယ္ကူညီလိုက္တဲ့ လူဆီကေနျပီးေတာ့ ဘာေတြမ်ားျပန္ရႏိုင္မလဲလို႔ ေမွ်ာ္ကိုးေနတတ္ၾကပါတယ္။ ဒါေပမယ့္ အေမရိကန္ႏိုင္ငံက ေငြကိုင္စာေရးအမ်ိဳးသမီးၾကီးတစ္ေယာက္ကေတာ့ အျခားသူစိမ္းတစ္ေယာက္အေပၚ ဘာမွမေမွ်ာ္လင့္ပဲ ကူညီေပးခဲ့တာေၾကာင့္ သူမရဲ႕ ၾကင္နာတတ္ျပီး ရိုးသားလြန္းတဲ့ စိတ္ထားေၾကာင့္ အေမရိကန္ေဒၚလာ ၁၀,၀၀၀ ေက်ာ္ ဂုဏ္ျပဳခံခဲ့ရေၾကာင္း Goal Cast သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရွိရပါတယ္။

အေပၚကပံုမွာ ေတြ႕ရတဲ့ အမ်ိဳးသမီးကေတာ့ အေမရိကန္ႏိုင္ငံ၊ Texas ျပည္နယ္၊ Houston ျမိဳ႕ရွိ Walgreens စတိုးဆိုင္မွာ ေငြကိုင္စာေရးအျဖစ္ လုပ္ကိုင္ေနတဲ့ Rita Jackson Burns လို႔ အမည္ရတဲ့ အမ်ိဳးသမီးၾကီးတစ္ေယာက္ပဲ ျဖစ္ပါတယ္။ စက္တင္ဘာလ အေစာပိုင္းတုန္းက Rita အလုပ္လုပ္ေနတဲ့ စတိုးဆိုင္ကို Rina Liovu လို႔ အမည္ရတဲ့ အမ်ိဳးသမီးတစ္ေယာက္ ေစ်းဝယ္ဖို႔ ေရာက္လာခဲ့ပါတယ္။ ဒါေပမယ့္ ေငြရွင္းခါနီးအခ်ိန္မွာ Liovu ဟာ ပိုက္ဆံအိတ္ကို အိမ္မွာေမ့က်န္ခဲ့သလို ေယာက်္ားျဖစ္သူရဲ႕ ဖုန္းကိုပါ အိမ္ကေန မွားယူလာခဲ့မိပါတယ္။

ဒါကို သိသိခ်င္းမွာ ပစၥည္းေတြကို ျပန္ထားျပီး ပိုက္ဆံအိတ္မပါတာေၾကာင့္ ေနာက္မွဝယ္ေတာ့မယ္လို႔ Liovu က Rita ကို ရွင္းျပခဲ့ပါတယ္။ ဒါေပမယ့္ Rita ရဲ႕ လုပ္ရပ္ေၾကာင့္ Liovu ခမ်ာမွာ ေတာ္ေတာ္ေလးစိတ္လႈပ္ရွားခဲ့ရသလို ဝမ္းသာပီတိျဖစ္ခဲ့ရွာပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ Rita ဟာ ေဒၚလာ ၂၀ တည္းက်န္ေတာ့တဲ့ သူမရဲ႕ ဘဏ္အေကာင့္ထဲကေန က်သင့္ေငြ ၁၂.၄၁ ေဒၚလာကို Liovu ကိုယ္စား ရွင္းေပးခဲ့တာေၾကာင့္ပါပဲ။

ဒီအေၾကာင္းကို Melissa Correa လို႔ အမည္ရတဲ့ Twitter အေကာင့္ပိုင္ရွင္ဟာ ဆိုရွယ္မီဒီယာမွာ Rita ကို ဂုဏ္ျပဳေသာအားျဖင့္ ပို႔စ္တင္ခဲ့ပါတယ္။ သိပ္မၾကာခင္မွာပဲ Rita ရဲ႕ ၾကင္နာတဲ့စိတ္ကို ဂုဏ္ျပဳခ်င္တဲ့လူေတြဟာ Go Fund Me လို႔ အမည္ရတဲ့ ေငြလွဴဒါန္းတဲ့ ဝက္ဘ္ဆိုက္မွာ Rita အတြက္ တက္ႏိုင္သေလာက္ေလးေတြ အလွဴေငြစုထည့္ၾကရာ အခုဆိုရင္ အလွဴေငြ အေမရိကန္ေဒၚလာ ၁၁,၅၈၄ ခန္႔ ရရွိသြားျပီျဖစ္ေၾကာင္း သိရပါတယ္။ ဒီလိုမ်ိဳးကိုယ္နဲ႔ မသိတဲ့ သူစိမ္းတစ္ေယာက္ကို စိတ္ေစတနာသန္႔သန္႔နဲ႔ ကူညီေပးခဲ့တဲ့ Rita ဟာ ဒီလိုအလွဴေငြေတြနဲ႔ လံုးဝကိုထိုက္တန္တဲ့ အမ်ိဳးသမီးတစ္ေယာက္ပဲ ျဖစ္ပါတယ္။

Unicode

အရိုးသားဆုံး ကူညီခဲ့မှုတစ်ခုကြောင့် ဒေါ်လာ(၁၀,၀၀၀)ကျော် ဂုဏ်ပြုခံခဲ့ရတဲ့ အမျိုးသမီးကြီး

လောကမှာ လူတစ်ယောက်ကနေပြီးတော့ အကူအညီလိုနေတဲ့ အခြားလူတစ်ယောက်ကို ကူညီတယ်ဆိုတာ အင်မတန်မှကို မွန်မြတ်တဲ့ အလုပ်တစ်ခုပဲ ဖြစ်ပါတယ်။ လူတော်တော်များများဟာ ကိုယ်နဲ့မသိတဲ့ လူစိမ်းတစ်ယောက် ဒုက္ခရောက်နေရင် အကူအညီပေးဖို့ ဝန်လေးနေတတ်ကြသလို တစ်ချို့လူတွေကျပြန်တော့လည်း ကိုယ်ကူညီလိုက်တဲ့ လူဆီကနေပြီးတော့ ဘာတွေများပြန်ရနိုင်မလဲလို့ မျှော်ကိုးနေတတ်ကြပါတယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံက ငွေကိုင်စာရေးအမျိုးသမီးကြီးတစ်ယောက်ကတော့ အခြားသူစိမ်းတစ်ယောက်အပေါ် ဘာမှမမျှော်လင့်ပဲ ကူညီပေးခဲ့တာကြောင့် သူမရဲ့ ကြင်နာတတ်ပြီး ရိုးသားလွန်းတဲ့ စိတ်ထားကြောင့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ကျော် ဂုဏ်ပြုခံခဲ့ရကြောင်း Goal Cast သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အပေါ်ကပုံမှာ တွေ့ရတဲ့ အမျိုးသမီးကတော့ အမေရိကန်နိုင်ငံ၊ Texas ပြည်နယ်၊ Houston မြို့ရှိ Walgreens စတိုးဆိုင်မှာ ငွေကိုင်စာရေးအဖြစ် လုပ်ကိုင်နေတဲ့ Rita Jackson Burns လို့ အမည်ရတဲ့ အမျိုးသမီးကြီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ စက်တင်ဘာလ အစောပိုင်းတုန်းက Rita အလုပ်လုပ်နေတဲ့ စတိုးဆိုင်ကို Rina Liovu လို့ အမည်ရတဲ့ အမျိုးသမီးတစ်ယောက် ဈေးဝယ်ဖို့ ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် ငွေရှင်းခါနီးအချိန်မှာ Liovu ဟာ ပိုက်ဆံအိတ်ကို အိမ်မှာမေ့ကျန်ခဲ့သလို ယောကျ်ားဖြစ်သူရဲ့ ဖုန်းကိုပါ အိမ်ကနေ မှားယူလာခဲ့မိပါတယ်။

ဒါကို သိသိချင်းမှာ ပစ္စည်းတွေကို ပြန်ထားပြီး ပိုက်ဆံအိတ်မပါတာကြောင့် နောက်မှဝယ်တော့မယ်လို့ Liovu က Rita ကို ရှင်းပြခဲ့ပါတယ်။ ဒါပေမယ့် Rita ရဲ့ လုပ်ရပ်ကြောင့် Liovu ခမျာမှာ တော်တော်လေးစိတ်လှုပ်ရှားခဲ့ရသလို ဝမ်းသာပီတိဖြစ်ခဲ့ရှာပါတယ်။ ဘာကြောင့်လဲဆိုတော့ Rita ဟာ ဒေါ်လာ ၂၀ တည်းကျန်တော့တဲ့ သူမရဲ့ ဘဏ်အကောင့်ထဲကနေ ကျသင့်ငွေ ၁၂.၄၁ ဒေါ်လာကို Liovu ကိုယ်စား ရှင်းပေးခဲ့တာကြောင့်ပါပဲ။

ဒီအကြောင်းကို Melissa Correa လို့ အမည်ရတဲ့ Twitter အကောင့်ပိုင်ရှင်ဟာ ဆိုရှယ်မီဒီယာမှာ Rita ကို ဂုဏ်ပြုသောအားဖြင့် ပို့စ်တင်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ Rita ရဲ့ ကြင်နာတဲ့စိတ်ကို ဂုဏ်ပြုချင်တဲ့လူတွေဟာ Go Fund Me လို့ အမည်ရတဲ့ ငွေလှူဒါန်းတဲ့ ဝက်ဘ်ဆိုက်မှာ Rita အတွက် တက်နိုင်သလောက်လေးတွေ အလှူငွေစုထည့်ကြရာ အခုဆိုရင် အလှူငွေ အမေရိကန်ဒေါ်လာ ၁၁,၅၈၄ ခန့် ရရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။ ဒီလိုမျိုးကိုယ်နဲ့ မသိတဲ့ သူစိမ်းတစ်ယောက်ကို စိတ်စေတနာသန့်သန့်နဲ့ ကူညီပေးခဲ့တဲ့ Rita ဟာ ဒီလိုအလှူငွေတွေနဲ့ လုံးဝကိုထိုက်တန်တဲ့ အမျိုးသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။

credit – shwemom

  • Leave a Comment