ေမေမသင္ေပးတဲ့ ဘုရားစာကို ေနာက္ကေနပီပီသသလိုက္ဆိုၿပီး ဘုရားရွိခိုးေနတဲ့ မယ္လိုဒီရဲ႕သားေခ်ာေလး

အကယ္ဒမီမယ္လိုဒီကေတာ့ သားေခ်ာေလးတစ္ေယာက္ကိုပိုင္ဆိုင္ထားတဲ့ မိခင္ျဖစ္ပါတယ္ေနာ္။မယ္လိုဒီက အႏုပညာအလုပ္ေတြကိုလည္း ျပန္လည္လုပ္ေဆာင္ေနၿပီး ကိုဗစ္မျဖစ္ခင္မွာ ခရီးေတြထြက္ကာ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ႐ိုက္ကူးထားပါတယ္ေနာ္။မယ္လိုဒီကေတာ့ ကေလးတစ္ေယာက္အေမျဖစ္ေပမယ့္လည္း ေလ့က်င့္ခန္းကို အၿမဲတမ္းလုပ္ေဆာင္တာေၾကာင့္ က်န္းမာလွပေနတာပဲျဖစ္ပါတယ္။

မယ္လိုဒီကေတာ့ သူမအားတဲ့အခ်ိန္တိုင္းမွာ သားေလးကိုအခ်ိန္အျပည့္ေပးၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနထိုင္ေနတာျဖစ္ပါတယ္။သိဒၶိစစ္ေလးကလည္း (၆)ႏွစ္ေက်ာ္အ႐ြယ္ေလးနဲ႔တင္ သိတတ္နားလည္ေနၿပီး ေမေမ့ကိုလည္းစိတ္ခ်မ္းသာေအာင္ထားေပးတဲ့ သားလိမၼာေလးျဖစ္ပါတယ္။မယ္လိုဒီကေတာ့ သားေခ်ာေလးေၾကာင့္ အၿမဲစိတ္ခ်မ္းသာၿပီး ေအးခ်မ္းေနရတာျဖစ္ပါတယ္ေနာ္။

မယ္လိုဒီက သားေလးကို အနီးကပ္ဂ႐ုစိုက္ေပးၿပီး သားေလးႀကိဳက္တတ္တာေလးေတြကိုလည္း ကိုယ္တိုင္ခ်က္ေကြၽးပါတယ္ေနာ္။

အခုဆိုရင္လည္း မယ္လိုဒီက သိဒၶိစစ္ေလးကို ဘုရားစာသင္ေပးၿပီး သားအမိႏွစ္ေယာက္အတူတူ ဘုရားရွိခိုးေနတာျဖစ္ပါတယ္။သိဒၶိစစ္ေလးကလည္း ေမေမသင္ေပးတဲ့ဘုရားစာကို ပီပီသသနဲ႔လိုက္ဆိုေနတဲ့ဗီဒီယိုဖိုင္ေလးကို ခ်စ္ပရိသတ္ႀကီးအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Video Credit: Melody Myo

credit – Myanmarload

Unicode

မေမေသင်ပေးတဲ့ ဘုရားစာကို နောက်ကနေပီပီသသလိုက်ဆိုပြီး ဘုရားရှိခိုးနေတဲ့ မယ်လိုဒီရဲ့သားချောလေး

အကယ်ဒမီမယ်လိုဒီကတော့ သားချောလေးတစ်ယောက်ကိုပိုင်ဆိုင်ထားတဲ့ မိခင်ဖြစ်ပါတယ်နော်။မယ်လိုဒီက အနုပညာအလုပ်တွေကိုလည်း ပြန်လည်လုပ်ဆောင်နေပြီး ကိုဗစ်မဖြစ်ခင်မှာ ခရီးတွေထွက်ကာရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးထားပါတယ်နော်။မယ်လိုဒီကတော့ ကလေးတစ်ယောက်အမေဖြစ်ပေမယ့်လည်း လေ့ကျင့်ခန်းကို အမြဲတမ်းလုပ်ဆောင်တာကြောင့် ကျန်းမာလှပနေတာပဲဖြစ်ပါတယ်။

မယ်လိုဒီကတော့ သူမအားတဲ့အချိန်တိုင်းမှာ သားလေးကိုအချိန်အပြည့်ပေးပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာဖြစ်ပါတယ်။သိဒ္ဓိစစ်လေးကလည်း (၆)နှစ်ကျော်အရွယ်လေးနဲ့တင် သိတတ်နားလည်နေပြီး မေမေ့ကိုလည်းစိတ်ချမ်းသာအောင်ထားပေးတဲ့ သားလိမ္မာလေးဖြစ်ပါတယ်။မယ်လိုဒီကတော့ သားချောလေးကြောင့် အမြဲစိတ်ချမ်းသာပြီး အေးချမ်းနေရတာဖြစ်ပါတယ်နော်။

မယ်လိုဒီက သားလေးကို အနီးကပ်ဂရုစိုက်ပေးပြီး သားလေးကြိုက်တတ်တာလေးတွေကိုလည်း ကိုယ်တိုင်ချက်ကျွေးပါတယ်နော်။အခုဆိုရင်လည်း မယ်လိုဒီက သိဒ္ဓိစစ်လေးကို ဘုရားစာသင်ပေးပြီး သားအမိနှစ်ယောက်အတူတူ ဘုရားရှိခိုးနေတာဖြစ်ပါတယ်။

သိဒ္ဓိစစ်လေးကလည်း မေမေသင်ပေးတဲ့ဘုရားစာကို ပီပီသသနဲ့လိုက်ဆိုနေတဲ့ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Video Credit: Melody Myo

credit – Myanmarload

  • Leave a Comment