အသက်၉နှစ်အရွယ်လေးနဲ့ ဖက်ရှင်ဒီဇိုင်းမိုက်သည့် အဝတ်အစားတွေကို ကိုယ်တိုင်ချုပ်လုပ်ဝတ်ဆင်ခဲ့သော ကလေးမလေး

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ အသက်၉နှစ်အရွယ် သုံးတန်းကျောင်းသူလေးတစ်ဦးသည် ငယ်ငယ်ရွယ်ရွယ်နှင့် ဝတ်စားဆင်ယင်မှု ဒီဇိုင်းဆန်းတို့ကြောင့် လူအများအား အံ့အားသင့် ဆွဲဆောင်နိုင်ခဲ့သည်။

ကလေးမလေးသည် ငယ်စဥ်တည်းက အဝတ်အစားတွေကို သူမစိတ်ကြိုက်ရွေးချယ်ဝတ်ဆင်ကာ အဝတ်အစားနှင့် လိုက်ဖက်စေမည့် ဖိနပ်တို့ကိုလည်း တွဲပြီးဝတ်တတ်ခဲ့ရာ မိခင်ဖြစ်သူမှ သဘောကျနေခဲ့သည်။

သမီးလေးရဲ့အရည်အချင်းကိုသိသော မိခင်ဖြစ်သူမှာ သမီးလေးဖြစ်ချင်သည့် နာမည်ကြီး ဒီဇိုင်နာတစ်ယောက်ဖြစ်အောင် ကူညီပံ့ပိုးပေးရန် အဆင်သင့်ဖြစ်နေခဲ့ပြီး သမီးလေးအတွက် သီးသန့်အကောင့်တစ်ခုဖွင့်ပေးကာ သူမရဲ့ဒီဇိုင်းဆန်းအဝတ်အစားချုပ်လုပ်ပုံနှင့် ဝတ်စားဆင်ယင်ပုံတို့ကို အမြဲမျှဝေပေးခဲ့ရာ မြင်တွေ့သူတိုင်းရဲ့ ချီးမွမ်းခြင်းများစွာကို ခံခဲ့ရသည်။

1

2

3

4

5

6


Rain (For Ialinks)

Zawgyi





Rain (For Ialinks)

  • Leave a Comment

Categories